ဥပါဒါန်နည်းရင် နည်းသလောက်
ဘဝမှာ နေရထိုင်ရတာ လွတ်လပ်မယ်၊ ပေါ့ပါးမယ်၊ သက်သာမယ်၊ ချမ်းသာမယ်။
အစွဲဥပါဒါန် အားကြီးရင်
ဘဝမှာ နေရထိုင်ရ မလွတ်လပ်ဘူး။ လေးလံတယ်။ ပင်ပန်းတယ်။ ဆင်းရဲတယ်။
ဒါတင်မကဘူး၊ စွဲလမ်းမှု အားကြီးတဲ့ ပုဂ္ဂိုလ်များဟာ ကိုယ့်အသိုင်းအဝိုင်းထဲက တစ်စုံတစ်ယောက် ပျက်စီးပြီးဆိုရင် အကြီးအကျယ် ပူလောင် ဆင်းရဲကြရတယ်။
ကိုယ်ကိုယ်တိုင် ပျက်စီးရတော့မယ့်
အနေအထားဆိုရင်တော့ ပြောစရာ မရှိဘူး။ ထောက်တည်ရာ မရဘဲနဲ့
အလွန် တုန်လှုပ် ချောက်ချားပြီး
ဆင်းရဲကြရမှာ ဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခုစဉ်းစားစရာ ရှိတာက ကိုယ့် အသိုင်းအဝိုင်းထဲက တစ်စုံတစ်ယောက် ပျက်စီးတယ်ဆိုတာ အဲဒီတစ်စုံတစ်ယောက်နဲ့
ကိုယ်နဲ့ ခွဲရတာ။ ကိုယ်ကိုယ်တိုင် ပျက်စီးပြီးဆိုရင် အားလုံးနဲ့
ကိုယ်နဲ့ ခွဲရမှာ။ ကိုယ်နဲ့ တစ်ယောက်နဲ့ ခွဲရတာတောင်
ဆင်းရဲရတယ်ဆိုရင် ကိုယ်နဲ့ အားလုံးနဲ့ ခွဲရမယ်ဆိုရင် ဘယ်လောက် ဆင်းရဲရမလဲ။
အဲဒီအချက်လေးကို စဉ်းစားစေချင်တာ။ကိုယ် ပျက်စီးတာဟာ ကိုယ့်အတွက် အထိခိုက်ဆုံး ဖြစ်လိမ့်မယ်ဆိုတာကို ပြောချင်တာပါ။
သစ္စာရွှေစည်ဆရာတော်
No comments:
Post a Comment