စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, March 15, 2018

ရဟန်းမပြုထိုက်​သူ( ၃၂) ဦး

ရှင် ရဟန်းမပြုထိုက်သူ (၃၂) ဦး
=========================

ဟိုတလောက မြို့ထဲမှာ ရဟန်းတစ်ပါးနှင့်အတူ လူစဉ်မမီ အလွန်ပုကွသော ရဟန်းတစ်ပါးတို့အတူတွဲလာတာ တွေ့လိုက်မိပါတယ်။ တွေ့စဉ်မှာပဲ ပုကွသော ရဟန်းတော်တော်များများအကြောင်း အတွေးစတွေပေါ်လာပါတယ်၊
လူစဉ်မမီ ပုကွလွန်းသော ရဟန်းတို့သည် ဖိနပ်ထူထူစီးခြင်း လူပုံအလယ်မှာ သူ့ကိုယ်သူ လူရာဝင်သယောင်ယောင် ဟိတ်ကြီး ဟန်ကြီးလုပ်ခြင်း စကားကြီး စကားကျယ်ပြောခြင်းစတာတွေ များစွာတွေ့ဘူးပါတယ်။

အခုလောလောဆယ် အွန်လိုင်းပေါ်မှာပျံ့နေသော နှစ်ပေခန့် သင်္ကန်းဝတ်ထားသူအကြောင်းနှင့် ပတ်သက်ပြီး ဒကာတစ်ဦးက ပုကွလွန်းသူကို ရဟန်းပြုပေးကောင်းပါသလား ၊ ပြုမပေးကောင်းသော် ပြုပေးသော ရဟန်းက နားမလည်လို့လား ပုကွသူကို သနားငဲ့ညှာလို့လားလို့ မေးထားပါတယ်။

နားမလည်လို့လဲ ဖြစ်နိုင်တယ်၊ သနားငဲ့ညှာလို့လဲဖြစ်နိုင်တယ်၊ သနားငဲ့ညှာလို့ပြုပေးခဲ့သော် သူ့ဘ၀အတွက် အဆင်ပြေသလိုဖြစ်သော်လဲ သာသနာတော်အတွက်တော့ နစ်နာတယ် သိက္ခာကျစေပါတယ် လို့ဖြေဖြစ်လိုက်ပါတယ်။

လူစဉ်မမီ ပုကွလွန်းသောရဟန်းကို ရှိခိုးသောသူတွေရဲ့ရင်ထဲမှာ အားမရသလိုလို ပေါ့ဟာဟာလိုလို တမျိုးကြီး ခံစားရပါလိမ့်မယ်၊ ဥပဓိရုပ်မပြည့်စုံလျှင် လေးစားချင်တဲ့သူတွေအတွက် လေးစားဖို့ မလုံလောက်ပါ၊

တခါက ဥရောပနိုင်ငံသားတို့သည် သာသနာပြုဆရာတော်ကြီးကို သာသနာပြုရန် ရဟန်းတစ်ပါးပါးကို သူတို့ဆီလွှတ်ပါက ဘယ်လောက်ပညာတတ်တတ် မီးသွေးကဲ့သို့ မဲကြုတ်ပြီး ဥပဓိရုပ်မကောင်းတဲ့ကိုယ်တော် သူတို့ဆီ မလွှတ်ပါနဲ့လို့ လျှောက်ထားဘူးလေသည်၊

(ဥပဓိရုပ် စုပ်ချာနေပါက ဘယ်လိုမှ လေးစားလို့ မရပါ) ထို့ကြောင့် အလေးစားခံပုဂ္ဂိုလ်သည် လူအထင်သေးခံရလောက်အောင် ပုံပျက် ပန်းပျက် ပုကွနေသူမျိုး မဖြစ်သင့်ပေ၊ လူအမြင်မှာ အထင်သေးလောက်အောင် သိမ်ငယ်နေသူမျိုး မဖြစ်သင့်ပေ။
ဘုရားရှင်၏ ဂုဏ်တော်တစ်ခုတွင် အခုဒ္ဒါဝကာသဂုဏ်ဆိုတာရှိ၏၊ ခန့်ခန့်ညားညား (မသေးသိမ်သော) ဂုဏ်ဖြစ်၏။

အခါတပါး ရာဇဂြိုဟ်ပြည်မှာ ဒကာတစ်ယောက်သည် မြတ်စွာဘုရားရဲ့ ကိုယ်ထည် ပမာဏကို တိုင်းတာမည်ဟုကြံကာ ဘုရားရှင် ဆွမ်းခံကြွလာမည့်လမ်းက အတောင်ခြောက်ဆယ်လောက်ရှိသော ၀ါးလုံးဖြင့်စောင့်နေ၏။ ဘုရားရှင်ရောက်လာသောအခါ တိုင်းကြည့်၏ သို့သော် ၀ါးလုံးသည် ဘုရားရှင်၏ ဒူးဆစ်လောက်သာဖြစ်နေလေ၏၊ နောက်ရက် ၀ါးလုံးနှစ်လုံးဆက်ကာ စောင့်တိုင်းလေ၏ ဘုရားရှင်က ဘာလုပ်တာလဲမေးတော့ အတိုင်းအတာ ပမာဏယူတာလို့ လျှောက်တဲ့အခါ အေး.. တကမ္ဘာလုံးက ၀ါးလုံးတွေဆက်တိုင်းသော်လည်း ဘုရားရှင်ရဲ့ ပမာဏကိုယူလို့ ရမည် မဟုတ်ပေဟု မိန့်ကြားတော်မူခဲ့ဘူးလေသည်။ (ဒီ၊ဋ္ဌ၊၁၊၂၅၄)

ရှင် ရဟန်းမပြုသင့်သူများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

၁။ လက်ပြတ်သူ
၂။ ခြေပြတ်သူ
၃။ လက် ခြေပြတ်သူ
၎။ နားပြတ်သူ
၅။ နှာခေါင်းပြတ်သူ
၆။ နား နှခေါင်းပြတ်သူ
၇။ ခြေချောင်း လက်ချောင်းပြတ်သူ
၈။ ခြေမ လက်မပြတ်သူ
၉။ အကြောပြတ်သူ
၁၀။ ခြေချောင်း လက်ချောင်းပူးနေသူ
၁၁။ ခါး ကုန်းသူ
၁၂။ ပုကွသူ
၁၃။ လည်ပင်းကြီးနာရှိသူ
၁၄။ သံပူဖြင့်တံဆိပ်ကပ်ခံရသူ
၁၅။ ကြိမ်ဒဏ်ပေးခံထားရသူ
၁၆။ သတ်ရန်ဝရမ်းထုတ်ခံထားရသူ
၁၇။ ခြေထိုင်းသူ
၁၈။ အနာကြီးရောဂါရှိသူ
၁၉။ ပရိသတ်ကိုဖျက်ဆီးသူ
၂၀။ မျက်စိတစ်ဖက် ကဏ်းသူ
၂၁။ ခြေလက်ကောက်သူ
၂၂။ ခြေခွင်သူ
၂၃။ ကိုယ်တစ်ခြမ်းသေသူ
၂၄။ ဆွံ့ အ သူ
၂၅။ အိုမင်းမစွမ်းသူ
၂၆။ မျက် စိနှစ်ဖက်ကဏ်းသူ
၂၇။ အ သူ
၂၈။ နားပင်းသူ
၂၉။ ကဏ်း လဲ ကဏ်း အ လဲအ သူ
၃၀၊ ကဏ်းလဲကဏ်း နားလဲပင်းသူ
၃၁။ အ လဲ အ နားလဲပင်းသူ
၃၂။ ကဏ်း အ နားပင်းသူ။

ဦးနန္ဒာစာရ (မုံရွာ)

No comments:

Post a Comment