စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, July 1, 2024

အောင်ခြင်းရှစ်ပါးဂါထာတော်

အောင်ခြင်းရှစ်ပါးဂါထာ
🙏🙏🙏🙏🙏🙏🙏
မာရံ ယက်ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။
နာဂံ ဗကံ ဇိနော ဇိနိ၊ ဟောတု မေ ဇယ မင်္ဂလံ။ 

🙏🙏🙏🙏🙏🙏🙏🙏

(၁)ဇိနော-အောင်သူတကာတို့အထွတ် တမွတ်ဦးသျှောင် ဘုန်းခေါင်ဘုန်းဖျား ရှင်တော်မြတ်ဘုရားသည်။ 

မာရဉ္စ-ဂီရိမေခလာ ဆင်မဟာကို လျှင်စွာတက်စီး ပလ္လင်နီးဝယ် လေကြီးမိုးကြီးပြာပူမီးနှင့်မှောင်ကြီးတတန် ဓားလှံမကြွင်း ပစ်ကာခွင်းလျှက် အချင်းသိဒ္ဓတ္တ ပလ္လင်မြတ်မှ အမြန်ထလော့ စိမ်းမြညိုလွင်ဗောဓိပင်နှင့် ပလ္လင်တော်ကား ထင်အရှားပင် သင်ကားမဆိုင် ငါသာပိုင်ဟု စွဲကိုင်လက်နက် ရဲစစ်မက်ဖြင့် အောက်ထက်ဝန်းရံ သောသောညံအောင် အသံဟစ်ကြွေး မယဉ်ကြေးသည့် ရန်ဘေးတသင်း မာရ်နတ်မင်းကိုလည်းကောင်း။ 

(၂)ယက္ခဉ္စ- ဓားမိုးလှံမိုး မီးကျီမိုးကို ရွာဖြိုးသွန်းချ ယမ်းမီးကျသို့ ဒေါသပြင်းထန် ငါ့ဗိမ္မာန်မှ အမြန်ထွက်သွား နှင်ရက်အား
သည့် တရားကင်းကွာ ကြမ်းကြုတ်စွာသားအာဠာဝက တေဇထန်ပြင်း ဘီလူးမင်းကိုလည်းကောင်း။ 

(၃)ဂဇဉ္စ- အစွယ်ထက်ချွန် အရက်မွန်လျှက် အလွန်ဆိုးညစ် အမုန်ရစ်၍ ရှင်ချစ်သနင်းသုံးလူ့မင်းကို အတင်းအကြပ် ဝိညာဉ်ပြတ်အောင် ထိုးသတ်အံ့ငှါ ရှေးရှုလာသည့် နာဠာဂီရိ တောင်ရှိနီးနီး ဆင်ပြောင်ကြီးကိုလည်းကောင်း။ 

(၄)စောရဉ္စ- တဟုန်တည်းဖြင့် ခရီးဝေးကွာ သုံးယူဇနာကို လျင်စွာပြေးစွမ်း တောမြိုင်တန်းမှ လူဖမ်းလက်ဖြတ် သေအောင်သတ်၍
နန်းရပ်ကပျော် မွေးမယ်တော်ကို မြင်သော်စိုက်စိုက် ဓားဖြင့်လိုက်၍ မကိုဋ်ထွတ်တင် ဘုရားရှင်ကို အသင်ရှောင်ဝေး ဘယ့်ကြောင့်ပြေးဟု ဓားရေးပြကာ သတ်မည်လာသား လွန်စွာဆိုးဘိ အင်္ဂုလိခေါ်သူခိုးကျော်ကိုလည်ကောင်း။ 

(၅) စိဉ္စမာနဉ္စ- အလွန်ကောက်ကျစ် တိတ္ထိညစ်တို့ အပြစ်ရှာကြံ မကောင်းဥာဏ်ဖြင့် စီမံဆုံးဖြတ် စေလွှတ်လတ်၍ ပရိသတ်ထဲအရှက်ကွဲအောင် စွပ်စွဲတတ်စွာ စိဉ္စမာဟု သညာဖော်ထုတ် မိန်းမယုတ်ကိုလည်းကောင်း။ 


(၆)သစ္စကဉ္စ- မစင်မဖြူ တိတ္ထိယူဖြင့် မည်သူကိုမျှ မာန်မချဘဲ ဝါဒချင်းပြိုင် သူကပိုင်အောင် အနိုင်လွှမ်းမိုး အယူဆိုးသည့်တတ္ထိမျိုးမိုက် သစ္စက ပရိဗိုဇ်ကိုလည်းကောင်း။ 

(၇)နာဂဉ္စ- ဒေါသလွှမ်းမိုးမျက်စောင်းထိုးက အရိုးကြေမွ မွဲပြာကျအောင် တေဇထန်ပြင်း
နန္ဒောပနန္ဒ နဂါးမင်းကိုလည်းကောင်း။ 

(၈)ဗကဉ္စ- ဥာဏ်မြင်ကင်းကွာ အတ္တသာဟု မိစ္ဆာလွှမ်းမိုး အယူဆိုးသည့် တန်ခိုးအရောင် ထိန်ပြောင်ညီးညီး ဗကမည်သောဗြဟ္မာမင်းကြီးကိုလည်းကောင်း။ 

အဇီနိ- ဒိဋ္ဌိကိုချ ဒေါသကိုပယ် မာန်စွယ်ကိုချိုး သဒ္ဓါဖြိုး၍ ရှိခိုးတုတ်ကွ ပြားပြားကျအောင် ဆုံးမသွန်သင် အောင်ပွဲဆင်လေပြီ။
ဧတေန သစ္စာဝဇ္ဇေန
ဤသို့ဘုရားရှင်၏ များဖြင့်ဘုန်းဟုန် ကျေးဇူးဂုဏ်ကိုကြည်ယုံမယွင်း နှလုံးသွင်းလျှက် အောင်ခြင်းရှစ်ချက် ဂုဏ်တော်နက်ကို
နှုတ်မြွက်ဖော်ကြားသစ္စာစကား ကြောင့်။ 

မေ- အကျွန်ုပ်အား
ဇယမင်္ဂလံ- နှစ်ဖြာတွင်းပြင် ဘေးရန်စင်၍ လိုအင်ဆန္ဒ ဟူသမျှတို့ ပြည့်ဝစုံစွာ စန်းသော်တာသို့ အောင်ရာအောင်မှု အောင်ကြောင်းပြုသည့် အောင်ဆုရတနာ အောင်မြင်ခြင်းမင်္ဂလာသည်
ဟောတု- အမြဲမသွေ ဖြစ်ပါစေသတည်း ။ 
သာဓု သာဓု သာဓု

Ashin Yazar Nanda 
မဟာသတိပဋ္ဌာန်လမ်းမှန်ကျောင်း 

ဓာတ်ပုံ
ဆရာကြီးဦးအေးမြင့်
အမပူရ

No comments:

Post a Comment