🌺🌺..ဇောတိကသူဌေး 🌺🌺
=============================
ဇောတိကသူဌေးဟာ ရာဇဂြိုဟ်မြို့သား ဖြစ်တယ်။ သူမွေးဖွားရာနေ့မှာ တစ်မြို့့လုံးက လက်နက်အားလုံးဟာ တောက်ပနေကြတယ်။
မြို့သူမြို့သားအားလုံးရဲ့ ကိုယ်မှာ ရောက်နေကြတဲ့ အဆင်တန်ဆာအားလုံးဟာလည်း အလျှံတောက်
သလိုဖြစ်ကာ အရောင်ကို လွှတ်ကြတယ်။
မြို့က တစ်ခဲနက်တောက်ပနေတယ်။ သူ့နာမည်ယူရာနေ့မှာ တစ်မြိုလုံးတစ်ခဲနက်တောက်ပနေတယ်။ ဒါကြောင့် ဇောတိက လို့နာမည်တွင်တယ်။
ဇောတိကမှာ ရတနာ ၇ပါးနဲ့ပြီးတဲ့ ဘုံ ၇ဆင့်ရှိပြသာဒ်ပေါ်ပေါက်လာသတဲ့။ ရတနာ ၇ပါးနဲ့ပြီးတဲ့ တံတိုင်း ၇ထပ်၊ တံခါး မုခ် ၇မုခ်၊ ရွှေအိုးကြီး ၄လုံး
ပေါ်ပေါက်လာသတဲ့လို့ ဗိမ္ဗိသာရမင်းက ကြားရပြီး သူဌေးအဆောင်အယောင်ထီးကို ပို့လိုက်တယ်။
သူဟာ ဇောတိကသူဌေးအမည်တွင်သွားတယ်။ တံတိုင်းတွေအဆုံးမှာ ပဒေသာပင်တွေလည်း ပေါ်ပေါက်လာကြတယ်။
သူ့မယားက သတုလကာရီမည်တဲ့ မြောက်ကျွန်းသူဖြစ်ပါတယ်။ နတ်တွေက သူမကို ဆောင်ယူပေးကြပါတယ်။ သူတို့့ဟာ ပတ္တမြားအရောင်နဲ့ နေကြပါတယ်။
မီးအရောင်၊ ဆီမီးအရောင်ကို သူတို့မသိကြပါ။ ဇောတိကရဲ့ စည်းစိမ်းက ဒီလိုသဘောရှိသတဲ့ လို့ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးမှာ ထင်ရှားတယ်။
လူအများက ယာဉ်စသည်တွေကို
တပ်ယှဉ်ပြီး ကြည့်ရှုဖို့ လာကြတယ်။
ဇောတိကသူဌေးက လာလာသမျှ လူတွေအား မြောက်ကျွန်းက ဆန်တွေနဲ့ ထမင်းချက်ခိုင်းပြီး
ပေးခိုင်းတယ်။
ပဒေသာသစ်ပင်တွေက အဝတ်တွေကို ယူကြလော့၊ အဆင်တန်ဆာတွေကို ယူကြလော့လို့ စေခိုင်းတယ်။ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးရှိ လူတွေက ဥစ္စာကိုယူပြီး
သွားကြတဲ့အခါ ရွှေအိုးမှာလက်တစ်
ချောင်းစာလောက်တောင် လျော့မသွားပါ။
အဇာတသတ်မင်းသားက ဒေဝဒတ်နဲ့ ပေါင်းပြီး ဖခင်ကိုသတ်ကာ မင်းအဖြစ်မှာ တည်တဲ့အခါ ဇောတိကသူဌေးရဲ့ ပြာသာဒ်ကြီးကို သိမ်းယူမယ်လို့ ကြံပြီး စစ်တပ်ကို့ ပြင်ဆင်ကာ ထွက်လာတယ်။
ပတ္တမြားတံတိုင်းမှာ အခြံအရံနဲ့တကွသော မိမိရဲ့အရိပ်ကို မြင်ရပြီး ဇောတိကသူဌေးဟာ စစ်တပ်ကို
ပြင်ဆင်ထားကာ စစ်သည်တော်အပေါင်းကို ခေါ်ပြီး ထွက်လာတယ်လို့ ထင်မှတ်ကာ မချဉ်းကပ်ဝံ့။
ဇောတိကသူဌေးကလည်း အဲဒီနေ့မွာ ဥပုသ်စောင့်ကာ နံနက်စောစောပဲ နံနက်စာစားပြီး ကျောင်းကိုသွားကာ ဘုရားရှင်ထံ တရားနာရင်း ထိုင်နေတယ်။
ပထမတံခါးမုခ်မှာ စောင့်ရှောက်တဲ့ ယမကောဠိ အမည်ရှိဘီလူးက အဲဒီအဇာတသတ်ကို မြင်ပြီး သင်ဘယ်သွားမလို့လဲလို့မေးကာ အခြံအရံပရိသတ်ပါ
ဖျက်ဆီးပြီး အရပ် ၈မျက်နှာတွေမှာ နောက်က
လိုက်တယ်။
အဇာတသတ်မင်းက ကျောင်းကိုပဲသွားတယ်။ အဲဒီအခါ ဇောတိကသူဌေးက အဇာတသတ်မင်းကို မြင်လျှင်မြင်ချင်းပဲ အရှင်မင်း၊ ဘာပါလဲလို့ပြောကာနေရာမှထပြီး ရပ်တယ်။
အရှင်မင်းက ကျွန်ုပ်ရဲ့အိမ်ကို သိမ်းယူဖို့ လာတာပါလား၊ ဟုတ်တယ် ၊ ကျွန်ုပ်ရဲ့အလိုဆန္ဒမပါဘဲ ကျွန်ုပ်ရဲ့အိမ်ကို သိမ်းယူဖို့ မင်းတစ်ထောင်ကတောင် မစွမ်းနိုင်ပါ အရှင်မင်း ။
သင်က မင်းဖြစ်မှာလား (အဲဒီလိုပြောပြီး အဇာတသတ် စိတ်ဆိုးတယ်)
ကျွန်ုပ်က မင်းမဟုတ်ပါ၊ ကျွန်ုပ်ရဲ့ဥစ္စာကို အမြိတ်ဆာပါတဲ့ ချည်ကိုတောင်မှ ကျွန်ုပ်ရဲ့ အလိုဆန္ဒမပါဘဲ မင်းတွေ၊ သူခိုးတွေဟာ မယူနိုင်ကြပါ ။
ငါဟာ သင့်ရဲ့ကြိုက်နှစ်သက်မှုကို ယူရမှာလား
အရှင်မင်း ဒီလိုဆိုရင် ကျွန်ုပ်ရဲ့ လက် ၁၀ချောင်းက ဒီလက်စွပ် ၂၀ကို သင့်အား မပေးပါ၊ စွမ်းနိုင်ရင် ယူပါ ။
အဲဒီအဇာတသတ်မင်းဟာ မြေကြီးပေါ်
ဆောင့်ကြောင့်ထိုင်ပြီး ခုန်ရင် ၁၈တောင်
ရှိရာအရပ်ကို တက်ရောက်တယ်။ ရပ်ပြီး
ခုန်ရင် အတောင် ၈၀ ရှိအရပ်ကို
တက်ရောက်တယ်။
အဲဒီလောက် အင်အားကြီးမားသူ
ဖြစ်ပေမယ့် နည်းမျိုးစုံနဲ့ ချွတ်ပေမယ့်
လက်စွပ်တစ်ခုကိုတောင် မချွတ်နိုင်ပါ။
အဲဒီအခါ အဇာတသတ်မင်းကို ဇောတိကသူဌေးက အရှင်မင်း၊အဝတ်ကိုဖြန့်ပါလို့ ပြောပြီး လက်ချောင်းတွေကို ဖြောင့်အောင်လုပ်လိုက်ပါတယ်။လက်စွပ် ၂၀လုံးပဲ ထွက်ကျလာကြတယ်။
အဲဒီအခါ အဇာတသတ်မင်းကို ဇောတိကသူဌေးက အရှင်မင်း၊ ကျွန်ုပ်ရဲ့ ဥစ္စာကို ကျွန်ုပ်အလိုဆန္ဒ
မပါဘဲ မယူနိုင်ပါလို့ပြောတယ်။
အဇာတသတ်မင်းရဲ့ အပြုအမူကြောင့် သံဝေဂဖြစ်ကာ အရှင်မင်း၊ ကျွန်ုပ်အား ရဟန်းဝတ်ဖို့ ခွင့်ပြုပါလို့ ပြောတယ်။
အဇာတသတ်မင်းက ဒီဇောတိကသူဌေး
ရဟန်းဝတ်ရင် ငါဟာ ချမ်းချမ်းသာသာ
ပြသာဒ်ကို ယူမယ်လို့ကြံကာ စကားတစ်ခွန်းနဲ့ပဲ သင်ဟာ ရဟန်းဝတ်ပါလို့ ပြောလိုက်တယ်။
ဇောတိကသူဌေးဟာ ဘုရားရှင်ထံ
ရဟန်းဝတ်ပြီး မကြာခင်မှာပဲ ရဟန္တာဖြစ်တယ်။ ဇောတိကမထေရ်လို့ အမည်တွင်တယ်။
ဇောတိကမထေရ် ရဟန္တာဖြစ်ရာခဏမှာပဲ အဲဒီစည်းစိမ်းအားလုံးလည်း ကွယ်ပျောက်သွားတယ်။ သူ့ရဲ့ သတုလကာယီမည်တဲ့ မယားကိုလည်း နတ်တွေ
က မြောက်ကျွန်းကိုပဲ သယ်ဆောင်သွားကြပါတယ်။
တစ်နေ့မှာ ရဟန်းတွေက ဇောတိက
မထေရ်ကို ခေါ်ပြီးမေးလို့ဖြေပေးရတယ်။
ငါ့ရှင်ဇောတိက၊ အဲဒီပြသာဒ်နဲ့ ဒီမိန်းမအပေါ် တပ်မက်တွယ်တာမှုတဏှာ သင့်မှာရှိပါသလား
ငါ့ရှင်တို့၊ တပည့်တော်မှာ မရှိပါ ။
ရဟန်းတွေက ဘုရားရှင်အား လျှောက်ထားလို့ ဘုရားရှင်ကမိန့်တော်မူတယ်။
မြတ်စွာဘုရား၊ ဒီဇောတိကရဟန်းဟာ မဟုတ်မမှန်တာကို ပြောပြီး အရဟတ္တဖိုလ်ကို ဖြေဆိုနေပါတယ် ။
ရဟန်းတို့၊ ငါ့ရဲ့သား ဇောတိကရဟန်းဟာ အဲဒီပြသာဒ်နဲ့ မိန်းမအပေါ် တဏှာမရှိတော့သည်သာ ။
ဒီလောကမှာ ဒွါရ ၆ပါးမှာဖြစ်တဲ့တဏှာနဲ့့မာနကို ပယ်စွန့်ပြီး လူဝတ်ကြောင်ဘဝကို အလိုမရှိလို့ ရဟန်းဝတ်လာတယ်။ တဏှာနဲ့ ဘဝကုန်ပြီးတဲ့ အဲဒီပုဂ္ဂိုလ်ကို ငါဘုရားက ရဟန္တာလို့ မိန့်တော်မူတယ်။
ဒီတရားဒေသနာအဆုံးမှာ လူအများဟာ သောတာပန် စသည်ဖြစ်ကြပါတယ်။
(ဓမၼပဒ၊ ႒၊ ဒု၊ ၄၃၆၊ ၄၄၆)
သာမဏေကျော်
Kht Ht - ရေးသားပူဇော်သည်။
ဇောတိကသူဌေး၏အတိတ်ဘဝ
ကုသိုလ်နှင့် ဆုတောင်း
******************
အဇာတသတ်မင်းဟာ အလွန်အင်မတန်မှ ချမ်းသာကြွယ်ဝတဲ့ ဇောတိကသူဌေးရဲ့ စည်းစိမ် ဥစ္စာတွေကို လိုချင်မက်မောပြီးသိမ်းပိုက်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြံရွယ်ခဲ့ပေမယ့် မအောင်မြင်ပါဘူး ။ သူကိုယ်တိုင် ဇောတိကသူကြွယ်နဲ့ တွေ့တဲ့အခါမှာ ဒီအကြောင်းကို ပြောပြပါတယ် ။
အဲဒီအခါမွာ ဇောတိကသူဌေးက အဇာတသတ်မင်းကို သူ့လက်မှာ ဝတ်ဆင်ထားတဲ့ လက်စွပ်ကို အရင် ရအောင်ချွတ်ယူပါဦးလို့ ပြောပါတယ် ။ ဒါပေမယ့် ဇောတိကသူဌေးရဲ့လက်စွပ်ကို ဘယ်လိုချွတ်ယူယူ မရပါဘူး။ ဇောတိက
သူဌေးကသူ့စိတ်ကနေလက်စွပ်ကိုကျွတ်
ပါစေလို့ စိတ်ညွှတ်လိုက်တဲ့အခါမှာတော့ လက်စွပ်ဟာအလိုလိုကျွတ်ကျသွားတော့
တယ် ။ အားကောင်းတဲ့ ရှေးဘုန်းရှေးကံ ကုသိုလ်နဲ့ ဆုတောင်းတစ်ခုကြောင့် အခုဘဝမွာ ဇောတိကသူဌေးအဖြစ်နဲ့ ပိုင်ဆိုင်ထားတဲ့ စည်းစိမ်ချမ်းသာတွေကို ဘယ်သူမွ ခိုးယူ လုယူ တိုက်ယူလို့ မရနိုင်ပါဘူး ။
ဇောတိကသူဌေးဟာ ဒီလို သူ့ရဲ့စည်းစိမ်ဥစ္စာတွေအပေါ်မှာ လိုချင်တက်မက်သူပေါများပြီး အန္တရာယ်ပေးနိုင်တာရယ် ရှေးပါရမီတွေရဲ့အရှိန်အဟုန်တွေကြောင့် ကျွတ်ထိုက်ချိန်တန်ပြီမို့ အခုဖြစ်စဉ်အပေါ်မှာ သံဝေဂရပြီးတော့ ဘုရားရှင်ထံမှာ အပြီးတိုင် ရဟန်းပြုခဲ့ပါတယ် ။
သူ့ရဲ့စည်းစိမ်ဥစ္စာတွေအပေါ်မှာ သူ့ရဲ့စိတ်က မတွယ်ငြိတော့ပဲ စွန့်လွှတ်လိုက်တဲ့စိတ်ဖြစ်ပေါ်လိုက်တာနဲ့ အလွန်များပြားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သူ့ရဲ့စည်းစိမ်ဥစ္စာတွေဟာ အလိုအလျောက် ပျောက်ကွယ်သွားပါတော့တယ် ။
တကယ်တော့ သူဟာ တစ်ခုသောရှေးဘဝမှာ ပစ္စေကဗုဒ္ဓတစ်ဆူကို ကြံချောင်းတစ်ချောင်း လှူဒါန်းခဲ့ပြီး ဤပြုသမျှကုသိုလ်ကြောင့် ဘဝဆက်တိုင်း လူ့စည်းစိမ် နတ်စည်းစိမ်ကို ခံစား စံစားရလျက် အဆုံးစွန်သော ဘဝတစ္ခုမွာ အရှင်ဘုရားကဲ့သို့သော အသိဉာဏ္ထူးကို ရရှိသိမြင်ရပါလို၏ လို့ ဆုတောင်းခဲ့ဖူးတာပါ ။
သူတောင်းခဲ့တဲ့ဆုအတိုင်း မရေတွက်နိုင်လောက်အောင် ဘဝပေါင်းများစွာ လူချမ်းသာ နတ်ချမ်းသာ စည်းစိမ်တို့ကို အကြိမ်ကြိမ်ခံစားရပြီး ယခု ဂေါတမမြတ်ဗုဒ္ဓ ဘုရားရှင်ပွင့်တော်မူတဲ့အခါမှာ ဇောတိကသူဌေးဖြစ်လာပြီး ဒီဘဝမွာပဲ မဂ် ဖိုလ္တရားထူးမ်ားကို ရရှိလျက် နိဗ္ဗာန်ကို မျက်မှောက်ပြုခွင့်ရခဲ့ပါတယ် ။
ဤ ဇောတိကသူဌေး၏ ဘဝဖြစ်စဉ်ကို လေ့လာသုံးသပ်ခြင်းအားဖြင့်
ဗုဒ္ဓဘာသာတွင် ဆုတောင်းခြင်းဆိုသည်မှာ ရှိပါသည် ။ ဘာသာခြားများ ဆုတောင်းခြင်းနှင့် အနှစ်သာရ ပုံစံ လုံးဝ မတူပါပေ ။
ဗုဒ္ဓဘာသာဆုတောင်းခြင်းဆိုသည်မှာ ဆုတောင်းခြင်းနှင့်အတူ ကုသိုလ္တစ္ခုကို ပြုပေးရပါမည် ။ အလှူခံပုဂ္ဂိုလ်က သီလ သမာဓိ ပညာတို့နှင့်ပြည့်စုံခြင်း l လှူသူက စေတနာ သဒ္ဓါတရားထက်သန်ခြင်း l သီလစင်ကျယ်ခြင်း l လှူဖွယ်ပစ္စည်း မွန်မြတ်သန့်ရှင်းခြင်း စသောအချက်တို့နှင့် ပြည့်စုံမှုရှိလျင် ရှိသလောက် ကုသိုလ်အကျိုးပေးက ထက်မြက်ပါလိမ့်မည် ။
လူ့စည်းစိမ် နတ်စည်းစိမ်တို့ကို ကုသိုလ်ပြုစဉ် အခါမွာ ဆုတောင်းယူက ပြည့်စုံနိုင်သလို နိဗ္ဗာန်ဆုကိုတော့ တိုက်ရိုက်တောင်းယူ၍မရနိုင်သော်လည်း နိဗ္ဗာန်ရောက်ကြောင်းအတွက် ထိုကုသိုလ်များသည် ပါရမီအဖြစ် အထောက်အပံ့ကောင်းများကို တော့ပေးစွမ်းနိုင်ပါသည် ။
နိဗ္ဗာန်သည် ကိုယ်တိုင် ကျင့်မှ ရမည်မှန်သော်လည်း ထိုကုသိုလ်များသည် နိဗ္ဗာန်အတွက် အချီးအနှီး မဖြစ်ပါပေ ။
ရှေးဆုတောင်း ရှေးကုသိုလ်ဘုန်းကံတို့ကြောင့် ရရှိလာသော ကြွယ်ဝချမ်းသာမှုကို သူတစ်ပါးတို့က လုယူဖ်က်ဆီး၍ မရနိုင်ပါပေ ။
ထို့ကြောင့် ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တို့ကို ပြုတိုင်းပြုတိုင်း မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်စူးခါ ဆုတောင်းလျက် ကုသိုလ်ပြုလုပ်ကြပါဟု ဤစာစုငယ်ဖြင့် ဆန္ဒပြု ရေးသားပူဇော်လိုက်ပါသည် ။
ရိုသေလေးစားစွာဖြင့် ဗုဒ္ဓကို သက်ဝင်ကြည်ညို
သူတစ်ယောက်
---------------
"ဇောတိကသူဌေး"
ဇောတိကအလောင်းသည် ကြံခင်းပိုင်ရှင် ဖြစ်ခဲ့၏။ တနေ့သ၌ ကြံတချောင်းကို ယူလာရာ လမ်းတွင် ဆုံမိသော ရှင်ပစ္စေကဗုဒ္ဓါတပါးကို လှူလိုက်၏။ ထိုကောင်းမှုကြောင့် နတ်ပြည်၌ အကြိမ်ကြိမ် ခံစား
ပြီးနောက် ဝိပဿီမြတ်စွာဘုရားပွင့်တော်
မူသောအခါ သူဌေးကြီးဖြစ်ပြီး ရတနာ
ခုနစ်ပါးအပြည့် ခင်းထားသော ကျောင်းတော်ကြီး ဆောက်လှူ၏။ ကျောင်းသို့ ရောက်လာသူတိုင်းကို အလိုရွိသမျှ ယူသွားစေ၏။ထိုအတွင်း ပုဏ္ဏားတယောက်သည် ဘုရားခြေတော်ရင်းကပတ္တမြားကို
ခိုးယူပြီးဝှက်ထားသည်ကို မြင်သောအခါ စိတ်မကောင်းဖြစ်ရ၏။ မြတ်စွာဘုရားထံချဉ်းကပ်၍နောင်ဘ၀အဆက်ဆက်ဘုရာ
းတပည့်တော်၏ပစ္စည်းမှန်လျှင် ချည်မျှင်
တမျှင်မျှ မယူနိုင်ပါစေသတည်း- ဟုဆုတောင်းသည်။ ထိုအခါ ဘုရားရှင်ကခွင့်ပြုတော်မူ၏။
ဂေါတမဘုရားရှင်လက်ထက်တွင် အလွန်ကြွယ်၀ချမ်းသာသော သူဌေးကြီးဖြစ်လာပြန်၏။ မြတ်ဗုဒ္ဓ သီတင်းသုံးရန်အတွက် ကျောင်းဆောက်ရန်မြေရှာ၍ ပြုပြင်ရာ သိကြားမင်းသည် လက်သမားအသွင် ဖန်ဆင်း၍သူဌေးထံချဉ်းကပ်လာ၏။ဤတွင်မြေပြုပြင်ရေးအစစအရာရာ
လိုလေသေးမရှိ စီမံရေး၊ကျောင်းဆောက်
ရေးတို့ကို စီစဉ်၍ ပြီးစေ၏။ ပြီးလျှင် ရတနာခုနစ်ပါးနှင့် ပြည့်စုံသော ဘုံခုနစ်ဆင့် ပြသာဒ်နှင့်တကွ ရတနာအမျိုးမျိုးဖြင့်စီခြယ်ထားသော အမိုးအကာ၊ နံရံ တံခါး လှေကား စသည်တို့ကို လိုလေသေးမရှိ
ထူးခြားအံ့သြဘွယ် ဖြစ်ပေါ်စေ၏။
တနေ့သ၌ ဇောတိက၏ကျောင်းကို ကြည့်ရန်
ကျောင်းတော်သို့ဗိမ္ဗိသာရမင်းကြီးရောက်လာ၏။သားတော်အဇာတသတ်မင်းသားငယ်ကိုလည်း လက်ဆွဲလျက် ခေါ်လာခဲ့၏။သားတော်သည်ချက်ချင်းအကြံပေါ်လာ၏။ ငါ၏ခမည်းတော်သည် ညံ့လှချေတကား၊ သူဌေးဆိုသူက ရတနာပြာသာဒ်နှင့် နေနိုင်ပါလျက် တို့ကတော့ သစ်သားနန်းတော်ဖြင့်သာ နေနိုင်၏။ ငါသာ မင်းဖြစ်ခဲ့လျှင် ဤအဆောက်အအုံကို သိမ်းယူမည်-ဟု စိတ်ကူးမိသည်။
အဇာတသတ်မင်းသားသည်ဖခင်မင်းကြီးကို သတ်ပြီးသောအခါ စစ်သည်ဗိုလ်ပါ စုဆောင်း၍ ဇောတိက နေအိမ်ကို တိုက်ခိုက်ရန် ရောက်လာ၏။ဤတွင် အရပ်လေးမျက်နှာ၌ နတ်ဘီးလူးများ ကာကွယ်
စောင့်ရှောက်နေသဖြင့် တံတိုင်းအနီးသို့ပင် ကပ်ရန် မတတ်နိုင်ပေ။ စိတ်ပျက်နေသော အဇာတသတ်သည် စစ်ရှုံး၍အပြန်တွင်ဝေဠု၀န်ကျောင်းတော်သို့၀င်ရာ ဇောတိကသူဌေးကို တွေ့ရသဖြင့် အမျက်ဒေါသ ဖြစ်သွားသည်။ သင်သည်
သူတော်ကောင်းယောင်ဆောင်၍ ဘုရားအနားကပ်နေ၏။ သင့်စစ်သည်များကို ငါ့စစ်သည်များနှင့် တိုက်ခိုက်ရန် စီမံထားခဲ့သည်မဟုတ်လော-ဟု စွပ်စွဲ၏။ ဇောတိကသည် သူမရှိမီ သူ့အိမ်ကို တိုက်ခိုက်ရန် အဇာတသတ်မင်း သွားသည်ကို ရိပ်မိ
လိုက်၏။
သူဌေးက အဇာတသတ်မင်းကို
"အရှင် ကျွန်တော်မျိုး သဘောမတူလျှင် ကျွန်တော်မျိုးပိုင်သောပစ္စည်း ချည်မျှင်တမျှင်မျှပင် ယူရန် မတတ်နိုင်ပါ။ ယခုကျွန်တော်မျိုး ၀တ်ထားသော လက်၀တ်ရတနာ စသည်တို့ကို အရှင်လိုချင်လျှင်
ဖြုတ်ယူကြည့်ပါ"-ဟုပြော၏။ အဇာတသတ်မင်းသည် အဖိုးမဖြတ်နိုင်သော လက်စွပ် ကျောက် စသည်တို့ကို အားရှိသမျှ အတင်းကြိုးစားဖြုတ်ယူရာ ချွေးဒီးဒီးပင် ကျလာသည်။ သို့သော်လည်း
ဇောတိကလက်ပေါ်ရှိ ပစ္စည်းများကားရွေ့လျား၍ပင် မလာပေ။ ထို့နောက်
အဇာတသတ်မင်းကိုကြည့်၍ လက်စွပ်အားလုံး ယူလိုလျှင် လက်ဝါးဖြန့်တော်မူပါ-ဟု ပြောပြီး သူ၏ လက်ကိုလှုပ်ခါချလိုက်ရာ လက်စွမ်များ အလွယ်တူ လျှောကျကုန်သည်။
ထိုအခါ ဇောတိကသူဌေးသည် လောကကြီး၌နေထိုင်ရန်ငြီးငွေ့သဖြင့် မြတ်စွာဘုရားထံ ခွင့်ပန်ပြီးရဟန်းပြုသည်။ ထို့နောက် တရားအားထုတ််ရာ မကြာမီ ရဟန္တာအဖြစ် ရောက်တော်
မူလေသည်။ ရဟန္တာဖြစ်သည်နှင့် တပြိုင်
နက် သူဌေး၏ကြီးကျယ်ဆန်းကြယ်သောဗိမာန်ကြီးနှင့် ခြွေရံသင်းပင်း ဆင်မြင်း ကျွဲနွား ရထား ဥယျာဉ် စည်းစိမ်တို့သည် အားလုံးပျောက်ကွယ်ကြလေသည်။ သီတင်းသုံးဖော် ရဟန်းများက"သင်၏
စည်းစိမ် ဥစ္စာ ရတနာအလုံးစုံကို သတိရပါသေးသလား"ဟု မေးသောအခါ ဘုရားရှင်က ငါ၏ သားတော် ဇောတိကသည် အရဟတ္တဖိုလ်သို့ ရောက်ပြီးဖြစ်၍တဏှာလောဘ သံယောဇဉ် အားလုံး ကင်းရှင်းလေပြီ-ဟုပြောကာ အောက်ပါဂါထာကို ဟောတော်မူလေ၏။
( ပါဠိဂါထာ )
ယောဓ တဏှံ ပဟန္တွာန ၊
အနာဂါရော ပရိဗ္ဗဇေ ။
တဏှာဘ၀ ပရိက်ခီဏံ ၊
တမဟံ ဗြူမိ ဗြာဟ္မဏံ ။( ၄၁၇ )
( မြန်မာပြန် )
ဤလောက၌ အကြင်ပုဂ္ဂိုလ်သည်
လူ့ဘောင်ကို စွန်ခွါ၍ရဟန်း ပြုလာ၏။
တဏှာကုန်ခန်းလေပြီးဖြစ်သော ထိုသူကို
ဗြာဟ္မဏ (သူတော်စင်) ဟူ၍ ငါဘုရား
ဟောတော်မူ၏။
( လင်္ကာ )
လူများဖြစ်ပွား၊ နှောင်ဖွဲ့များကို၊
ပယ်ရှားစွန့်ခွါ၊နတ်မှာဖြစ်ပွား၊
စည်းစိမ်များကို၊ ကျော်လွှား၍သာ၊
လွန်မြောက်လာလျက်၊
လေးဖြာယောဂ၊ ကင်းလွတ်ကမူ၊
ထိုသူကိုသာ၊ ငါက ဗြာဟ္မဏ၊
ခေါ်မြွက်ဟ၏။
( ဗြာဟ္မဏ၀ဂ် ဇောတိကတ္ထေရ၀တ္ထု )
ဓမ္မပျိုးခင်းမှ ကူးယူဝေငှပါသည်။
Credit..
No comments:
Post a Comment