ဖြစ်နေကြတာပါ။
"မာနမညနာ" - ဘဝတစ်ခု
ရလာပြီဆိုရင် လူတွေရဲ့သက်တမ်းက ဘယ်လောက်ပဲရှိရှိ သေမယ့်ရက်ကို ဘယ်သူမှ မစဉ်းစားနိုင်ကြဘူး။ သိလည်း မသိကြဘူး။
ဘ၀ ရလာတာနဲ့ လူတိုင်း လူတိုင်းဟာ နိစ္စထာဝရ မသေတော့မယ့်ပုံမျိုးပဲ နေကြတယ်။
မအိုမယ့်ပုံ
မသေမယ့်ပုံနဲ့ လုပ်ကိုင်ဆောင် ရွက်နေတာတွေကို ကြည့်ရင် သေခြင်းတရားကို တွေးပြီးကြောက်နေတယ်ဆိုတာ မရှိဘူး။
ဘုန်းကြီးတို့ တစ်ခါတစ်ခါ မြင်မိတယ် ။
ကြက်ကလေးတွေ ဖမ်းပြီး ခြင်းတောင်းထဲ ထည့်ထားတယ်။ အဲဒီ ကြက်က လေးတွေဟာ ခြင်းတောင်းထဲကနေပြီး
တွန်နေကြတယ်။ တစ်ကောင်နဲ့ တစ်ကောင် ဆိတ်ကြတယ်။ ကြည့်လိုက်တဲ့အခါ သူတို့မှာ စိတ်ညစ်နေတဲ့ပုံ မရှိဘူး။ ပျော်နေကြတဲ့
ပုံပဲရှိတယ်။
ဘာဖြစ်လို့တုန်းဆိုတော့ သူတို့မှာ "တို့ သေရတော့မှာပဲ" ဆိုတဲ့ အတွေးမရှိလို့ပဲ။
ဒီခြင်းတောင်းထဲ ရောက်လာတာကို ဘာကြောင့် ရောက်တယ်။
ငါတို့ မကြာခင် ဘာဖြစ်မယ်ဆိုတဲ့ အသိစိတ်က မရှိဘူး။
ရလာတဲ့ အချိန် ပိုင်းလေးမှာ ပျော်ဖို့ပဲ စိတ်ထဲမှာ ရှိနေကြတယ်။
အဲဒီလိုပဲ ပုထုဇဉ်သတ္တဝါတွေ ဘဝတစ်ခုရလာရင် ဒီဘဝကြီးဟာ နိစ္စထာဝရလို့ အောက်မေ့လာတယ်။
စည်းစိမ်ချမ်း သာတွေ ရလာလို့ရှိရင်လည်း ထာဝရစည်းစိမ်ကြီးလို့ သတ်မှ တ်လာကြတယ်။
လူတွေက ရာထူးဌာနန္တရ ရလာလို့ရှိရင်လည်း ထာဝရကြီးလို့
ဒီလိုထင်ကြတ ယ်ပေါ့။
အဲဒီလို အထင်တွေ ရောက်လာတဲ့အခါကျတော့ ဘာဖြစ်တုန်း
ဆိုလို့ရှိရင် မာနဆိုတဲ့ အထင်အမြင်တွေ ဝင်လာတယ်။ အထင်မှားမှုတွေ ဝင်လာတယ်။
မာနဆိုတဲ့ အထင်မှားမှုတွေကြောင့် ဟောဒီသက္ကာယကို စည်းစိမ်ချမ်း သာ ခံစားစရာကြီးအဖြစ်
လူတွေက ယူဆလာကြတယ်။
ကိုယ့်ခန္ဓာနဲ့ မောက်မာလာကြတယ်။ လှတဲ့လူကလည်း အလှမာန် တက်လာတယ်။
ငယ်ရွယ်တဲ့သူကလည်း ယောဗ္ဗနမဒ ဆိုတဲ့ ငယ်ရွ ယ်မှုမာန်တွေ တက်လာတယ်။
ပညာတတ်တဲ့ သူကလည်း ပညာမာန်တွေ တက်လာတယ်။
ရာထူးအာဏာ
ရှိသူကလည်း ရာထူးအာဏာမာန်တွေ တက်လာတယ်။
ဒါ အထင်မှားနေလို့ မာန်တက်နေကြတာ။
"တို့ဟာ တစ်ခဏလေးပါလား"ဆိုတာ မစဉ်းစားမိဘူး။
မစဉ်းစားမိသည့် အတွက် နိစ္စထာ ဝရလို့ထင်ပြီး မာန်မာနတွေ တက်နေကြတာတဲ့။
အဲဒီ မာန်မာနတက်တာ ဥပမာ ဘာနဲ့တူတုန်းဆိုရင် မစင်အညစ် အကြေးကို
စားတဲ့ သတ္တဝါတစ်ကောင်ဟာ မစင်ပုံကြီးပေါ် ရောက်တဲ့အခါ နိစ္စထာဝရ တစ် သက်တာ စိတ်ချရတဲ့ အရာတစ်ခုလို့ အထင်မှားပြီးတော့ မာန်မာနတွေ ပွားသလိုပဲတဲ့။
အဲ့ဒါနဲ့ အလားတူတယ်တဲ့
ဒီလိုဆိုတယ်။
ဒီတော့ ဘုန်းကြီးတို့တစ်တွေလည်း ခန္ဓာငါး ပါး ရ,ထားတဲ့အခါ ဒီခန္ဓာ
ငါးပါးကို အကြောင်းပြုပြီးတော့ မာန်မာနတွေ တက်ကြတာပဲ။
ခုနက ပြောတဲ့ မာန်မာနတွေ...
ငယ်ရွယ်တဲ့သူက ငယ်ရွယ်တဲ့မာနတွေ တက်တယ်၊ ယောဗ္ဗနမဒ
လို့ ခေါ်တယ်။
ကျန်းမာတဲ့ သူကလည်း "
ငါ ကျန်းမာတယ် ၊ ငါ ဘာမှ မဖြစ်ဘူး" ဆိုတဲ့
အာရောဂျမဒ မာန်မာနတွေ တက်တယ်။
ဒါတွေဟာ တစ်ခါတစ်လေ အလွန် သိမ်မွေ့တယ်။
မာန်မာနတက်တာကို တက်မှန်းတောင် မသိဘူး။ တက်မှန်းတောင် မသိရအောင်
ဒီတရားတွေက သိမ်မွေ့တယ်။
အသက်ရှင်နေတဲ့ ပုဂ္ဂိုလ်ကလည်း ဇီဝိတမဒ "သူသာ သေတယ်၊
ငါမသေဘူး" ဆိုတဲ့ အတွေးမျိုးဝင်ကြတယ်၊။
ကြည့်လေ -
လူတစ်ယောက် မတော်တဆ
ဆုံးသွားလို့ရှိရင် ပြောကြတယ်။ "ဒီလူက အစားမရှောင်ဘူး။
ဒီလူက ဘာမလုပ်ဘူး" နဲ့၊
ဒီလို အပြစ်အပြောခံ ကျန်ရစ်ခဲ့ကြရတာမျိုးချည်းပဲ။
သို့သော်လည်း ကိုယ့်ကျတော့
ဒီလိုဖြစ်မယ်လို့ လူတိုင်းဟာ စဉ်းစားခဲတယ်ပေါ့၊
အသက်ရှင်နေတဲ့ ဇီဝိတမဒ ဆိုတာတွေ တက်လာတယ်။
စီးပွားချမ်းသာရှိတဲ့ ပုဂ္ဂိုလ်ကလည်း စီးပွားဥစ္စာကို အကြောင်းပြုပြီး မာန်မာနတွေ တက်လာတယ်။ ရုပ်ရည်ရူပကာယ ချောမောလှပတဲ့သူကလည်း ရုပ်ရည် ရူပကာယ အလှအပအပေါ်မှာ မာန်မာနတွေတက်တယ်။
ရာထူးအာဏာ
ရှိတဲ့သူကလည်း ရာထူးအာဏာ မာန်မာနတွေ တက်တယ်။
ဒါတွေဟာ
မာနဲ့ပတ်သက်တဲ့ မာနမညနာ လို့ ခေါ်တဲ့ အထင်မှားမှုတွေချည်းပဲ။
အဲဒီ အထင်မှားမှုတွေကို ဘာနဲ့ ဖျောက်ရမလဲဆိုရင် မှန်ကန်တဲ့ အသိဉာဏ်၊ မှန်ကန်တဲ့ အတွေးနဲ့ ဖျောက်ရမယ်။
မှန်ကန်တဲ့အတွေးဆိုတာ "
န သောဟမသ္မိ - တကယ်ကတော့ ဒါတွေဟာ ငါ မဟုတ်ဘူး"
ဒီလို အတွေးလေးရှိဖို့
လိုတယ်တဲ့။
"ဒါ ငါ မဟုတ်ဘူး၊ ဆိုင်ရာ ဆိုင်ရာ အကြော င်းတရားတွေ ညီညွတ်နေတဲ့အခိုက် ဖြစ်တာ။ နုပျိုတာလည်း ငါမဟုတ်ဘူး"
သူ့ အချိန်က
မရင့်ကျက်သေးလို့။ နုပျိုတယ်လို့ ထင်တာ တကယ်တော့ တဖြည်းဖြည်း ရင့်ကျက်နေတာနော်။
"အဆင်ပြေတဲ့အချိန် အကြောင်း အကျိုး ညီညွတ်လို့ ဖြစ်နေတာ။ တကယ်ကတော့ ငါ မဟုတ်ဘူး။ တစ်ခဏတာမျှအတွင်းမှာ ပြောင်းလဲသွားမယ်" ဆိုတဲ့ အတွေးတွေတွေးဖို့ လိုအပ်တယ်တဲ့။
"န သောဟမသ္မိ - ငါမဟုတ်ဘူး" ဆိုတဲ့ အတွေးမျိုး မှန်ကန်တဲ့ အမြင်မျိုးရှိမှသာလျှင် အခု မာနမညနာ ဆိုတဲ့ ဒီအတွေးအထင်ကြီး အထင်မှားမှုကြီး ပျောက်ကင်းနိုင်ပါတယ်တဲ့။ နို့မို့ဆိုရင် သက္ကာယ အပေါ်မှာ အထင်မှားနေတဲ့ မာနမညနာ ဆိုတာ မပျော က်ကင်းနိုင်ဘူးတဲ့။
"အထင်မှားအမြင်မှား" တရားတော်မှ ကောက်နှုတ်ချ က်ဖြစ်ပါသည်။
No comments:
Post a Comment