စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, July 24, 2024

ကုသိုလ်ဖြစ်ပွား နှလုံးသွင်းတရားတော်

ကုသိုလ်ဖြစ်ပွါး_နှလုံးသွင်းတရားတော်

လောကမှာ မိသားစုမှာလည်းပဲ 
သံယောဇဉ်နဲ့ မနေဘဲနဲ့ မေတ္တာနဲ့နေလို့ရတယ်။

မေတ္တာနဲ့ နေတာက ပိုပြီးတော့ အဆင်ပြေတယ်။

သူ့ကောင်းကျိုးကို လိုလားတယ်။

ပတ်ဝန်းကျင်ကောင်းအောင် အာရုံစိုက် တယ်။

သံယောဇဉ်ဆိုတာက သူ့ ကို မြင်နေရမှ

မမြင် ရလို့ရှိရင် ကိုယ့်စိတ်ထဲမှာပူတယ်။

ကိုယ့်မျက်စိအောက် က ပျောက်နေလို့ရှိရင် 
ပူနေတယ်။

တစ်စုံတစ်ခုများ ဖြစ်သလားလို့တွေးတယ်။

ဒီလိုသောကတွေကို ဝေစေ တတ်တယ်။

ဒါကြောင့် အဲဒီ သောကဆိုတာတွေကို 
လျှော့ချချင်လို့ရှိရင်

ပစ္စည်းအပေါ် တွယ်တာတာပဲ ဖြစ်ဖြစ်
လူအပေါ် တွယ်တာတာပဲဖြစ်ဖြစ် 
အဲဒီ တွယ်တာမှုကို လျှော့ချနိုင်ရမယ်။

အဲဒီလို လျှော့ချဖို့ရန်အတွက် 
အမှန်အကန် စဉ်းစားတတ်ဖို့လိုတယ်။

အဲဒီလိုအမှန်အကန် စဉ်းစား ခြင်းဟာပဋိသင်္ခါနဗလ ဆင်ခြင်မှုစွမ်းအားလို့ ခေါ်တယ်။

အရေးအကြီးဆုံးက အဲဒီ အမှန်အတိုင်း ဆင်ခြင်စဉ်းစားနေတာ meditation (သို့မဟုတ်) contemplation ပဲဖြစ်တယ်။

ကမ္မဌာန်းတရား အားထုတ်တယ် ဆိုတဲ့နေရာမှာ 
အဲဒါပိုပြီးတော့ အဓိကကျတာ။

များသောအားဖြင့် concentration လုပ်တာကိုပဲ 
ကမ္မဋ္ဌာန်းထိုင်တယ်လို့ပဲ အများကပြောကြတယ်။

(၁၀)ရက်စခန်း ဝင်လိုက်တယ်။concentration ပဲ။

အာရုံတစ်ခုအပေါ်မှာ စိတ်ကို တည်ငြိမ်အောင်ကြိုးစားတယ်။

တစ်ခါတစ်ရံကျတော့ (၁ဝ)ရက်သာ 
ပြည့်သွားတယ် ။

concentration ဟုတ်တိ ပတ်တိ မရခဲ့ဘူး။

ပြန်ထွက်လာတယ်အသိဉာဏ် ပါမလာဘူး။

ဒုံရင်းအတိုင်းပဲပြန်ဖြစ်သွားတယ်။
တိုးတက်မှု မရှိဘူး။

အဲဒါကြောင့်မို့လို့ concentration ဆိုတာ 
မလုပ် ရဘူး မဟုတ်ဘူး၊လုပ်ရတယ် ။

contemplation လုပ်ရင်း ပါလာတဲ့ concentration ဟာလည်း အင်မတန် တန်ဖိုး ရှိပါတယ်။

contemplation ဆိုတာ ...
အခုပြောတဲ့ ဆင်ခြင်မှု စွမ်းအားတွေပဲ။

မှန်မှန်ကန်ကန် ဆင်ခြင် တတ်ရမယ်။

မှန်မှန်ကန်ကန် တွေးတောတတ်ရမယ်။

အဲဒီ မှန်မှန်ကန်ကန် ဆင်ခြင်ခြင်း၊ မှန်မှန်ကန်ကန် တွေးတောခြင်းဟာ 
အင်မတန်မှ တန်ဖိုးကြီးတယ်တဲ့။

အဲဒီတန်ဖိုးကြီးတဲ့ဟာကို ပညာလို့ခေါ်တာပေါ့။

အဲဒါ ကိုပဲ အနုပဿနာ လို့လည်းခေါ်တယ်။

အနုပဿနာ ဆိုတာ သင့်လျော်အောင် ဆင်ခြင်စဉ်းစား ရှုမြင် သုံးသပ်ခြင်း (သို့မဟုတ်) အဖန်ဖန်အထပ်ထပ် ရှုမြင် သုံးသပ်ခြင်းလို့ 
ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့။

မြတ်စွာဘုရားကတော့ အားလုံး ခြုံမိငုံမိအောင် သတိပဋ္ဌာန်တရားမှာ ကာယာနုပဿနာ၊ ဝေဒနာ နုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ လို့ အနုပဿနာ အာရုံလေးမျိုးပေးထားတယ်။

ဒီလေးမျိုးကလွဲပြီး မလုပ်ရဘူးလို့ 
ပြောတာတော့မဟုတ်ဘူး။

ဒီ ၄-နည်းထဲမှာ တစ်နည်းမဟုတ်တစ်နည်း အကျုံးဝင် တယ်လို့ ပြောတာ။

ခုနပြောနေတဲ့ ကိုယ့်ရဲ့သဘာဝတွေကို 
ဆင်ခြင် စဉ်းစားတယ်ဆိုတာ

အများအားဖြင့် ဓမ္မာနုပဿနာ ထဲမှာ အကုန်အကျုံးဝင်တယ်။

ပင်ပန်းတဲ့အရာလည်း မဟုတ်ဘူး။

အဲဒါကြောင့် အဖန်ဖန် အထပ်ထပ်ဆင်ခြင်သုံးသပ်ခြင်းဆိုတဲ့ contemplation ဟာ 
ဘဝမှာ အင်မတန် တန်ဖိုးရှိတယ်။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ 

🙏🙏🙏

#crd

No comments:

Post a Comment