စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, January 1, 2023

တွယ်တာမှုများလေဒုက္ခများလေ

တွယ်တာမူများလေ ဒုက္ခများလေ
_________________________

ဒါနကောင်းမှုပြုတဲ့အခါမှာ---
ဘာဖြစ်ချင်တယ်၊ 
ဘာရချင်တယ်ဆိုတဲ့ 
နောက်က လောဘ အကျိဓာတ်၊ 
အချွဲဓာတ်၊ အညှိဓာတ်၊ အစေးဓာတ် 
အဲဒါ ပါနေမယ်ဆိုရင် 
ဖြစ်လေရာဘဝမှာ 
ဒါနပြုထားသည့်အတွက်ကြောင့် 
ဒါနကောင်းမှုရဲ့ အကျိုးပေးကို 
သူ ရမယ်။ 

ဒါပေမယ်လို့ 
ဒါနကြောင့်ရထားတဲ့ 
အကျိုးရလဒ်တွေကို 
သူက အလွန်တရာမှ 
တွယ်တာ မက်မောလိမ့်မယ်တဲ့။

ကုသိုလ်လုပ်တုန်းက 
လောဘအစေး ခြံရံပြီး 
လုပ်ထားတဲ့အတွက်ကြောင့် 
ကုသိုလ်ရဲ့ အကျိုးကို 
ရပြီဆိုတော့လည်းပဲ 
ဒီ လောဘ အစေးဓာတ်ကြီးက
တွယ်တာနေတယ်၊ ကပ်ငြိနေတယ်။ 

သူတော်ကောင်း တရားနှင့် 
တွေ့တယ်ဆိုရင်တောင်မှ 
သူ အဲဒါကို မစွန့်ခွာနိုင်ဘူး။ 
အဲဒီမှာပဲ ငြိနေတယ်၊ ကပ်နေတယ်။

ငြိကပ်တွယ်တာနေတယ်ဆိုရင် 
ဒုက္ခဖြစ်တော့တာပဲလေ။ 

ပရိသတ်အပေါင်း 
သူတော်ကောင်းတို့ 
ပစ္စည်းတွေ ပေါးသော်လည်းပဲ 
အဲဒီ ပေါများနေတဲ့ ပစ္စည်းတွေရဲ့ 
အပေါ်မှာ ငြိကပ်တွယ်တာမှု မရှိဘူးဆိုရင် 
မကောင်းဘူးလား၊ ကောင်းတယ်နော်။ 

ငြိကပ်တွယ်တာနေမယ်ဆိုရင်တော့ 
နှမြောမှုတွေ၊ ဝန်တိုမှုတွေ၊ ငြိမှုတွေ၊ 
တွယ်မှုတွေနှင့် ဒုက္ခရောက်ရတယ်။ 

သူတော်ကောင်းတရားနှင့် 
တွေ့တဲ့အခါမှာ အဲဒီ လုပ်ငန်းကိစ္စတွေ၊ 
အဲဒီ အရာတွေရဲ့အပေါ်မှာ 
မစွန့်နိုင်ဘူး၊ မလွှတ်နိုင်ဘူး။

အရှင်ဥတ္တမ(သစ္စာရွှေစည်)

No comments:

Post a Comment