ပစ္စုပ္ပန်အတွေ့အကြုံကိုလေ့လာပါ
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
ပစ္စုပ္ပန်မှာ ကြုံတွေ့နေရတာကိုပဲ
လေ့လာနိူင်တယ်။
မကြုံတွေ့သေးတာရော ကြုံတွေ့ခဲ့ပြီး
တာပါ လေ့လာလို့ မရပါဘူး။
(မဖြစ်သေးတာ၊ ဖြစ်ပြီးတာတွေကို
ကြည့်လို့ မရပါဘူး)။
🔺ဖြစ်နေတာထဲမှာ ဝင်ပါ မသွားပါနဲ့။
ဖြစ်နေတာကို သိနေဖို့လေးပဲ ကြိုးစားပါ။
သိနေတာကို ပြန်သိနေရင်
တရားအားထုတ်နေခြင်းပဲ ဖြစ်ပါတယ်။
🔺စိတ်ကို သဘာဝအတိုင်း သူ့အာရုံသူ
ရွေးချယ်ပါစေ။
ကိုယ်က သတိ အရည်အသွေးကို
စစ်ဆေး သိရှိနေဖို့သာ လိုအပ်တာပါ။
ကိုယ့်သတိကို ကြည့်တတ်ရင်
သတိရှိနေတာ သေချာနေတယ်။
ခဏလောက် သတိ လွတ်သွားရင်လည်း
သတိ မရှိတာကို သိနေတယ်။
နေ့စဉ် ဘဝထဲမှာ သတိရှိဖို့
ခက်ခဲသော်လည်း ဒါကို စွဲစွဲမြဲမြဲ
လုပ်သင့်ပါတယ်။
သတိရှိဖို့ နည်းနည်း
ကြိုးစားတာနဲ့တောင်
ဘဝထဲမှာ သိသာတဲ့ ခြားနားမှု၊
ထူးခြားမှုကို အနှေးနဲ့ အမြန် ရရှိမှာပါ။
🔺ကိုယ် မြင်သင့်တယ် ထင်တဲ့
အာရုံတစ်ခုကို ကြည့်နေတာဟာ
တရား အားထုတ်နေတာ မဟုတ်ပါ။
သတိပဋ္ဌာန် အားထုတ်တယ် ဆိုတာ
ကိုယ့်ဆီမှာ ဖြစ်ပေါ်နေတဲ့
ဘယ် အာရုံကိုမဆို သတိ ထားနေရုံပါပဲ။
🔺တစ်ခုခုကို လေ့လာရင် ဒါကို
အမျိုးအမည် မတပ်ပါနဲ့။
ငါ၊ ငါ့ဟာလို့ မယူဆပါနဲ့။
သိစရာ၊ လေ့လာစရာ၊
နားလည်စရာလို့ပဲ
လက်ခံလိုက်ပါ။
🔺သတိရဲ့ အလုပ်က သိနေရုံပါပဲ။
ဉာဏ်ရဲ့ အလုပ်က သင့်မသင့်
တော်မတော် ခွဲခြားပေးပါလိမ့်မယ်။
🔺ဉာဏ်ရှိနေတိုင်း သတိ ရှိနေပါတယ်။
ဒါပေမဲ့ သိနေရုံနဲ့တော့ ဉာဏ်ရှိနေပြီလို့
မဆိုနိူင်သေးပါဘူး။
အစမှာ ဉာဏ်က သတိထက်
နည်းနည်း နောက်ကျပြီးမှ လာလိမ့်မယ်။ သို့သော် အားထုတ်ရင်း အားထုတ်ရင်း အချိန် ကြာလာတာနဲ့ အမျှ ဉာဏ်ဟာ
သတိနဲ့ တစ်ပြိုင်နက်တည်း
ဖြစ်ပေါ်လာလိမ့်မယ်။
ဦးတေဇနိယ ရွှေဥမင်
No comments:
Post a Comment