ဘာနဲ့ကာကွယ်ရသလဲ ဆိုရင်"
🙏🙏🙏🙏🙏🙏🙏🙏
ကံဆိုးမိုးမှောင် ကျလာတဲ့အခါ
ဖြစ်လာမယ့် အရိပ်အရောင်
ရှိပြီ ဆိုတဲ့ အချိန်မှာ
ဘာနဲ့ကာကွယ်ရသလဲဆိုရင်
ဘုရား ကို အာရုံပြုပြီး
ဗုဒ်ဓါနုူတိ ကို ပွားရမယ်။
ဘုရားရဲ့ဂုဏ်တော် တွေ ကို
အာရုံပြု၊ ကမ္မဌာန်းထိုင်၊
ဂုဏ်တော် တွေ ကို
နှလုံးသွင်း ဆင်ခြင်ပြီး
အချိန်များများ
မြတ်စွာဘုရား ကို ပူဇော်ရမယ်။
လုပ်ပြီးတဲ့အခါ
ကိုယ် လုပ်တဲ့...
ကုသိုလ် ကောင်းမှု ကို
ကိုယ် မမြင်ရတဲ့ သတ္တဝါတွေ၊
ကိုယ့် အနီးအပါး မှာ ရှိတဲ့
အိမ်စောင့်နတ် တွေ ကို
အမျှအတန်း ပေးဝေရမယ်။
အဲဒီ အမျှအတန်း
ပေးဝေခြင်းအားဖြင့်
ကိုယ် နဲ့ သူတို့ နဲ့ က
မိတ်ဆွေ ဖြစ်သွား တယ်။
ခင်မင်ရင်းနှီး မှု တွေ ရလာတယ်။
မိတ်ဆွေ ဖြစ်လို့ ရှိရင်
ကိုယ် အန္တရာယ် မရောက်အောင်
သူတို့က ကြည့်ရှုပေးတယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ
No comments:
Post a Comment