စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, July 2, 2024

သရဏဂုံကိုယ်လုံးခြုံ

သရဏဂုံ ကိုယ်လုံးခြုံ
🌹🌹🌹🙏🌹🌹🌹
ဘုရားဂုဏ် တရားဂုဏ်
သံဃာ့ဂုဏ် ကို အာရုံပြုထားပါ။

မိမိတို့ ရှိခိုးပြီး
အဓိဋ္ဌာန်တင်နေချိန်မှာ
မိမိက သရဏဂုံနှင့် 
ဂုဏ်တော်ကို ထုံမွမ်းထားပြီး

သရဏဂုံတည်ပြီဆိုမှဖြင့်
မိမိဘာပဲ အဓိဋ္ဌာန် 
အဓိဋ္ဌာန် ကြံတိုင်းအောင် 
ဆောင်တိုင်း မြောက်တော့တာပေါ့။

သရဏဂုံ၊ ကိုယ်လုံးခြုံ၊ 
လုံးစုံသိဒ္ဓိဟိတ် လို့
ဆိုထားတယ် မဟုတ်လား။
အဲဒါ ခြုံးထားလိုက်ပေါ့။

အန္တရယ်ကင်း၊ ကပ်ကျော်နင်း၊
ပေါခြင်းလာဘ်မဆိတ်တဲ့။
အဆန်းလည်း မရှိပါဘူး။
အဲဒါ သရဏဂုံ ရိုးရိုးကလေးကိုပဲ
ပေါက်မြောက် အောင်မြင်အောင် 
ပွားများအားထုတ်ပါဦး။

      ကုံလုံဆရာတော်ဘုရားကြီး(၁၂၆၉-၁၃၆၅)

🙏🙏🙏🙏🙏🙏🙏🙏
အရှင် ရာဇာနန္ဒ

No comments:

Post a Comment