🔹 ခုခေတ်မှာတော့
ဒါနကိုပြုရမှာ သိပ်ဝန်မလေးဘူး၊
ငါးပါးသီလထိန်းရမှာတော့
တော်တော့်ကို ဝန်လေးတယ်။
ဝေးဝေးမဟုတ်ပါဘူး ဘုန်းကြီးတို့ ဘာတို့ကို
ဆည်းကပ်ပြီးတော့နေတဲ့
အစိတ်အပိုင်းကတောင်
သူတို့ကြည့်တော့ သူတော်ကောင်း
ဘုန်းကြီးတို့ကို ဆည်းကပ်လို့
ငါးပါးသီလကို စျေးဆစ်ချင်ကြတယ်။
ဘုန်းကြီးကို ကြည်ညိုတယ်ဆိုရင်
ငါးပါးသီလလောက်ကတော့ ခိုင်ခိုင်မာမာကို
ထိန်းထားမှ အကြည်ညိုခံချင်တယ်။
ဘာဖြစ်လို့တုန်းလို့ဆိုတော့ ဘုန်းကြီးက
အရှည်လျှောက်တွေးတယ်ပေါ့လေ၊
ဒို့, ဘုန်းကြီး ကြည်ညိုလိုက်တာ၊
ဘုန်းကြီး အကြည်ညိုမှားလာလို့
ဘုန်းကြီးက ဒို့ကို သိပ်ပြီးမဆုံးမတာနဲ့
ဒီဘဝကြတော့ …
ဒို့ အောက်တန်းကျသွားတယ် လို့
ဒီလိုအဖြစ်မခံနိုင်ဘူးလေ။
ဒီတော့
မကြည်ညိုချင်ရင် နေတာကောင်းတယ်၊
ကြည်ညိုချင်လို့ရှိရင်တော့
ဘဝပြောင်းသွားတဲ့အခါမှာ ဂတိလွဲရင် ဘုန်းကြီးတို့မှာ တာဝန်ရှိတယ်။
ဒီတော့, ငါးပါးသီလလောက်ကတော့
နှစ်နှစ်ကာကာကြီးကို ထိန်းရမယ်။
နှစ်နှစ်ကာကာကြီး၊ စိတ်ပါလက်ပါကြီး၊
ဝမ်းမြောက်ဝမ်းသာကြီးကို ထိန်းရမယ်။
အဲဒီလိုပုဂ္ဂိုလ်တွေက ဂတိမလွဲဘူး။
တွေးကြည့်လိုက်တော့,
ငါ သဒ္ဓါတရားကလဲ အမှန်ကောင်းတယ်၊
ကံ ကံ၏အကျိုးကို သိပ်ယုံကြည်တာ၊
သီလကလည်း ကောင်းတယ်၊
ဥပုသ်သီတင်းတော့ အမြဲမစောင့်နိုင်ဘူး၊
လပြည့် လကွယ်တောင် မမှန်ဘူး၊
ထားလိုက်တော့။
ငါးပါးသီလတော့ ဘယ်တော့မှ မပျက်ဘူး၊၊
နတ်ဗြဟ္မာနန်း, ကပ်ခါမြန်းဘို့၊
အစွမ်းလောက်လုံ, ထိုကဲသို့သော
ကျေးဇူးဂုဏ်တို့သည်၊
ဘုရားအကြိုက် တရားလိုက်၍,
အားစိုက်နစ်လို့, ဤငါ့ကိုယ်မှာလည်း၊
အမြဲမပြတ် သတိချပ်၍ ရှိကြပေကုန်၏။
ဒါမှ ဝမ်းမြောက်စရာကောင်းတယ်။
🔹 သေမှာ, ကြောက်တယ်
ကြောက်တယ်ဆိုတာ တကယ်တော့
သေမှာကြောက်တာ မဟုတ်ဘူး။
သေတာကလည်း
ဘယ်လောက်မှ ကြာတာမဟုတ်ဘူး။
သေပြီးတော့
ဟိုမှာဖြစ်ရမှာတွေ ကြောက်နေတာ၊
လက်ရှိပစ္စည်းတွေလို မရှိပဲနေမှာ
အဲဒါ ကြောက်တာ၊၊
သေပေမယ့်လို့လေ ဟိုဘက်ကြလို့ရှိရင်
ဒီထက်သာမယ်ဆိုရင်,
အို … သေ, နှစ်ခါသေ, သုံးခါသေ,
ဆယ်ခါသေ ဘာအရေးကြီးလိမ့်မတုန်း၊
ဘုန်းကြီးက တာဝန်ခံတယ်၊
ငါးပါးသီလကိုသာလုံပါ၊
ခုလောက် သဒ္ဓါတရားတွေနဲ့ဆိုရင်
အင်မတန်ကို စိတ်ချရပြီ၊
ငါးပါးသီလသာလုံလေ
ငါးပါးသီလကျ မလုံဘူးဆိုရင်တော့
ဘယ်သူ့အတွက်မှ တာဝန်ခံလို့မဖြစ်ဘူး။
.
.
. { မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး }
🙏 🙏 🙏
.
. [ “ဘဝနေနည်း”တရားတော်မှ ပူဇော်ပါသည် ]
No comments:
Post a Comment