🌹🌹 စိတ်ကိုပြင်သင့်ပြီ 🌹🌹
🔹ဆင်းရဲတာမှ ဒုက္ခရောက်တယ် မထင်နဲ့❗
ချမ်းသာရင်လည်း ဒုက္ခရောက်နေတာပဲ။
🔸မုန်းမှ စိတ်ပူလောင်ရတာ မဟုတ်ဘူး❗
ချစ်ရင်လည်း စိတ်ပူလောင်ရတာပဲ။
လောကဓံတရား ရှစ်ပါး ဆိုတာ
ဆန့်ကျင်ဘက် တရားတွေပဲ
အပြန်အလှန် ဒုက္ခ ရောက်နေကြတာ
လောကဓံ မုန်တိုင်းနဲ့
ကြံ့ခိုင်သည့်စိတ်ထား
ဘယ်လိုထားမလဲဆိုတာပဲ
အရေးကြီးတယ် ။
သက်ဆိုးရှည်တယ် ဆိုတာ •••
လောဘ ဒေါသ မောဟ
အကုသိုလ် မကင်းပဲ နဲ့
အသက်ရှင်နေတာ။
သက်ကောင်း ရှည်တယ်ဆိုတာ •••
ကုသိုလ်ကောင်းမှုတွေများများလုပ်ရင်းနဲ့
အသက်ရှင်နေတာ။
ငွေ ၊ ဂုဏ် ၊ ရာထူး စည်းစိမ်
နောက်လိုက်ရင်းနဲ့
မိသားစုနဲ့ ဝေးသထက်
ဝေး နေကြရတယ် ၊
ကိုယ်ချစ်တဲ့ ခင်တဲ့သူတွေနဲ့
အတူမနေရတဲ့ နေ့တွေ ပိုများလာတယ်။
ကိုယ့်ဇာတိ ကိုယ့်အိမ်ယာမှာ
နေရတဲ့ ရက်တွေ မရှိသလောက်
ရှားလာတယ်။
ကုသိုလ် ကောင်းမှုတွေ လုပ်ဖို့
အချိန်မရှိသလောက် ဖြစ်လာတယ်၊
🌹 သာသနာ ထွန်းကားတယ် ဆိုတာ •••
အမှန်တရားကို သိရှိတာ
လက်ခံတာ လိုက်နာ ကျင့်သုံးတာ။
◾ သာသနာ ကွယ်တယ်ဆိုတာ
အမှန်တရားကို မသိတာ
လက်မခံတာ မလိုက်နာ မကျင့်သုံးတာ။
ကြောက်တဲ့ စိတ်နဲ့ ကြည့်ရင်
တစ်လောကလုံးက
ကြောက်စရာချည်းပဲ၊
သံသယ စိတ်နဲ့ ကြည့်ရင်
အရာရာဟာ သံသယ ဖြစ်စရာချည်းပဲ၊
အားကိုးချင်တဲ့ စိတ်နဲ့ ကြည့်ရင်
အကုန်လုံးက အားကိုး ချင်စရာချည်းပဲ၊
လိုချင်တဲ့ စိတ်နဲ့ကြည့်ရင်
အရာရာ လိုချင်စရာချည်းပဲ၊
စားချင်တဲ့ စိတ်နဲ့ ကြည့်ရင်
အရာရာ စားချင်စရာ ချည်းပဲ။
အရာရာစိတ်ပဲ
စိတ်က ဖန်ဆင်းထားတာပါပဲ
အရာရာ ရှိတာမဟုတ်ပဲ။
စိတ်ရဲ့သတ်မှတ်ချက်တွေပဲ ရှိနေတာ
စိတ်က လက်ခံရင် လက်ခံသလို
ဖြစ်တာပါပဲ ။
ဦးနှောက်နဲ့တော့ ဉာဏ်မှီမှာ
မဟုတ်ဘူး❗
🔹ဖန်ဆင်းထားတာတွေ
🔸သတ်မှတ်ထားတာတွေကို
ပညတ်/ ပရမတ် သိတာနဲ့လည်း
မမြတ်သေးဘူး❗
ပညတ် / ပရမတ်ကွဲတာနဲ့လည်း
မမြတ်သေးဘူး ❗
ပညတ် / ပရမတ် နှစ်ခုစပ်
သိတတ်သူက မြတ်တယ် ။
သတိမရှိရင်
၁စက္ကန့် /၁မိနစ်/ ၁နာရီ အတွင်းမှာ
အကုသိုလ် စိတ်တွေ
လှေတွေ လှည်းတွေ ကားတွေနဲ့
တိုက်လို့ မကုန်နိုင်အောင်
များလွန်းလှတယ် ။
သတိနဲ့ မနေတဲ့ စိတ်ဟာ
အရူး လိုပါပဲ ။
တရားအားထုတ်တယ်ဆိုတာ
စိတ်ကိုပြင်တဲ့ အလုပ်ပါပဲ ။
ဂေါတမမြတ်စွာဘုရား
နောက်ဆုံးသာသနာမှာ
စိတ်ကိုပြင်ဖို့ အရေးတကြီး လုပ်သင့်ပါပြီ။
မင်းကွန်းဆရာတော်ဘုရားကြီး
🙏🙏🙏
No comments:
Post a Comment