ပုဂ္ဂိုလ်တွေကတော့ ဆိုးတာနဲ့ တွေ့တဲ့အခါမှာ
'တို့ ဆိုးတယ်,ကံဆိုးတယ်'ဆိုပြီးတော့စိတ်ဓာတ်တွေကျ။ စိတ်အားတွေငယ်, ဒေါသ, ဒေါမနဿတွေ ပွားပြီးတော့ ဟိုလူ မကျေနပ်,ဒီလူ မကျေနပ်။ ဘာအကျိုးမှ မရှိဘဲနဲ့ မိမိကိုယ်ကိုယ်မိမိ အကုသိုလ် ဒုစရိုက်တွေ ပြုပြီးတော့ ပို၍သာ
နစ်မွှန်းသွားကြတယ်။ ဉာဏ်မရှိတဲ့
ပုဂ္ဂိုလ်တွေကျတော့ ဆိုးတာနဲ့တွေ့တော့လည်း ဒေါသတွေ, မာနတွေနဲ့ပိုပြီးတော့ နစ်မွှန်းသွားတယ်။ ကောင်းတာနဲ့တွေ့ တော့ကော
ကောင်းတာတွေ့တော့ကော လူမိုက်တွေ ဉာဏ်နည်းတဲ့ ပုဂ္ဂိုလ်တွေကျတော့ ဘဝမေ့,ခြေဖျားထောက်ပြီးတော့ မာနတွေ,လောဘတွေနဲ့ ယစ်မှုးပြီးတော့ လူ့ဘဝရဲ့တန်ဖိုးကို ပြည့်ပြည့်ဝဝအသုံးချခွင့်
မရဘဲနဲ့ အဲဒီ အပေါ်ယံအကောင်းထဲမှာ နစ်မွှန်းသွားတယ်။
အဲဒီတော့ လူမိုက်တို့ရဲ့သဘာဝ,
ပညာနည်းနဲ့ပုဂ္ဂိုလ်တွေရဲ့ သဘာဝကျတော့ ဆိုးတာနဲ့တွေ့လည်း သူ့ဘဝက အရှုံးပဲ။ကောင်းတာနဲ့တွေ့လည်း သူ့ဘဝက အရှုံးပဲ။ ဘာကြောင့်လဲဆိုတော့ ဉာဏ်မှ မရှိတာကိုး။ ဉာဏ်ဆိုတာ ဘာလဲဆိုတော့ အမှန်ကို သိတာကို ဉာဏ်ခေါ်တာ မဟုတ်လား။
ပညာရှိသူတော်ကောင်းတွေကျတော့ အဲသလို မဟုတ်ဘူး ၊ ပြောင်းပြန်။ ဆိုးတာနဲ့တွေ့လည်း 'တို့ ဆိုးတယ်'လို့ စိတ်ဓာတ်တွေကျ, အားတွေငယ်, ဒေါသတွေ ,
မာန်မာနတွေ အဲသလို ဖောက်လှဲဖောက်ပြန်
နိမ့်ကျမသွားဘဲနဲ့ အဲဒီဆိုးတာကို
လှေကားထစ်သဖွယ် အသုံးချပြီးတော့
အဲဒီဆိုးမူတွေထဲကနေ လွတ်မြောက်အောင်
ရုန်းထွက်ပြီးတော့ မြင့်မြတ်တဲ့ အခြေအနေတွေ
ဖြစ်အောင် ဖန်တီးနိုင်တယ်။
သစ္စာရွှေစည်ဆရာတော်
ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ တရားတော်မှ ကူးယူပူဇော်သည်။
No comments:
Post a Comment