သေခြင်းနဲ့စွန့်မှာလား...
🌾🌾🌾🌾🌹🌾🌾🌾🌾
ပိုင်ဆိုင်မှုဆိုတဲ့ အနေအထားကြီးက ကိုယ်က အသုံးမချလိုက်နိုင်လည်းဘဲ တစ်ချိန်ကျရင်တော့
ပျက်စီးသွားမှာပဲ။
ပြောချင်တာက ကိုယ်က မစွန့်ရင်လည်းတစ်ချိန်ကျရင်တော့
စွန့်ခဲ့ရမှာပဲ။ ဒါကို သဘောပေါက်စေချင်တာ။
ကိုယ်က အတင်း ဖက်တွယ်ထားသော်လည်းပဲ တစ်ချိန်မှာ စွန့်လွှတ်ခဲ့ရမှာပဲ။
အဲဒါ ဘာဖြစ်လို့ စွန့်လွှတ်ခဲ့ရမှာလဲလို့ မေးရင် မရဏမီးလောင်သွားလို့ပဲ။
ကိုယ့်အိမ်မှာ ရှိတဲ့ပစ္စည်းတွေက
ကိုယ် မသေခင်မှာကိုပဲ
ရန်သူမျိုးငါးပါး ဖျက်ဆီးလို့
ပျက်စီးတာတွေ ရှိတယ်။
တချို့ကျတော့လည်း
ကံကောင်းတဲ့အတွက်ကြောင့်
ဒီဘဝမှာ ရှာထား,ဖွေထားတာလေးတွေကိုဘယ်ရန်သူမျိုးမှ
ဖျက်ဆီးတာ မရှိဘူး။ မပျက်စီးဘူး။
ဘယ်သူမှ မဖျက်ဆီးသော်လည်းဘဲ ကိုယ် ပျက်စီးပြီ,ကိုယ် သေပြီဆိုရင်တော့ အဲဒီပစ္စည်းတွေက
ကိုယ့်အတွက်တော့ ပျက်စီးသွားတာနှင့် အတူတူပဲ။
ပကတိအိမ်ကြီး မီးလောင်ရင်
ဆွဲထုတ်နိုင်တဲ့ ပစ္စည်းက
ကိုယ့်ပစ္စည်း,ကိုယ်သုံးလို့ ရတယ်။
ဆွဲမထုတ်နိုင်ရင်တော့
မီးထဲ ပါသွားမယ်။
ကိုယ့်ဘဝမှာလည်းပဲ ပိုင်ဆိုင်မှုတွေဆိုတာ တစ်ချိန်ကျရင် စွန့်ခဲ့ရမယ့် ,
သေချာပေါက် ကိုယ့်အတွက်ပျက်စီးသွားမယ့် အရာတွေ။
အဲဒီတော့ ပျက်စီးမှုဆိုတဲ့ မီးကြီး
မလောင်သေးခင်မှာ ကိုယ်က ပေးကမ်းမှုဆိုတဲ့ ဒါနကောင်းမှုကို ပြုပြီး ကိုယ့်အတွက် အသုံးတည့်အောင် လုပ်ထားနိုင်မယ်ဆိုလို့ရှိရင် အကျိုးရှိတယ်။
ဒါကြောင့် မီးလောင်နေတဲ့ အိမ်ကြီးဆိုတဲ့ဥပမာကို စဉ်းစားပြီးတော့
ငါ အသုံးမချရင် ဒါတွေဟာ မီးထဲ ပါသွားမှာပဲ ဥဆိုတာကို နားလည်ဖို့ လိုအပ်တယ်။
ဒါကြောင့် မီးထဲ မပါသေးခင်မှာ
သုံးလည်း သုံးရမယ်။ပေးလည်း ပေးရမယ်။ ကောင်းကောင်းအသုံးချနိုင်ဖို့ လိုတယ်။
သို့သော်လည်းပဲ
သဘာဝကျတဲ့ ဒီအမြင်ကို
လောဘနှင့် ယှဉ်ပြီးတော့
တွေးမယ်ဆိုရင်
သိပ်ပြီးတော့ လက်ခံနိုင်မှာ
မဟုတ်ဘူး။
ငြိကပ်တွယ်တာမှုတွေနှင့်
စဉ်းစားမယ်ဆိုရင်တော့
သိပ်ပြီးတော့ စိတ်ထဲမှာ သဘောကျမှာ မဟုတ်ဘူး။
သို့သော်လည်းပဲ
ဒါဟာ စစ်မှန်တဲ့
ကောင်းကျိုးချမ်းသာကိုရနိုင်တဲ့
သဘာဝကျတဲ့ အမြင်တစ်ခုသာ
ဖြစ်တယ်။
အရှင်ဥတ္တမ(သစ္စာရွှေစည်)၏
"မီးလောင်အိမ်"တရားတော်မှ
ကူးယူဖော်ပြသည်။
No comments:
Post a Comment