စာလုံး
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။
Saturday, March 31, 2018
မ​ပေါင်းသင်းထိုက်​သူများ
မပေါင်းသင်း ထိုက်သူများ
**********************
(၁) မကောင်းမှုကို ပြုသူများ။
(၂) မုသားပြောတတ်သူများ။
(၃) ကိုယ်ကျိုးကိုသာ အလိုရှိလို့  ဆည်းကပ်လာသူများ။
(၄) အယောင်ဆောင် သူတော်ကောင်းများ။
(၅) နှုတ်နဲ့ သာ အဆွေခင်ပွန်းဖွဲ့ တတ်ပြီး ကိုယ်မပါတဲ့သူများ။
(၆) နှုတ်ပြောတစ်ခြား အလုပ်တစ်ခြား ပြုမူပြောဆိုတတ်သူများ။
(၇) အရှက်အကြောက် မရှိတဲ့သူများ။
(၈) ကျေးဇူးကို မသိတတ်သူများ။
(၉) မုန်းလွယ် ချစ်လွယ်သော စိတ်ရှိသူများ။
(၁၀) အန္တရာယ်ပြုရအောင် ပေါင်းဖော်လာသူများ။
(၁၁) စကားမတည်၊ ဒုစရိုက်အလုပ်တွေကို ပြုလုပ်ပြီး
တွေ့ သမျှသတ္တ၀ါတွေကိုညှင်းဆဲတတ်သူများ။
(၁၂) စကားသာပြေပြစ်ပြီး စိတ်မပါပဲ ဟန်ဆောင်ပေါင်းကာ
အခွင့်အရေးရှာတတ်တဲ့ သူများ။
(၁၃) မြင်မြင်သမျှကို လိုချင်မက်မောတတ်တဲ့အပြင် မိတ်ဆွေကိုပါ
ဖျက်ဆီးသွားတတ်သူများ။
(၁၄) နှုတ်ကသာချိုသာပြီး စိတ်ကောက်တတ်တဲ့ သူများ။
(ကိုယ်ကျင့်မင်္ဂလာ) -
စူဠသုဘဒ္ဒါ
"ဥဂ္ဂမြို့သူမြို့သားများအား ဗုဒ္ဓဘာသာဝင်ဖြစ်စေသည့်
**********************************************
စူဠသုဘဒ္ဒါ"
**********
       စူဠသုဘဒ္ဒါသည် အနာထပိဏ်သူဋ္ဌေးကြီး၏ သမီး
ဖြစ်ပြီး သောတာပန်တစ်ယောက်ဖြစ်၏။ဘာသာခြားနှင့်
အိမ်ထောင်ကျပြီး ခင်ပွန်းရှိရာ ဥဂ္ဂမြို့၌ နေထိုင်၏။
       ဥဂ္ဂမြို့နှင့်သာဝတ္ထိမြို့သည် (၉၆၀)မိုင်ဝေးကွာ၏။
ဥဂ္ဂမြို့သို့ ရောက်သည့်နေ့မှာပင်  ယောက္ခမများမှ သူတို့
ကိုးကွယ်သော တိတ္ထိဆရာကြီးများအား ထမင်းဖိတ်ကျွေး
၏။သုဘဒ္ဒါအား အဆိုပါ တိတ္ထိများကို ကန်တော့စေ၏။
       သုဘဒ္ဒါသည် တိတ္ထိဆရာကြီးများအားတွေ့သည်
နှင့် အိမ်ပေါ်မှချက်ချင်းဆင်းသွား၏။သံဃာရတနာမှ
တစ်ပါး မည်သည့်ပုဂ္ဂိုလ်မှ ရှိခိုးကိုးကွယ်ခြင်းခြင်းမပြုနိုင်
ခြင်းသည် သောတာပန်၏ စိတ်ထားပင်ဖြစ်ပေသည်။
သာမာန်ပုထုဇဉ်တစ်ယောက်ဆိုလျှင် ယောက္ခမနှင့်လင်
သားအား အားနာ၍ ရှိခိုးနိုင်ပေသည်။
        ယောက္ခမနှင့်လင်သားက စူဠသုဘဒ္ဒါအား
"အဘယ်ကြောင့် သူတို့ကိုးကွယ်သည့် တိတ္ထိဆရာကြီး
များအား ရှိမခိုးရသနည်း"ဟု မေးသောအခါ သုဘဒ္ဒါက
"မိမိတွင် ရတနာသုံးပါးဟူသော ကိုးကွယ်ရာရှိပြီဖြစ်
ကြောင်း ,ဘုရားအမှုးရှိသော ရတနာသုံးပါး၏ ဂုဏ်တော်
ကျေးဇူးတော်များကို ဘာသာခြားများ စိတ်ဝင်စားအောင်
ရှင်းပြပြောပြ၏"။ထိုအခါ တစ်မြို့လုံးက စိတ်ဝင်စား
ကြည်ညိုသွားကြပြီး ပင့်၍ရလျှင် ပင့်ပေးပါရန်တောင်းပန်
ကြ၏။ထိုအချိန်သည် ညအချိန်ဖြစ်၏။
           သုဘဒ္ဒါက ပင့်၍ရကြောင်း မနက်ဖြန်အတွက်
ဘုရားအမှုးရှိသော သံဃာတော်များအတွက် ဆွမ်းများ
အသင့်စီမံထားကြရန် ပြောဆိုပြီး သစ္စာပြုအဓိဋ္ဌာန်ကာ
ပင့်ဖိတ်လိုက်၏။သစ္စာအဓိဋ္ဌာန်ပြီးသည်နှင့်ပန်းပွင့်များအါး
လက်ခုပ်နှင့်ယူပြီး ကောင်းကင်သို့မြှောက်လိုက်၏။
            ထိုပန်းပွင့်များသည်မိုင်ပေါင်းများစွာဖြတ်ပြီး
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ထိ အရောက်သွား
ကာ ဘုရားရှင်အနီးတွင် ပန်းဆိုင်းကြီးအသွင်တည်နေ၏။
ထိုအချိန်တွင် ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌
ည တရားပွဲ ဟောနေဆဲအခါဖြစ်၏။
      တရားပွဲပြီး၍ ပြန်အကြွတွင် အနာထပိဏ်သူဋ္ဌေးကြီး
သည် လိုက်လာပြီး ဘုရားရှင်အား ဆွမ်းစားပင့်၏။
"မနက်ဖြန် တပည့်တော်အိမ်သို့ ဘုရားအမှုးရှိသော
သံဃာတော်အားလုံး ဆွမ်းဘုဉ်းပေးကြွပါရန် ပင့်လျှောက်
ပါသည်ဘုရား"
"အခြား ဒကာတစ်ဦး၏ ဆွမ်းကျွေးကို ငါဘုရားရှင်
လက်ခံတော်မူပြီးဖြစ်သည် ဒကာတော်"
"တရားပွဲပြီးပြီးခြင်း တပည့်တော်ထက် အရင်ဦးစွာ
လျှောက်ထားသူ တစ်ယောက်မှ မတွေ့ရပါဘုရား"
    ဘုရားရှင်သည် ပန်းဆိုင်းများကို ညွှန်ပြလျှက်
"ဤ ပန်းဆိုင်းများကို တွေ့ရဲ့လားဒကာတော်"
"တွေ့ရှိကြောင်းပါဘုရား"
"အဲဒါ သင့်သမီး သုဘဒ္ဒါက ငါဘုရားရှင်နှင့်တကွ သံဃာ
အားလုံး ဆွမ်းစားကြွဖို့ အဓိဋ္ဌာန်ပြီး ပို့လွှတ်လိုက်တဲ့
ပန်းပွင့်တွေဘဲ"
"ဒီလောက်ဝေးတဲ့ နေရာကနေ ဘုရားရှင်ကို ဆွမ်းစား
ပင့်နိုင်တာဟာ အံ့သြစရာ ကောင်းပါတယ်ဘုရား"
      ထိုအခါ ဘုရားရှင်က
"ငါ ဘုရားဟောကြားသည့် တရားတော်အတိုင်း ကျင့်ကြံ
အားထုတ်၍နေသူများသည် ငါဘုရားနှင့် ယူဇနာများစွာ
ဝေးကွာသောနေရာတွင် နေရသော်လည်း ငါဘုရားအနီး
ကပ်၍နေရသကဲ့သို့ပင်ဖြစ်၏။ငါဘုရားဟောကြားသည့်
တရားတော်အတိုင်း အားထုတ်မှုမရှိသောသူများသည်
ငါဘုရားသင်္ကန်းစကို ဆွဲကိုင်၍ အနီးမှာကပ်နေသော်
လည်း ငါဘုရားနှင့် ယူဇနာများစွာ ဝေးကွာသည်သာ
ဖြစ်၏"ဟု မိန့်ဆို၏။
      ဘုရားရှင်နှင့်တကွ သံဃာတော်အရှင်မြတ်များ၏
ကြွရောက်မှု,တရားတော်အား နာကြားရမှုတို့ကြောင့်
ဥဂ္ဂမြို့သူမြို့သားများသည် ဗုဒ္ဓဘာသာဝင်ဖြစ်သူကဖြစ်
ကြပြီး မဂ်ဖိုလ်ရသူကား ရကြလေသည်။
      ဤအကြောင်းအရာအားလေ့လာခြင်းဖြင့်
၁။ ရတနာသုံးပါးမှလွဲ၍ အခြားပုဂ္ဂိုလ်များအား ရှိခိုး
    ကိုးကွယ်မှုမရှိခြင်းသည် သောတာပန်၏ ခိုင်မာသော
    စိတ်ထားဖြစ်ကြောင်းတွေ့ရ၏။
၂။ ပုထုဇဉ်သာဖြစ်ပါက ယောက္ခမနှင့်လင်သားကို
    အားနာပြီး တိတ္ထိဆရာကြီးများအား ရှိခိုးနိုင်ပေသည်။
၃။ စူဠသုဘဒ္ဒါ၏ ဘုရား တရား သံဃာ ဂုဏ်တော်
    ကျေးဇူးတော်များအား ပြောပြ၍ မြို့သူမြို့သားများကို
    စည်းရုံးနိုင်ခြင်းသည် ဘာသာရေးအလွန်လိုက်စား
    သော အမျိုးသမီးတစ်ဦးဖြစ်ကြောင်းတွေ့ရ၏။
၎။ မှန်ကန်သော သစ္စာအဓိဋ္ဌာန်ဖြစ်၍ စူဠသုဘဒ္ဒါ ပစ်
    လွတ်လိုက်သော ပန်းပွင့်များသည် ဘုရားရှင်ရှိရာ
    ဇေတဝန်ကျောင်းတွင် ရောက်ရှိတည်နေကြောင်း
    တွေ့ရ၏။
      သို့ပါ၍ စူဠသုဘဒ္ဒါကဲ့သို့ ဗုဒ္ဓဘာသာအား သက်ဝင်
ယုံကြည်ပြီး ဗုဒ္ဓဘာသာပြန့်ပွားအောင် စည်းရုံးနိုင်ပါစေ
ကြောင်း လေ့လာ​ရေးသားပူ​ဇော်​လိုက်​ရပါသည်​။
Share.🌷🌷🌷Zin zin htet.🌷🌷🌷
ရှင်​ဥပါလိ၏သံသရာအမှား
ရှင်ဥပါလိ၏ သံသရာအမှားတစ်ခု
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷
ရှင်ဥပါလိဟာ သံသရာခရီးမှာ အမှားတစ်ခုလုပ်ခဲ့သည့် အတွက်ကြောင့် နိမ့်ကျတဲ့ဘ၀ ရောက်သွားရှာတာ ဖြစ်ပါတယ်။ သူ့မှာ အင်မတန် ထူးချွန်တဲ့ အသိဉာဏ်တွေ ရှိပါတယ်။ ဘဝ
ကံက နိမ့်ကျပေမယ့် အသိဉာဏ်က မနိမ့်ကျပါ။
လောကလူတွေက ဘ၀နိမ့်ကျသလို အသိဉာဏ် ပါ နိမ့်ကျတတ်ပါတယ်။ အရေးကြီးတာက အသိဉာဏ်မနိမ့်ကျဖို့ အရေးကြီးပါတယ်။ဘ၀ဆိုတာအခြေအနေပေးသလို နေကြရတာ
ဆိုတော့ နိမ့်ကျတဲ့ ဘ၀လည်း နိမ့်ကျမှာပါပဲ။
         လောကလူတွေက ပိုက်ဆံမရှိရင် နိမ့်ကျတယ်လို့ သတ်မှတ်ကြပါတယ်။ မျိုးရိုးမကောင်း
ရင်လည်း နိမ့်ကျတယ်လို့ သတ်မှတ်ကြပါတယ်။ တကယ်တော့ “ပိုက်ဆံတို့၊ မျိုးရိုးတို့ဆိုတာ လူ့ရဲ့
တန်ဖိုး အစစ်မဟုတ်ပါ၊ လူ့ရဲ့တန်ဖိုး ဆိုတာ အသိဉာဏ်ပါပဲ”
         သူက တရားဓမ္မ ကျင့်လိုက်တဲ့အခါကျတော့ အသိဉာဏ်နဲ့ ကြိုးစားလိုက်တဲ့အခါ ရှင်ဥပါလိဟာ သာသနာတော်မှာ ပထမသင်္ဂါယနာတင်တဲ့အခါမှာ ၀ိနည်းကျမ်းကို ဦးဆောင်တင်နိုင်တဲ့ပုဂ္ဂိုလ်၊ သူ့တပည့် သားမြေးတွေနဲ့ ထွန်းကားပြီးတော့ အင်မတန် အလေးပေးရတဲ့ပုဂ္ဂိုလ် ဖြစ်ခဲ့ပါတယ်။
ဒါက မင်းသားတွေကို ဆံပင်၊မုတ်ဆိတ်ကို ပြုပြင်ပေးရတဲ့ အောက်တန်းစား ဆတ္တာသည်ဘ၀က တက်သွားတာပါ။
         သူ ဘာဖြစ်လို့ ဒီလို-အောက်တန်းစားဖြစ်သလဲ ဆိုရင် တစ်ခါတုန်းက သူမင်းသားဘ၀မှာ ပစ္စေကဗုဒ္ဓ တစ်ပါးကို အောက်တန်းစားပုဂ္ဂိုလ်လို့ စော်ကားမော်ကား
ပြောခဲ့ဖူးပါတယ်။
ပစ္စေကဗုဒ္ဓဆိုတာ သင်္ကန်းဝတ်ထားတာက ပံ့သကူသင်္ကန်းဆိုတော့ တောက်တောက် ပြောင်ပြောင် မဟုတ်ပါ။
လူတကာ မလိုချင်တဲ့ အ၀တ်တွေကို ဖြစ်သလို စပ်ချုပ်ထားတဲ့ ပံ့သကူ သင်္ကန်းဝတ်ထားတာကို သူ့စိတ်ထဲမှာ သူတောင်းစားလို့ ထင်တယ်။ အဲဒီလို သူတောင်းစားကြီးပဲ ဆိုပြီးတော့ အထင်အမြင်
သေးသွားတယ်။ ဒါမျိုး သိပ်ကြောက်ဖို့ ကောင်းပါတယ်။ ဒီတော့ မြင်မြင်သမျှပေါ်မှာ အထင်သေး
အမြင်သေးပြီး စော်စော်ကားကား မပြုမိအောင်၊ ဘယ်သူ့ကိုမှ စော်ကားမှု မပြုမိအောင် သတိထား
ကြ ရပါမယ်။ စော်ကားတာမျိုး မပြုသင့်ပါ။
         အဲဒီတော့ တကယ့်သူတော်ကောင်းကို စော်ကားမိတော့ သူ့စိတ်ထားအတိုင်းပဲ ဘ၀တွေမှာ နိမ့်ကျတဲ့ ဘ၀ချည်းပဲဖြစ်ရပါတယ်။ နောက်ဆုံး ရဟန္တာဖြစ်မယ့် ဘ၀မှာတောင် သူက အောက်တန်းစားမှာ သွားဖြစ်ပါတယ်။
         ဘ၀မှာ လူ့အသိုင်းအ၀ိုင်းဆိုတာ စိတ်ထားချင်း မတူညီကြပါ။ ဒါကြောင့်မို့လို့ ကိုယ်ဟာ အဆင့်မြင့်တဲ့ ဘ၀၊ လူအထင်သေးမခံရတဲ့ ဘ၀မျိုး ဖြစ်ဖို့ဆိုရင် ကိုယ့်ရဲ့စိတ်ထား၊ နှလုံးသားက
လည်း အင်မတန် အရေးကြီးပါတယ်။ သံသရာခရီးမှာ လွဲလွဲမှားမှား အမှားတစ်ခု လုပ်မိလို့ရှိရင် သံသရာမှာ ခံရတတ်ပါတယ်ဆိုတာ နားလည်သဘောပေါက်ကြပြီး ဘယ်သူ့ကိုမှ စော်ကားမှု မပြုမိအောင် သတိထားကြ ရပါမယ်။
       ဒါကြောင့်မို့ တရားချစ်ခင် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ကလည်း  ရှင်ဥပါလိကကို
နမူနာယူပြီး သံသရာခရီးမှာ လွဲလွဲမှားမှား အမှားတစ်ခု လုပ်မိလို့ရှိရင် သံသရာမှာ ခံရတတ်ပါတယ်ဆိုတာ နားလည်သဘောပေါက်ကြပြီး ဘယ်သူ့ကိုမှ စော်ကားမှု မပြုမိအောင် သတိထားနိုင်
ကြကာ ဒီဘ၀မှာ ကြိုးစားအားထုတ်ရင် တကယ့်ကို အငြိမ်းဓာတ်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်တယ်လို့ ကိုယ်စီကိုယ်ငှ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ
ကုန်သတည်း။ ။
{၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၄)ရက်နေ့၊ (၂၃-၁-၂၀၁၁) အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊
ထေရ၀ါဒပသာရဏီ သိမ်တော်ကြီးအတွင်း ဒေါက်တာ အရှင်နန္ဒမာလာ
ဘိဝံသ  ဟောကြားအပ်သော“အခွင့်ကောင်းကို ရအောင်ယူ” တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။}
မေတ္တာဖြင့် ပြန်လည်ကူးယူရေးသား မျှဝေ
ဓမ္မဒါနပြုပါသည်။
မှားယွင်းမှုများရှိသော် အစဉ်သနားသော
အားဖြင့် သည်းခံခွင့်လွှတ်ပေးရန် ဦးခိုက်
လျှောက်ထားပါသည်
ဆရာတော်အရှင်သူမြတ်များ ဘုရား...
                        သုတဘဏ်
                     ဓမ္မစာပေများ တစ်ဆင့်မျှဝေခြင်းဖြင့် ကုသိုလ်ပွားများနိုင် ကြပါစေ .....
မိတ်​​ဆွေစစ်
📌  မိတ်​ ​ဆွေ စစ်​ 📌
မိတ်​​ဆွေ​ကောင်းသုံးမျိုးထဲမှ
"သမာနသုခဒုက္ခ" တူညီ​သော သုခ.ဒုက္ခ ချမ်းသာ ဆင်းရဲ၊ ချမ်းသာလည်းအတူတူ၊ ဆင်းရဲလည်းအတူတူ၊ တူညီတဲ့စိတ်​ထားရှိတဲ့မိတ်​​ဆွေမျိုး၊ ​အေးအတူ ပူအမျှ၊မခွဲမခွာ တစ်​ဦးအ​ပေါ်တစ်​ဦး အကျိုးပြုပြီး​နေကြတဲ့ မိတ်​​ဆွေမျိုးကို
" သမာနသုခဒုက္ခ "  လို့​ခေါ်တယ်​။
   မြတ်​စွာဘုရားသခင်​ ကိုယ်​​တော်​မြတ်​အ​ပေါ်မှာ
အရှင်​အာနန္ဒာဟာ အင်​မတန်​မှ သံ​ယောဇဉ်​ကြီးတယ်​၊
အားလုံးကြားဖူးကြပါလိမ့်​မယ်​၊ ​ဒေဝဒတ်​ရဲ့အစီအမံ
အရ အဇာတ်​တသတ်​မင်းကြီးက နာဠာဂီရိ ဆင်​ဆိုး
ကြီးကို အရက်​​တွေတိုက်​ပြီး​တော့ ဘုရားဆွမ်းခံဝင်​လာတဲ့လမ်းကြား ​မောင်းလွှတ်​လိုက်​တာ၊ ဘုရားနဲ့
သံဃာ​တွေလည်းကြွလာတယ်​။ ဆင်​ကြီးကလည်း
နှာ​မောင်းကြီး​မြှောက်​ ​အော်​ဟစ်​ပြီး​ပြေးလာတယ်​၊
သူ့​ရှေ့မှာ​တွေ့တဲ့ပုဂ္ဂိုလ်​က​တော့ မသက်​သာဘူး၊ အဲဒီ
အချိန်​မှာ အရှင်​အာနန္ဒာ မ​ထေရ်​မြတ်​ဟာ ဘုရား​နောက်​က​နေ ပါလာတာ။ ဘုရားကို ကာကွယ်​ဖို့ရှေ့ကို​ပြေးတက်​လိုက်​တယ်​၊ သူအသက်​စွန့်​တာပဲ။ အဲဒီအချိန်​မှာဆို ဘယ်​​လောက်​အ​ရေးကြီးတဲ့အချိန်​လဲ​နော်​၊ အရှင်​အာနန္ဒာက သူ့အသက်​ကိုစွန်​ပြီး ဘုရား​ရှေ့က ဝင်​ရပ်​တယ်​။
    အဲဒီအချိ​န်​မှာ မြတ်​စွာဘုရားက"မလုပ်​နဲ့အာနန္ဒာ"
ပြောလည်းမရဘူး၊ ဘုရား​ရှေ့က​နေ အတင်းရပ်​တယ်​၊ ​နောက်​မှ မြတ်​စွာဘုရားက တန်​ခိုး​တော်​နဲ့ ဖယ်​လိုက်​ရ
တယ်​။ အရှင်​အာနန္ဒာကို ဖယ်​ခိုင်းလို့မရဘူး​နော်​၊ ဘာ
တုန်းဆိုရင်​ ဒါ ဒုက္ခကြုံလာလို့ရှိရင်​ အသက်​စွန့်​တာ၊ဘုရားကို​တော့ မထိ​စေရဘူး၊ ငါကာကွယ်​မယ်​ ဆိုပြီး​တော့ အသက်​စွန့်​တာ၊ အဲဒီလို ပုဂ္ဂိုလ်​မျိုးက "သမာနသုခဒုက္ခ" မိတ်​​ဆွေစစ်​လို့ ​ခေါ်ပါတယ်​တဲ့။
🙏ဆရာ​တော်​ဘုရားကြီး
🌷နယ်​လှည့်​​ဟောကြားမြတ်​တရား  မှ
🌷မျှ​ဝေပူ​ဇော်​...ဦး​မောင်​​မောင်​ကြည်​(​ခေ ပ ဒူ တ)
ကုသိုလ်​ဖြစ်​​အောင်​ ​တွေးမယ်
***** ကုသိုလ်ဖြစ်အောင်တွေးမယ် *****
တစ်ခါတုန်းက သီဟိုဠ်ကျွနိးမှာ မဟာဂါမလို့
အမည်ရှိတဲ့ ရွာကြီးတစ်ရွာကို စားရတဲ့
တိဿအမတ်ဆိုတာ ရှိခဲ့ဘူးပါတယ်။
အဲဒီအမတ်ကို ဘုရင်ကိုယ်တိုင်ကလည်း
ကြည်ညိုမြတ်နိုးတော်မူတယ်လို့ ဆိုပါတယ်။
တစ်နေ့တော့ အဲဒီတိဿအမတ်ကို
သူကိုးကွယ်ဆည်းကပ်နေကျ ဆရာဘုန်ကြီးက
* ဒက္ခိဏဝိဘင်္ဂသုတ် * ကို ဟောလိုက်ပါတယ်။
ဒက္ခိဏဝိဘင်္ဂသုတ် ဆိုတာ အလှူခံ
တစိကျိပ်လေးယောက် အကြောင်းကို အကျယ်
ဝေဖန်ပြထားတဲ့ သုတ်ပါ။ တိဿအမတ်ဟာ
အဲဒီသုတ်ကို နာကြားပြီးတဲ့ နေ့ကစပြီး
သူရဲ့စားဦးကို မလှူပဲ ထမင်းမစားတော့ပါဘူး။
ပြီးတော့ စားဦးကိုလှူပြီးမှ ထမင်းစားမယ်ဆိုပြီး
သန္နိဌာန်ချခဲ့ပါတယ်။ ချခဲ့တဲ့အတိုင်းလဲ
စားဦးကိုလှူပြီးမှ ထမင်းစားလေ့ ရှိပါတယ်။
ဒီလိုနဲ့တစ်နေ့မှာ ဇနပုဒ်က ရောက်လာတဲ့
ဧည့်သည်တွေနဲ့ တိုင်းရေပြည်ရေးကိစ္စတွေ
တိုင်ပင်ဆွေးနွေးရင်း မွန်းတည့်လွန်မှ
ထမင်းစားဖို့ အခွင့်ရပါတယ်။
မွန်းတည့်လွန်သွားပြီ ဆိုတော့ စားဦးကို ရဟန်း
သံဃာတွေ လှူဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
ဒီတော့ စားဦးကို ဘယ်သူ့လှူရမလဲလို့
စဉ်းစားပါတယ်။
အနားမှာရှိတဲ့ တပည့်တစ်ယောက်က သင်္ချိုင်းမှာ
နေတဲ့ ပရိဗိုဇ်ကို လှူဖို့ အကြံပေးပါတယ်။
တိဿအမတ်ကလည်း သဘောတူစွာနဲ့ပဲ
သူရဲ့တပည့်တွေကို သင်္ချိုင်းမှာနေတဲ့ ပရိဗိုဇ်ဆီကို
စားဦးကိုလှူဖို့ လွှတ်လိုက်ပါတယ်။ တကယ်တော့
ပရိဗိုဇ်ဆိုတာ အဝတ်ဖြူဝတ်ထားပေမယ့်
အကျင့်သီလလဲ ထူးထူးခြားခြား မရှိလှပါဘူး။
ထူးခြားတာဆိုလို့ အဝတ်ဖြူဝတ်ထားတာ
တစ်ခုပဲရှိတာပါ။ တိဿအမတ်ရဲ့ တပည့်တွေ
ပရိဗိုဇ်ဆီသွားတဲ့အချိန်မှာ ပရိဗိုဇ်က
ဘာလုပ်နေသလဲဆိုတော့ ရေကန်ဘောင်မှာ
ငါးမျှားနေပါသတဲ့။
ပရိဗိုဇ်က ခပ်လှမ်းလှမ်းက လူတွေလာနေပြီဆိုတာ
သိလိုက်တာနဲ့ တစ်ပြိုင်နက် ငါးမျှားတံကို
ရေထဲပစ်ချ ခြေထောက်နဲ့နင်းထားပြီး သူမဟုတ်
သလိုလို တရားကျင့်နေသလိုလိုနဲ့ ဣနြေ္ဒရရ
တည်တည်ငြိမ်ငြိမ်လေး နေနေလိုက်ပါတယ်။
ဒါပေမယ့် တိဿအမတ်ရဲ့ တပည့်တွေက
ပရိဗိုဇ်ရဲ့ အပြုအမူကို မြင်ဖြစ်အောင်
မြင်သွားပါတယ်။
ဒါကြောင့် ဒီလောက်ယုတ်မာတဲ့ ပရိဗိုဇ် စားဦးနဲ့
မတန်ဘူးဆိုပြီး တိဿအမတ်ဆီ စားဦးကို
ပြန်ယူခဲ့ကြပါတယ်။ တိဿအမတ်ဆီရောက်တော့
တပည့်တွေက တိဿအမတ်ကို အကြောင်းစုံ
ပြောပြပါတယ်။ ဒီတော့ တိဿအမတ်က
ဘာပြန်ပြောသလဲ ဆိုတော့ -
အမောင်တို့ ပရိဗိုဇ်ဟာ ယုတ်မာတဲ့အကျင့်ရှိတယ်
ဆိုပေမယ့် သင်တို့ကို မြင်တော့ မကောင်းမှုကို
လူမြင်မှာ ရှက်တတ်တဲ့ စိတ်ကလေးနဲ့ ငါးမျှားတံကို
ရေထဲမှာနှစ်ပြီး ဝှက်ထားရှာတယ်။
အဲဒီမကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲ့
စိတ်ကလေးသည်ပင် ပရိဗိုဇ်အတွက် စားဦးကို
အလှူခံထိုက်ပါတယ်။ ငါ့အနေနဲ့လည်း အဲဒီ
မကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲ့ စိတ်ကလေးကိုပဲ
ကြည်ညိုလို့ ရပါပြီ။ ကဲ ပြန်လှူလိုက်ကြပါလို့
ပြောပြီး ပရိဗိုဇ်ကို ပြန်လှူခိုင်းလိုက်ပါတယ်။
စာမှာတော့ ဒုတိယနေ့မှာလဲ ဆက်ပြီး လှူခိုင်းတယ်လို့
ဆိုပါတယ်။
ဒီဝတ္တုလေးဖတ်ပြီးတော့ တိဿအမတ်နေရာမှာ
ငါသာဆိုရင် ဆိုတဲ့အတွေးက  မသိမသာ
ဝင်လာပါတယ်။ အေးကွာ မင်းတို့ပြောတာ မှန်တယ်
ဒီလောက်ယုတ်မာတဲ့ ပရိဗိုဇ် စားဦးနဲ့မတန်ဘူး။
အဆိပ်ပင် ရေလောင်းတာနဲ့ အတူတူပဲ။ ငါတို့
စားတာမှ ဗိုက်ဝဦးမယ် အဲဒီလို ခပ်ညံ့ညံ့စိတ်နဲ့များ
တွေးမိမလားမသိပါဘူး။ ဘာပဲပြောပြော တိဿ
အမတ်ကတော့ ဒါနကုသိုလ် ဖြစ်သွားတာပါပဲ။
ဆရာကြီး ဦးရွှေအောင် စကားနဲ့ပြောရရင် ဒါနကို
ပါရမီမြောက်အောင် ပြုကျင့်လိုက်တာပါ။
အဠသာလိနီအဋ္ဌကထာမှာ ကုသိုလ်ဖြစ်ရခြင်းနဲ့
အကုသိုလ်ဖြစ်ရခြင်း အကြောင်းတွေကို
ဒီလိုပြထားပါတယ် -
ကုသလံ ယောနိသောမန သိကာရ ပဒဋ္ဌာနံ
အကုသလံ အယောနိသောမန သိကာရ ပဒဋ္ဌာနံ။
အဓိပ္ပါယ်ကတော့ ကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းက
ယောနိသောမနသိကာရ ရှိလို့ပါတဲ့။
အကုသိုလ်ဖြစ်ရခြင်း အကြောင်းက အယောနိသော
မနသိကာရ ရှိလို့ပါပဲတဲ့။
ဆိုလိုချက်ကတော့ ယောနိသော မနသိကာရ ရရှိရင်
ကုသိုလ်ဖြစ်မယ်။
အယောနိသော မနသိကာရ ရရှိရင် အကုသိုလ်
ဖြစ်မယ် ဒါပါပဲ။
ဒါကြောင့် မဟာစည်ဆရာတော်ဘုရားကြီးက
ယောနိသော မနသိကာရကို ကုသိုလ်ဖြစ်အောင်
တွေးခြင်းလို့ ဘာသာပြန်ဆို ထားခဲ့ပါတယ်။
တခြားဆရာတော်ကြီး တစ်ပါးကတော့ ယောနိသော
မနသိကာရကို အကောင်းမြင်ဝါဒ ရှိခြင်းလို့
ပြန်ပေးပါတယ်။ အများနားလည်နိုင်မယ့်
စကားလုံးတွေနဲ့ ပြန်ပေးထားကြတာ ဆိုတော့
သက်ရောက်မှု အဓိပ္ပါယ်တွေကတော့ အတူတူပါပဲ။
မကောင်းမှုကို လူမြင်မှာ ရှက်တတ်တဲ့ စိတ်ကလေးကို
ငါ့အနေနဲ့ ကြည်ညိုလို့ရပါပြီလို့ တိဿအမတ်
ပြောလိုက်တဲ့ စကားရဲ့ မြစ်ဖျားခံရာဟာ
ယောနိသော မနသိကာရပါပဲ။ ယောနိသော မနသိကာရ
ရရှိတော့ ကုသိုလ်ဖြစ်သွားတာ အဘိဓမ္မာသဘောအရ
သိပ်ပြီးဆန်းကြယ်လှတယ်တော့ မဟုတ်ပါဘူး။
ဆန်းတာက အားကျဖို့ကောင်းတာက တိဿအမတ်ရဲ့
သန္တန်မှာ ယောနိသောမန သိကာရ ရှိနေတာပါ။
တကယ်တော့ တိမ်တိုက်မည်မျှမဲမဲ အဖြူရောင်
ငွေအနားသတ်က ရှိစမြဲ ဆိုတဲ့ နိုင်ငံခြားစကားပုံ
အတိုင်း ဘယ်လောက်ပင်ဆိုးနေသူ ဖြစ်ပါစေ
ငွေရောင်အနားသတ်လို့ ခေါ်ရမယ့် ကောင်းကွက်
ကလေး တစ်ကွက်ကတော့ ရှိစမြဲပါ။
ဒါကို ကိုယ်က ယောနိသောမနသိကာရ အခြေခံပြီး
မြင်တတ်ဖို့ပါ။
ဘာဘဲပြောပြော ဘဝဆိုတာ ရှိနေရင် သံသရာခရီး
ဆိုတာလဲ ရှိနေဦးမှာပါပဲ။
အဲဒီသံသရာဆိုတဲ့ ခရီးတစ်ခုကို လျှောက်နေရ
သရွေ့တော့ အာရုံမျိုးစုံနဲ့ နေ့စဉ်တွေ့နေကြရမှာပါ။
ကိုယ်နှစ်သက်တဲ့ အာရုံပဲတွေ့တွေ့ မနှစ်သက်တဲ့ အာရုံပဲ
တွေ့တွေ့ တွေ့လာတဲ့ အာရုံအပေါ် ကိုယ်က
ကုသိုလ်ဖြစ်အောင် တွေးတတ်ဖို့ပါပဲ။တစ်နည်းအားဖြင့်
ပြောရရင် တွေ့လာတဲ့ အာရုံအပေါ် မိတ်ဖွဲ့တတ်ဖို့ပါ။
မိတ်ဖွဲ့တတ်ဖို့ ဆိုတာကလဲ သိပ်ပြီးခက်ခဲလှတယ်လို့
မဆိုနိုင်ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ ယောနိသောမနသိကာရ
ရှိနေရင် တစ်လောကလုံးရဲ့ အလိုကို
မိတ်ဖွဲ့ပြီးသား ဖြစ်နေမှာ ဖြစ်လို့ပါပဲလေ။
** ရဝေနွယ် ( အင်းမ ) **
Copy ယူ ထပ်​ဆင့်​ကုသိုလ်​ပြုပါသည်​။
သက္ကစ္စဒါန
🌸◦.¸¸ ဗုဒ္ဓံ ◦.¸¸ ◦.¸¸ ဓမ္မံ ◦.¸¸◦.¸¸ သံဃံ ◦.¸¸◦.¸¸ 🌸
🌸◦.¸¸ ပူဇေမိ◦.¸¸◦.¸¸ ပူဇော်ပါ၏◦.¸¸ အရှင်ဘုရား
🌸◦.¸¸. ◦🌸◦.¸¸. ◦🌸◦.¸¸. ◦🌸
ကာယသုခ ၊ စိတ္တသုခ နှစ်ဖြာသော ကောင်းကျိုး
🌸◦.¸¸. ◦🌸◦.¸¸. ◦🌸◦.¸¸. ◦🌸◦.¸¸. ◦🌸
ချမ်းသာသုခအဖြာဖြာနှင့်   ပြည့်စုံနိုင်ကြပါစေ
🌸◦.¸¸. ◦🌸◦.¸¸. ◦🌸◦.¸¸. ◦🌸◦.¸¸. ◦🌸
🌸◦.¸¸. ◦🌸ချစ်သော ဓမ္မမိတ်ဆွေ🌸◦.¸¸. ◦🌸
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
🚩 သက္ကစ္စဒါန  { ရိုရိုသေသေလှူခြင်း၏ အကျိုး }
🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩
♦️သက္ကစ္စဆိုတာ ဒကာကြီးတို့ အလှူဖိတ်တဲ့နေရာ သူတောင်းစားပဲ လာပါစေ၊
🔹ငါးစိမ်းသည်လဲ ဖြစ်ချင်ဖြစ်မှာပေါ့
♦️အကျင့်ယုတ်  ၊အမျိုးယုတ်တွေလဲ ဖြစ်ချင်ဖြစ်မှာပေါ့။
🔹ဘယ်သူမျိုးလာလာ လာတဲ့ပုဂ္ဂိုလ်အပေါ်ကို တလေးတစားနဲ့ ဆက်ဆံတာ ဒါ"သက္ကစ္စ"ထင်တယ်။
♦️ရှိခိုးရမယ်ပြောတာတာ မဟုတ်ဘူးနော်။
🔹တရိုတသေ တလေးတစား။
♦️တို့ဝေဘူဆရာတော်ဘုရားကြီး ဟောလေ့ဟောထရှိပါတယ်။ "ဝတ္ထုကို ရိုသေလို့၊ ပုဂ္ဂိုလ်ကို ရိုသေလို့နဲ့ မပါဘူးလား?
🙏ပါပါတယ် ဘုရား
🔹အဲဒါ သက္ကစ္စဒါနကို ပြောတာ။
♦️မှတ်မိပလားဗျ။
🙏မှတ်မိပါပြီ ဘုရား
🔹လူလူချင်းပင် အိမ်က သားသမီးကို ကျွေးတာတောင် စိတ်ဆိုးမာန်ဆိုးနဲ့ "ရော့ဟဲ့  ၊ မျိုဟဲ့  ၊ စို့ဟဲ့" နဲ့ ဒီလိုမဟုတ်ရဘူး။
♦️ဒါလဲ အိမ်ကဟာလဲ အိမ်တွင်းမဏ္ဍပ်ကလေးထင်တယ်ဟဲ့။
♠️နေ့တိုင်း အလှူပေးနေတာ ထင်တယ်။
♣️ ဒကာကြီးတို့ စေတနာထားတတ်ရင် အဲဒါ ဒါန မဖြစ်နိုင်ဘူးလား?
🙏ဖြစ်နိုင်ပါတယ် ဘုရား
♣️ ဒကာကြီးတို့ကို မှီပြီးတော့ သူတို့ အသက်မွေးဝမ်းကြောင်းပြုနေရတာလေ။
️ အဲ့တော့ ကိုယ့်အိမ်က သားသမီးပင်ဖြစ်ပါစေ တလေးတစားပေါ့ဗျာ ရှိခိုးရမယ်လို့ ပြောတာ မဟုတ်ဘူးနော်။
♦️ လေးလေးစားစား စိတ်ပါလက်ပါ အဲ့လိုပြုတာကို "သက္ကစ္စ" တဲ့။  တရိုတသေလေ။ အဲဒါကို ရိုသေတယ်လို့ တို့စာက ဘာသာပြန်ကြရသဗျ။
♠️ အဲ့တော့ ဒါနအကျိုးပေးတော့ သိပြီနော်။
♦️️ "သက္ကစ္စ" ရဲ့ အကျိုးပေးက ဦးလှထွန်းကြီးတို့ အဲ့ဒီ ကုသိုလ်အကျိုးပေးကာလကျ ဦးလှထွန်းကြီးတို့ကို မြင်သူတိုင်းက လေးစားတယ်။
♠️ မချေမငံမဆက်ဆံဘူး ပြောတာ ထင်ပါတယ်။
🙏မှန်ပါ့ဘုရား
♣️ ဘာဖြစ်လို့တုန်း၊ ဦးလှထွန်းတို့ ကိုယ်တိုင်က လှူတုန်းက ချေပြီးငံထားတာ ထင်တယ်။
♦️မချေပဲ ငံထားတာလား?  ချေပြီးငံထားတာလား? ခင်ဗျားတို့။
♦️ အဲ့တော့ အခုအချိန်မှာ ဦးလှထွန်းကြီးတို့ (၃) ယောက်ကို မရိုမသေ ဆက်ဆံတယ်ဆိုလို့ရှိရင် ဒါသူတို့ မရိုသေတာလား?
🔹ခင်ဗျားတို့ လှူတုန်းက မရိုသေခဲ့လို့လား?
🙏 လှူတုန်းက မရိုသေခဲ့လို့ပါဘုရား။
♣️ ဒီလိုဆို သူတို့အပြစ်လား?  ဦးလှထွန်းကြီးတို့ အပြစ်လား?
🙏 တပည့်တော်တို့ အပြစ်ပါဘုရား။
♠️ ဟုတ်ကလားဗျာ။
🔹အလုပ်သမားနဲ့ ဆက်ဆံတယ်၊ အလုပ်သမားတို့ ကိုယ့်ကို လေးလေးစားစား မရှိဘူးလေ။
♣️လူလူချင်း  အချင်းချင်း အဆင့်အတန်းတူဆက်ဆံရင်လည်း ရိုရိုသေသေ မရှိဘူးလေ။ လေးလေးစားစား မရှိဘူးလေ။
♦️အဲ့ဒါ လှူခဲ့တုန်းက "သက္ကစ္စ" လွတ်လို့တဲ့ဗျ။
🔹ဒါနသာ ဒကာကြီးတို့ ပါတာ။ "သက္ကစ္စ" မပါလို့ ထင်တယ်။
♣️ မြင်ပလား?  ကိုယ့်အပြစ်ကို။
🙏 မြင်ပါပြီဘုရား။
♠️ ဒီလိုဆို နောက်သူများကို သွားရန်လုပ်ဦးမလား?
♦️ဒီကောင် ငါ့ကို မလေးမစားနဲ့ ငါ့ကိုဆို။
♦️အိမ်ရှေ့က ခွေးတောင်လေးစားမယ် မထင်ပါဘူး။
♠️ မလေးစားတော့ ဘယ်နှယ့်တုန်း ခြေထောက်နဲ့ ကန်တာထင်တယ်။
♦️ကန်သေးလား?
♣️ သွားတာတောင် ခွေးက မလေးမစားလုပ်ရင် ကန်သေးတယ် ထင်တယ်ဗျ။
♦️အဲ့တော့ ကန်တော့ကို မာနနဲ့ တခါ အပြစ်မရနိုင်ဘူးလား?
♠️ ဒါ အဲ့ဒါ ကိုယ့်အပြစ် ကိုယ်သိ။
♦️အဲ့တော့ ဒီမှာလဲ (၂) မျိုးရမှာထင်တယ်။
♣️ ဒါနကတော့ သူ့အတိုင်း အဆင့်မြင့်ပေါ့ဗျာ။
🔹 "သက္ကစ္စ" ကတော့ ကိုယ်က လေးလေးစားစား လှူခဲ့မှ ဒီကုသိုလ်က အကျိုးပေးတဲ့ဘဝကျရင် ကိုယ့်ကိုလဲ လေးလေးစားစား ဖြစ်မှာ။
♠️ "ရှင်ဘယ်သူဟဲ့" ဆို အစေခံများဆိုရင် "ရှင်" ဆို လက်အုပ်ကလေးချီ လို့ထင်တယ်ဗျ။
♦️"အရှင် ဘာအမိန့်ရှိလဲ? သခင်ဘာအမိန့်ရှိလဲ" နဲ့
🔹ဒါ "သက္ကစ္စဒါန " မြောက်ခဲ့လို့ဗျ။
♠️ မှတ်မိပလားဗျ။
🙏မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး ဟောကြားသော တရားတော် 🙏
❝ အပ္ပမာဒေန သမ္မာဒေထ ❞
🎐ရွှင်လန်း🎐ချမ်းမြေ့🎐ပါစေ🎐
➖➖➖➖➖➖➖➖➖➖➖
Credit to original uploader.