စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, July 16, 2024

ဒေဝဒတ်ဟာဘယ်ကျောင်းထွက်တုန်း

ဒေဝဒတ်ဟာဘယ်ကျောင်းထွက်တုန်း 
 -----------------------

တစ်ချို့သော 
အကြောင်းအရာတို့သည်
သာမာန် သမားတို့အဖို့ သာမာန် လောက်သာမြင်တတ်ပေမဲ့ .....? 
ဥာဏ် သမားတို့အဖို့မွာမူ ဥာဏ် မအားရလောက်အောင် ဖြစ်တည်မှုတွေရှိနေတတ် ပေ၏ ... ။

     
မြတ်စွာဘုရားက --
ဘာလို့ ဒေဝဒတ်ကို ရဟန်းဝတ်ပေးခဲ့ပါသလဲဟု
မေးပါတယ် ... ။

ဆရာတော်ဘုရားကြီး 
စင်ကာပူကြွ စဉ်အခါ က ဒီကိုရင်က မေးဖူးပါတယ် ... ။ 
အဲအဖြေကို ဒီနေ့မှ သဘောပေါက် နားလည် မိတယ် ... ။

ဒေဝဒတ်သည် 
နောက်ဆုံး မြေမျို နေချိန်တွင် နောင်တကြီးစွာရရှိပြီးနောက်ဆုံး 
ဂေါတမမြတ်စွာဘုရားအား 
ရှိခိုးဆည်းကပ်ပူဇော်သွားပါတယ် ... ။

ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ ၊
ဒဝေါတိဒဝေံ နရဒမ်မသာရတိ ံ၊
သမန်တစက်ခုံ သတပုညလက်ခဏံ ၊
ပါဏေဟိ ဗုဒ္ဓ သရဏံ ဥပေမီတဲ့

အဓိပ်ပါယျကတော့
သူ၏ အရိုးတွေ ၊ သူ၏အသားတွေ ၊ သူ၏အသက် တွေနဲ ဇီဝိတ တို့အား 
နတ်တကာ တို့၏ မြတ်တော်မူသော် ဆုံးမထိုက်သူအပေါ်၌ ကြီးမားလှသော် မဟာဂရုဏာ မေတ္တာတော်ကြီးဖြင့် ဆုံးမတော်မူတဲ့ 
သဗ္ဗုညုတ ဥာဏ်မျက်စိ ရှိတော်မူပြီး ဘုန်းလက္ခာမျိုးစုံ ပုဂ္ဂိုလ်မြတ်ဖြစ်သော် 

အရှင်ဂေါတမမြတ်ဘုရားအား နောက်ဆုံး ရှိခိုးပါ၏ ... ။

မြတ်ဗုဒ္ဓသည် 
ဤနောက်ဆုံးအချိန် 
သတိသံဝေဂ ရမည့် အချိန်လေးကိုရည်ရွယ်ကာ 
သင်္ကန်းဝတ်ပေးခဲ့ခြင်းဖြစ်ပါတယ် ... ။ 

လူဘဝမှာနေလည်း ဆိုး မှာဘဲ ရဟန်းဘဝရောက်ခဲ့ရင်လည်း 
ငါဘုရားကိုဆန့်ကျင် မှာဘဲ 
သို့ပင်မဲ့ 
ရဟန်းဘဝနဲ့ နောက်ဆုံး နောင်တရခြင်းမှသည် 
သံသရာမှ လွတ်မြောက်ပါလိမ့် ဟု 
ရည်ရွယ်ကာ ဝတ်ပေးခဲ့ခြင်းဖြစ်ပေတည်း ... ။

တစ်ခါတစ်လေ 
ဘုန်းကြီးတို့ ကျောင်းက 
ဆိုးသွမ်းတဲ့ ကိုယ်တော်လေးတွေ သတင်းကြားတယ်ဆိုလို့ရှိရင် ... 
ဟာ၊ 
ဘယ်ကျောင်းထွက် ဆိုးတယ် နဲ့
ပြောကြတယ်၊ 
ဘုန်းကြီးတို့က မေးတယ်။
မင်းတို့ 
အဲသလို ပြောစတမ်းဆိုလို့ရှိရင်
 ဒေဝဒတ်
ဘယ်ကျောင်းထွက်တုန်း လို့ ၊
ဒေဝဒတ်က
 ဇေတဝန်ကျောင်းထွက်ပဲလို့ ၊ 
အဲဒါဆိုရင်
 ဇေတဝန်ကျောင်း အပြစ်တင်ရမလား ၊
ဒေဝဒတ်
အပြစ်တင်ရမလား ၊ 
တချို့က ကျောင်းထွက်ဆိုပြီးတော့ ကျောင်းကို ပုတ်ခတ်ပြီးတော့ ပြောလေ့ရှိတာကိုး ... ။
ဒီတော့ ဒါတွေက မဆိုင်ဘူး ... ။

သို့သော်လည်း မြန်မာစကားမှာ ...
သားသမီးမကောင်း ၊ 
မိဘခေါင်း
တပည့်မကောင်း ၊ 
ဆရာ့ခေါင်း ဆိုပြီးတော့ ခေါင်းပေါ်တော့ ရောက်တာပေါ့နော် ... ။
အဲဒါဆိုရင်
 ဒေဝဒတ်မကောင်း 
ဘုရားခေါင်း ရောက်မှာပေါ့ ၊ အဲဒါကျတော့ ချန်ထားကြတယ် ... ။
ကာယကံရှင်ပုဂ္ဂိုလ်နဲ့ အများကြီးဆိုင်တယ် ... ။

ဒါကြောင့်မို့လို့ 
ဘုန်းကြီးတို့စာပေထဲမှာ . . .
ဥပဒေသမတ္တမေဝ ဟိ ပရာယတ်တာ
(ပရသ်မိံ ပဋိဗဒ်ဓံ)၊
အညာ သဗ္ဗာ သမ္ပတိ အတ်တာဓိနာ ဧဝ တဲ့ ၊
နည်းပေး ၊ လမ်းပြ 
လုပ်တာသည်ပင်လျှင်
ဆရာသမားနဲ့ ပတ်သက်ပါတယ်တဲ့ ... ။

အားလုံးအောင်မြင်မှုဟာ ကိုယ့်ပေါ် မူတည်ပါတယ်တဲ့ ... ။
ဆရာသမားဆိုတာ 
ဆုံးမသြဝါဒပေးရုံသာ တာဝန်ရှိတယ် လို့ ဒီလိုပြောတာ နော် ... ။
အခြားအောင်မြင်မှုဟာ ကိုယ်နဲ့ဆိုင်တယ်ပေါ့ ... ။ 
အောင်မြင်မှု ၊ ကျရှုံးမှု ဟာ 
ကိုယ်နဲ့ပဲဆိုင်တယ်ပေါ့ ... ။ ဒီလိုဆိုပါတယ် ... ။ 
ဒါက ပိုပြီးတော့ လက်တွေ့ကျတယ် ... ။

#ကျေးဇူးတော်ရှင်_ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ

Credit... 🙏🙏🙏

No comments:

Post a Comment