ယတြာထက်သာလွန်သော
-----------------------------------
ဆရာကြီးစန္ဒရဆိုတာက
မြန်မာပြည်ရဲ့
ဗေဒင်နဲ့ လက္ခဏာပညာမှာ
နိုင်ငံ့ခေါင်းဆောင်တွေ၊
သူဌေးတွေ၊
ရုပ်ရှင်လောကသားတွေနဲ့
ပြည်သူတွေပါ
လေးစားဂုဏ်ပြုခြင်းခံရတဲ့
တကယ့်ပါရမီရှင်
ပုဂ္ဂိုလ်တဦးပါ။
ဘယ်အသက်ရွယ်မှာသေမလဲ
ဘယ်အချိန်မှာဘာဖြစ်မယ်
ဘယ်အချိန်မှာအောင်မြင်မယ်
ဘယ်အချိန်ပြည်ပကို ခရီးထွက်ရမယ်
ဆိုတာကအစ အတတ်ဟောနိုင်တဲ့
အအောင်မြင်ဆုံး မြန်မာ့လက္ခဏာဗေဒင်ပညာရှင်။
ဒါပေမဲ့
သူ့ဟောခန်းမှာ
ရဟန်းသာမဏေများနဲ့
သီလရှင်များအားမဟောပါဆိုပြီး
ဆိုင်းဘုတ်ချိတ်ထားသတဲ့။
ဒါနဲ့ ပတ်သက်ပြီး ဆရာစန္ဒရ
မေးမြန်းကြည့်တဲ့အခါ....
တပည့်တော်က
ရဟန်းသာမဏေများနဲ့
သီလရှင်များကို
မကောင်းတဲ့အတိတ်နိမိတ်မြင်လို့
ကြိုတင်နိမိတ်ဖတ်ဟောတဲ့အခါ
လွဲတာကများတယ်။
ရဟန်းသံဃာများဟာ
နေ့စဉ်အမြဲ ဘုရားကို သောက်တော်ရေ၊
ပန်းတော်၊ ဆွမ်းတော်စတဲ့
ဘုရားဝေယျာဝစ္စ။
ပရိတ် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်တဲ့
ဓမ်မာနုဿတိ။
ကျောင်း အိပ်ရာနေရာ တံမြက်လှည်းခြင်းစတဲ့
ကုသိုလ်ကိစ္စတွေကို နေ့စဉ်မပြတ်
ပြုလုပ်ကြတာများတော့
နောင်ဖြစ်လာမည့် မကောင်းတဲ့
အတိတ်နိမိတ်တွေဟာ မဖြစ်နိုင်ကြတော့ဘူး။
ကုသိုလ်စရဏတရားတွေ
မပြတ်ပြုလုပ်နေသူတွေကို သူဟောရင်
လွဲတာက များတယ် တဲ့။
ဒါကြောင့် ရဟန်းသံဃာများနဲ့ သီလရှင်များကို
တပည့်တော် ဗေဒင်မဟောခြင်းပါလို့
ဆိုပါတယ်။
ဆရာကြီးဟာ
သူ့အသက် ၇၂နှစ်မှာ
သေမယ်လို့
သူ့ပညာအရသိတဲ့အခါ
ဗေဒင်လက္ခဏာ
ပညာကိုခဏရပ်နားကာ
ဆရာတော်ကြီးတွေရဲ့
အဆုံးအမကိုခံယူပြီး
အညာဘက်ကိုသွား
နွားတွေဝယ် ဘေးမဲ့လွတ်၊
#ရေးရှားတဲ့ဒေသတွေမှာ
#ရေတွင်းရေကန်တွေတူးလှူစတဲ့
ကုသိုလ်တွေကို ပြုလုပ်ခဲ့ပါတယ်။
အသက် ၇၂နှစ်မှာမသေခဲ့တဲ့အတွက်
သူ့ပညာတွေကို အပြီးအပိုင်
စွန့်လွတ်ပြီး ရဟန်းဝတ်ပါတယ်။
ရဟန်းဘဝနဲ့ ဗုဒ္ဓတရားတော်များက
လူတယောက်ရဲ့ကံဇာတာကို ပြောင်းလဲ
ပေးနိုင်ကြောင်း ဆောင်းပါးများကို ရေးသား
ခဲ့ပါတယ်။
အသက်၈၃နှစ်မှ ရွှေပြည်သာက
ဘုန်းတော်ကြီးကျောင်းတကျောင်းမှာ
လူကြီးရောဂါနဲ့ ပျံလွန်တော်မူခဲ့ပါတယ်။
ဆရာကြီးရဲ့ဘဝအတွေ့အကြုံ
သင်ခန်းစာတွေကို ကြည့်ခြင်းအားဖြင့်
ကုသိုလ်အလုပ်တွေကို
စဉ်ဆက်မပြတ်ပြုလုပ်နေသူတို့အဖို့
ကံဆိုး ကံညံ့တွေမကျရောက်နိုင်ဘူး။
မကောင်းတဲ့အတိတ်တွေ နိမိတ်တွေဟာ
အကောင်းဘက်ကို ရောက်ရှိသွားနိုင်တယ်
ဆိုတာတွေ့ရပါတယ်။
ဒါ့ကြောင့်
ကိုယ့်ဘဝမှာ မကောင်းတဲ့
အတိုက်အခိုက်တွေကြုံလာလို့ပဲ ဖြစ်ဖြစ်၊
အလုပ်အကိုင် အဆင်မပြေလို့ဘဲ ဖြစ်ဖြစ်၊ဗေဒင်ကကိုယ့်ကို ကံဆိုးကံညံ့နေတယ်လို့ ပြောရင်ဘဲဖြစ်ဖြစ်၊
အဆင်မပြေမှု့တွေ ကြုံလာတိုင်း
ဘုရားဝေယျာဝစ္စတွေ
ပရိတ်ပဌာန်းရွတ်တာတွေ၊
ရေအလှူ ၊ ဆေးအလှူ၊ လမ်းအလှူ
စတဲ့ ကုသိုလ်တွေကိုသာ အတတ်နိုင်ဆုံး
စွဲစွဲမြဲမြဲကြိုးစားအားထုတ်လိုက်ပါ။
ဒါဟာ ယတြာထက် ကောင်းတဲ့
ဘုရားပေးတဲ့ ယတြာပါဘဲ။
No comments:
Post a Comment