စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, July 9, 2024

အစွမ်းထက်သောကာကွယ်မှု

 အစွမ်းထက်သော ကာကွယ်မှု 
🌺🌺🌺🌺🌼🙏🌼🌺🌺🌺🌺
 
နှစ်ပေါင်း ၆၀ ကျော်က 
 ရန်ကုန်က ပျံသန်းလာတဲ့
 ဒါကိုတာလေယာဉ်ကြီး 
 တစ် စီးဟာ ရာသီဥတုဆိုးရွားပြီး
 ရှမ်းပြည်နယ်က တောင်ထိပ်နဲ့ 
 တိုက်မိပြီး ပျက်ကျခဲ့ဘူးတယ်။

 အဲ့ဒီမှာ မန္တလေးသားတစ်ဦးဟာ
 ခရီး အစကတဲက 
 ဘုရားဂုဏ်တော်တွေ ရွတ်ဖတ် 
 ပွားများ လာခဲ့တယ်။

 လေယာဉ်ကြီး သိမ့်ကနဲဖြစ်ပြီး
 သတိမေ့သွားခဲ့တာ ။

 သတိလည်းရရော
 ခြံတစ်ခြံပေါ်မှာ တင်နေပြီး 
 လေယာဉ်တစ်စီးလုံးမှာ 
 သူတစ်ယောက်ပဲ
 အသက်ရှင်ကျန်ခဲ့တဲ့ သတင်းကို
 အဲ့ဒီတုန်းက သတင်းစာတွေမှာ
 ဖော်ပြခဲ့ဘူးတယ်။

 လောကမှာ မြင်ရတဲ့အန္တရာယ်,
 မမြင်ရတဲ့အန္တရာယ်တွေဟာ 
 ယနေ့ခေတ်မှာ ပိုပေါလာတယ်။

 ဗုဒ္ဓတရားတော်တွေကို 
 သက်၀င်ယုံကြည်သူတွေဟာ 
 ဘယ်နေရာသွားသွား
 ဂုဏ်တော်တွေ ပွားများကြလို့
 အန္တရာယ်တို့မှ 
 ကင်းလွတ်ကြတာအမှန်ပဲ။

 အန္တရာယ်ဆိုတာ မထင်မှတ်ပဲ
 ကြားဖြတ်၀င်လာတာမျိုးပဲ။

 ဒီဘေးအန္တရာယ်တို့မှ 
 ကာကွယ်နိုင်အောင် 
 မလွတ်သောသတိဖြင့် 
 ဘုရားဂုဏ်ကို အာရုံပြု၊
 တရားဂုဏ်ကို အာရုံပြု၊
 သံဃာ့ဂုဏ်ကို အာရုံပြုပြီး
 ထုံမွှမ်းထားသူတို့ဟာ 

 အပြင်ကလာတဲ့
 အန္တရာယ်လည်းမကျရောက်၊
 အတွင်းရန်တွေဖြစ်တဲ့ 
 ကိလေသာမီးတွေလည်း 
 လျော့ပါးစေပါတယ် ။

ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာနန္ဒမာလာဘိဝံသ
(ဓမ္မလက်ဆောင်)

No comments:

Post a Comment