သံသရာဘုံမှာနေကြအုံးမယ်ဆိုရင်=========================
သံသရာဘုံမှာ ပျော်ကာမထွက်ချင်သေးဘူး
နေကြအုံးမယ်ဆိုရင် ဘဝမှပျော်နေကြရင်
သံသရာအတွင်းနေတုန်း မြတ်စွာဘုရားက
သက်သာတဲ့ နည်းလမ်းတစ်ခုပေးထားတယ်။
ချမ်းသာတစ်ခုကနေ ချမ်းသာတစ်ခုရောက်ဖို့
သံသရာထဲမှာဆိုရင် ကုသိုလ်များများလုပ်ပါ
အကုသိုလ်တွေကိုရှောင်ပါ။ အဲ့ဒါဆိုလို့ရှိရင်
ဒီပုဂ္ဂိုလ်ဟာ သက်သက်သာသာ သံသရာ
လည်ရတယ်။
နောက်ဆုံး သံသရာက ထွက်ပေါက်မရစေအုံး
တော့ လူဘဝကနေ နတ်ဘဝ နတ်ဘဝကနေလူဘဝ
လူဖြစ်ချီ နတ်ဖြစ်ချီ စုန်ချီဆန်ချီ သံသရာမှာ
ဟိုငရဲဘုံတွေ မရောက်အောင်မြတ်စွာဘုရားက
နည်းလမ်းပေးခဲ့တာပါ။
ထိုငရဲဘုံတွေကို မရောက်အောင် ကုသိုလ်
ကမ္မပတ္ထတရားဆယ်ပါးကို ပြုရမယ်။ ကုသိုလ်
ကမ္မပတ္ထတရားဆယ်ပါးကို အကျဥ်းချုပ်ပြော
မယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် စာထဲကဟာ
အသာထား ကိုယ်ဘာတွေးသလဲ မနောကံအနေနဲ့
ကိုယ့်ကိုယ်ကိုယ် တွေးတာကိုကြည့် ကိုယ်တွေးတာ
အပြစ်ရှိတဲ့အတွေးလား၊ အပြစ်ကင်းတဲ့အတွေးလား ဒီနှစ်ခုကြည့်။
အပြစ်ရှိတဲ့အတွေး ဆိုရင် အကုသိုလ်ကမ္မပတ္ထ
အပြစ်ကင်းတဲ့အတွေးဆိုရင် ကုသိုလ်ကမ္မပတ္ထ
ကြံတွေးနေတာ မနောကံ ပါးစပ်ကမပြောသေး
ဘူး၊ တွေးရုံတွေးတာ။
အဲ့ဒီတွေးတာက နှစ်မျိုးရှိတယ်။ အဲ့ဒီနှစ်မျိုးမှာ
သူများပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုတဲ့အတွေး
အဲ့ဒီအတွေးက မနောဒုစရိုက်လို့ခေါ်၍ သူက
အပြစ်ရှိတယ် အကုသိုလ်ဖြစ်တယ်။ သူတစ်ပါးကို
သေစေလို ပျက်စီးလိုတဲ့ ဒေါသနဲ့တွေးတဲ့အတွေးက
ဗျာပါဒလို့ခေါ်တယ်။ အဲ့ဒါလည်းပဲမနောကံဖြစ်
တယ်။ မနောဒုစရိုက်ထဲမှာ ဒါလည်းအပြစ်ရှိတယ်။
နောက်တစ်ခုက ကံတရားရဲ့အကျိုးကိုလက်မခံပဲ
ငြင်းပယ်တယ်။ လှူတာအကျိုးမရှိဘူး၊ အကြီး
အကျယ်လှူလည်း အကျိုးမရှိဘူး၊ လက်ဆောင်ပနာ ပေးတာ အကျိုးမရှိဘူးလို့ ဒါနကိုငြင်းပယ်တဲ့ ဒါနရဲ့
အကျိုးကိုလက်မခံဘူးဆိုတဲ ဒုစရိက်တွေနဲ့ နောက်
ကုသိုလ် အကုသိလ်တွေဟာ အကျိုးမရှိဘူးလို့
ဒီလိုထင်နေရင်လည်း မနောဒုစရိုက်ပဲ အပြစ်ရှိ
တယ်။
ဒါဘုရားက အပြစ်ရှိတယ်လို့ဟောတာ ဘုရား
ကြောင့် အပြစ်ရှိတာမဟုတ်ဘူး သဘာဝကိုက
အပြစ်ရှိတာ။ ကံတရားတွေရဲ့အကျိုးတွေကို
ငြင်းပယ်တယ်ဆိုတာ ကိုယ်လုပ်တာကို ကိုယ်
အသိအမှတ်မပြုတာပဲ။ ကိုယ်လုပ်တာကို ကိုယ်
အသိအမှတ် မပြုဘူးဆိုသူဟာ ဘယ်တော့မှ
လူကောင်းမဖြစ်ဘူး။
ဘာလို့လည်းဆိုရင် စဥ်းစားကြည့်လေ
ကောင်းတာရယ်မကောင်းတာရယ် သူက
မစဥ်းစားဘူး လုပ်ချင်ရာလုပ်တော့မှာလေသူက။
ကံ ကံ၏အကျိုးလက်ခံတဲ့သူကျ သူက အော်
မကောင်းတာလုပ်ရင်မကောင်းကျိုးရမယ်
ကောင်းတာလုပ်ရင် ကောင်းကျိုးချမ်းသာရမယ်
ဆိုတော့ ကောင်းတာတွေရွေးလုပ်တော့မှာပေါ့။
လူဆိုတာချမ်းသာချင်တယ်လေ ချမ်းသာခြင်း
အကြောင်းဖြစ်တဲ့ ကုသိုလ်ပဲရွေးလုပ်တော့မှာပေါ့။
ကောင်းတာတွေလုပ်နေမှ လူကောင်းဖြစ်တယ်ပေါ့။
မြတ်စွာဘုရားက မင်းဘာပဲလုပ်လုပ် မကောင်း
တာပဲလုပ်လုပ်၊ ကောင်းတာပဲလုပ်လုပ် မင်းလုပ်
သမျှက မင်းပဲပိုင်ဆိုင် ပြန်ရမယ်တဲ့။ အဲ့ဒီကိစ္စ
အကြောင်းကို ငြင်းပယ်တဲ့အယူဝါဒကို မိစ္ဆာဒိဌိ
လို့ခေါ်တယ်။ အဲ့ဒါ မနောဒုစရိုက်ထဲက မိစ္ဆာဒိဌိ
အဲ့သလိုမိမိသန္တာန်စိတ်တွေရှိနေသေးရင် အကုသိုလ်ကမ္မပတ္ထဆယ်ပါးတဲ့။ သူဟာကောင်း
ရာသုဂတိကိုမပို့နိုင်ဘူးတဲ့။ သူကနေ မကောင်းတဲ့
ဘုံဘဝတွေကိုပို့နိုင်တယ်။
ဒါက စိတ်အတွေးနဲ့ပတ်သက်တာ စိတ်အတွေးနဲ့
ပတ်သက်ပြီး ကမ္မပတ္ထတရားဆယ်ပါးကို ပျောင်း
ပြန် ပြန်လိုက် လူတော်လူကောင်းဖြစ်ဖို့ရာ ကုသိုလ်
ကမ္မပတ္ထဖြစ်အောင်ပြန်ရင် သူများပစ္စည်းကို
ကိုယ့်ပစ္စည်းဖြစ်လိုတဲ့ လောဘနဲ့အတွေးမတွေးဘူး။
သူများပစ္စည်းကို မတရားလိုချင်တဲ့စိတ် မထားဘူး။
လူတစ်ဦးတစ်ယောက်ကို စိတ်ဆိုးချင်ဆိုးမယ်
သိုု့သော် သေပါစေ ဒုက္ခရောက်ပါစေဆိုတဲ့စိတ်
မထားဘူး။
အော်နောက်တစ်ခု ကံ ကံ၏အကျိုးကို ငြင်းပယ်တာ မရှိဘူး၊ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်
မယ် မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်
ကောင်းကျိုးဆိုးကျိုးကို လုပ်သူနဲ့သက်ဆိုင်တယ်
ဆိုတဲ့မှန်ကန်တဲ့အမြင်ရှိမယ် အဲ့လိုရှိရင် မနောသုစ
ရိုက်၃ပါး ကုသိုလ်ကမ္မပတ္ထတရားသုံးပါးခေါ်တာပဲ။
ကောင်းပြီနောက်တစ်ခု လူတွေမှာ စိတ်ကနေတွေး
ပြီးတော့ ပြောကြတယ် ပြောတဲ့အခါပါးစပ်ကနေ
ပြောချင်ရာ ပြောလို့မရဘူးလေ စည်းကမ်းထား
ရတယ် နှုက်ကိစည်းကမ်းးထားတာကို မနော
သုစရိုက်လို့ခေါ်တယ်။ မနောသုစရိုက်ကို စည်းကမ်း
ပျက်သွားရင် ဝစီဒုစရိုက်ပေါ့။
အဲ့တော့ နှုတ်ကိုစည်းကမ်းထားတယ်ဆိုတာ
လိမ်မပြောဘူး မှန်တာပဲပြောမယ်။ တစ်ဦးနဲ့တစ်ဦးမတည့်အောင် ကုန်းမမချောဘူး ညီညွတ်အောင်သာ ပြောပေးတယ်။ သူများကို ဆဲရေးတိုင်းထွာ
ကြမ်းတမ်းစွာမပြောဘူး သိမ်မွေ့ယဥ်ကျေးတဲ့စ
ကားပဲ ပြောတယ်။ တရားလက်လွတ်စကား မပြော
ဘူး ဓမ္မလမ်းကြောင်းနဲ့အညီပဲပြောတယ်ဆိုတာ
ဒါဟာ နှုတ်ကိုစည်းကမ်းထားတာ။ အဲ့ဒီစည်းကမ်း
ပျက်သွားရင် ဝစီဒုစရိုက်လို့ခေါ်တယ်။
ဝစီဒုစရိုက်ကို ဏျင့်သုံးရင် မကောင်းတဲ့ဘုံဘဝ
ရောက်စေတဲ့ အကုသိုလ်တစ်ခုပဲပေါ့၊ လူတွေက တွေးပြီးရင်ပြော ပြောပြီးရင် လုပ်တတ်တယ်
အလုပ်လုပ်တယ် ကိုထိလက်ရောက်လုပ်တယ
ကိုယ်ထိလက်ရောက်လုပ်ရင်လည်း အပြစ်ရှိတဲ့
လုပ်မှုသုံးခုက ဘာတုန်းဆိုရင် သူများအသက်
သတ်တယ် သူများဥစ္စာခိုးတယ် သူတပါးသား
မယာပြစ်မှားတယ်။ ဒါက ကာယဒုစရိုက်သုံးပါး
ခေါ်တယ်။ သုစရိုက်ကြတော့ သူတပါးအသက်မ
သတ်ဘူး သူတပါးဥစ္ာမခိုးဘူး သူတပါးသား
မယား မပြစ်မှားဘူးဆိုတော့ သုစရိုက်ဖြစ်သွားပြီ။
ဒီတော့ ဒုစရိုက်ဆယ်မျိုး သုစရိုက်ဆယ်မျိုး
အဲ့ဒီ ဒုစရိုက် သုစရိုက်ကိုကျင့်သုံးရုံနဲ့ လူဘုံလူဘဝ
ရောက်နိုင်တယ်။
ဒါကြောင့်မို့ သံသရာထဲမှာနေရတုန်း ချမ်းချမ်းသာ
သာ နေချင်ရင် ဒုစရိုက်ကိုရှောင်ရမယ်။ သုစရိုက်
ကိုဆောင်ရမယ်။ အဲ့ဒီအတိုင်းလိုက်နာကျင့်သုံး
ရမယ် အဲ့ဒါဆို အာမခံချက်ရှိတယ်။ မကောင်း
တဲ့အလုပ်တွေကို မလုပ်ဘူးကောင်းတာနဲ့ပဲနေတယ်
ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကောင်းကျိုးချမ်းသာတွေ သေချာရမှာ ဖြစ်တယ်ပေါ့။ သံသရာ
ထဲမှာ ကောင်းကျိုးချမ်းသာနဲ့နေနိုင်တယ်။ သို့သော်
အဲ့ဒီလောက်နဲ့ မဂ်ဖိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်လားဆိုတော့ အခြေနေတစ်ခုလောက်ပဲ ပေးနိုင်သေးတယ်။ နိဗ္ဗာန်ကိုမျက်မှောက်ပြုလို့မရသေးဘူး။
ယခုနာကြားဖြစ်သည့်ပါမောက္ခချုပ်ဆရာတော်
ကြီး၏ တရားတော်မှ ပူဇော်ပါသည်။🙏🙏🙏
ချမ်းမြေ့ပါစေ..
credit..Win Bo Myint
No comments:
Post a Comment