"ဥဂ္ဂမြို့သူမြို့သားများအား ဗုဒ္ဓဘာသာဝင်ဖြစ်စေသည့်
**********************************************
စူဠသုဘဒ္ဒါ"
**********
စူဠသုဘဒ္ဒါသည် အနာထပိဏ်သူဋ္ဌေးကြီး၏ သမီး
ဖြစ်ပြီး သောတာပန်တစ်ယောက်ဖြစ်၏။ဘာသာခြားနှင့်
အိမ်ထောင်ကျပြီး ခင်ပွန်းရှိရာ ဥဂ္ဂမြို့၌ နေထိုင်၏။
ဥဂ္ဂမြို့နှင့်သာဝတ္ထိမြို့သည် (၉၆၀)မိုင်ဝေးကွာ၏။
ဥဂ္ဂမြို့သို့ ရောက်သည့်နေ့မှာပင် ယောက္ခမများမှ သူတို့
ကိုးကွယ်သော တိတ္ထိဆရာကြီးများအား ထမင်းဖိတ်ကျွေး
၏။သုဘဒ္ဒါအား အဆိုပါ တိတ္ထိများကို ကန်တော့စေ၏။
သုဘဒ္ဒါသည် တိတ္ထိဆရာကြီးများအားတွေ့သည်
နှင့် အိမ်ပေါ်မှချက်ချင်းဆင်းသွား၏။သံဃာရတနာမှ
တစ်ပါး မည်သည့်ပုဂ္ဂိုလ်မှ ရှိခိုးကိုးကွယ်ခြင်းခြင်းမပြုနိုင်
ခြင်းသည် သောတာပန်၏ စိတ်ထားပင်ဖြစ်ပေသည်။
သာမာန်ပုထုဇဉ်တစ်ယောက်ဆိုလျှင် ယောက္ခမနှင့်လင်
သားအား အားနာ၍ ရှိခိုးနိုင်ပေသည်။
ယောက္ခမနှင့်လင်သားက စူဠသုဘဒ္ဒါအား
"အဘယ်ကြောင့် သူတို့ကိုးကွယ်သည့် တိတ္ထိဆရာကြီး
များအား ရှိမခိုးရသနည်း"ဟု မေးသောအခါ သုဘဒ္ဒါက
"မိမိတွင် ရတနာသုံးပါးဟူသော ကိုးကွယ်ရာရှိပြီဖြစ်
ကြောင်း ,ဘုရားအမှုးရှိသော ရတနာသုံးပါး၏ ဂုဏ်တော်
ကျေးဇူးတော်များကို ဘာသာခြားများ စိတ်ဝင်စားအောင်
ရှင်းပြပြောပြ၏"။ထိုအခါ တစ်မြို့လုံးက စိတ်ဝင်စား
ကြည်ညိုသွားကြပြီး ပင့်၍ရလျှင် ပင့်ပေးပါရန်တောင်းပန်
ကြ၏။ထိုအချိန်သည် ညအချိန်ဖြစ်၏။
သုဘဒ္ဒါက ပင့်၍ရကြောင်း မနက်ဖြန်အတွက်
ဘုရားအမှုးရှိသော သံဃာတော်များအတွက် ဆွမ်းများ
အသင့်စီမံထားကြရန် ပြောဆိုပြီး သစ္စာပြုအဓိဋ္ဌာန်ကာ
ပင့်ဖိတ်လိုက်၏။သစ္စာအဓိဋ္ဌာန်ပြီးသည်နှင့်ပန်းပွင့်များအါး
လက်ခုပ်နှင့်ယူပြီး ကောင်းကင်သို့မြှောက်လိုက်၏။
ထိုပန်းပွင့်များသည်မိုင်ပေါင်းများစွာဖြတ်ပြီး
သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်ထိ အရောက်သွား
ကာ ဘုရားရှင်အနီးတွင် ပန်းဆိုင်းကြီးအသွင်တည်နေ၏။
ထိုအချိန်တွင် ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌
ည တရားပွဲ ဟောနေဆဲအခါဖြစ်၏။
တရားပွဲပြီး၍ ပြန်အကြွတွင် အနာထပိဏ်သူဋ္ဌေးကြီး
သည် လိုက်လာပြီး ဘုရားရှင်အား ဆွမ်းစားပင့်၏။
"မနက်ဖြန် တပည့်တော်အိမ်သို့ ဘုရားအမှုးရှိသော
သံဃာတော်အားလုံး ဆွမ်းဘုဉ်းပေးကြွပါရန် ပင့်လျှောက်
ပါသည်ဘုရား"
"အခြား ဒကာတစ်ဦး၏ ဆွမ်းကျွေးကို ငါဘုရားရှင်
လက်ခံတော်မူပြီးဖြစ်သည် ဒကာတော်"
"တရားပွဲပြီးပြီးခြင်း တပည့်တော်ထက် အရင်ဦးစွာ
လျှောက်ထားသူ တစ်ယောက်မှ မတွေ့ရပါဘုရား"
ဘုရားရှင်သည် ပန်းဆိုင်းများကို ညွှန်ပြလျှက်
"ဤ ပန်းဆိုင်းများကို တွေ့ရဲ့လားဒကာတော်"
"တွေ့ရှိကြောင်းပါဘုရား"
"အဲဒါ သင့်သမီး သုဘဒ္ဒါက ငါဘုရားရှင်နှင့်တကွ သံဃာ
အားလုံး ဆွမ်းစားကြွဖို့ အဓိဋ္ဌာန်ပြီး ပို့လွှတ်လိုက်တဲ့
ပန်းပွင့်တွေဘဲ"
"ဒီလောက်ဝေးတဲ့ နေရာကနေ ဘုရားရှင်ကို ဆွမ်းစား
ပင့်နိုင်တာဟာ အံ့သြစရာ ကောင်းပါတယ်ဘုရား"
ထိုအခါ ဘုရားရှင်က
"ငါ ဘုရားဟောကြားသည့် တရားတော်အတိုင်း ကျင့်ကြံ
အားထုတ်၍နေသူများသည် ငါဘုရားနှင့် ယူဇနာများစွာ
ဝေးကွာသောနေရာတွင် နေရသော်လည်း ငါဘုရားအနီး
ကပ်၍နေရသကဲ့သို့ပင်ဖြစ်၏။ငါဘုရားဟောကြားသည့်
တရားတော်အတိုင်း အားထုတ်မှုမရှိသောသူများသည်
ငါဘုရားသင်္ကန်းစကို ဆွဲကိုင်၍ အနီးမှာကပ်နေသော်
လည်း ငါဘုရားနှင့် ယူဇနာများစွာ ဝေးကွာသည်သာ
ဖြစ်၏"ဟု မိန့်ဆို၏။
ဘုရားရှင်နှင့်တကွ သံဃာတော်အရှင်မြတ်များ၏
ကြွရောက်မှု,တရားတော်အား နာကြားရမှုတို့ကြောင့်
ဥဂ္ဂမြို့သူမြို့သားများသည် ဗုဒ္ဓဘာသာဝင်ဖြစ်သူကဖြစ်
ကြပြီး မဂ်ဖိုလ်ရသူကား ရကြလေသည်။
ဤအကြောင်းအရာအားလေ့လာခြင်းဖြင့်
၁။ ရတနာသုံးပါးမှလွဲ၍ အခြားပုဂ္ဂိုလ်များအား ရှိခိုး
ကိုးကွယ်မှုမရှိခြင်းသည် သောတာပန်၏ ခိုင်မာသော
စိတ်ထားဖြစ်ကြောင်းတွေ့ရ၏။
၂။ ပုထုဇဉ်သာဖြစ်ပါက ယောက္ခမနှင့်လင်သားကို
အားနာပြီး တိတ္ထိဆရာကြီးများအား ရှိခိုးနိုင်ပေသည်။
၃။ စူဠသုဘဒ္ဒါ၏ ဘုရား တရား သံဃာ ဂုဏ်တော်
ကျေးဇူးတော်များအား ပြောပြ၍ မြို့သူမြို့သားများကို
စည်းရုံးနိုင်ခြင်းသည် ဘာသာရေးအလွန်လိုက်စား
သော အမျိုးသမီးတစ်ဦးဖြစ်ကြောင်းတွေ့ရ၏။
၎။ မှန်ကန်သော သစ္စာအဓိဋ္ဌာန်ဖြစ်၍ စူဠသုဘဒ္ဒါ ပစ်
လွတ်လိုက်သော ပန်းပွင့်များသည် ဘုရားရှင်ရှိရာ
ဇေတဝန်ကျောင်းတွင် ရောက်ရှိတည်နေကြောင်း
တွေ့ရ၏။
သို့ပါ၍ စူဠသုဘဒ္ဒါကဲ့သို့ ဗုဒ္ဓဘာသာအား သက်ဝင်
ယုံကြည်ပြီး ဗုဒ္ဓဘာသာပြန့်ပွားအောင် စည်းရုံးနိုင်ပါစေ
ကြောင်း လေ့လာရေးသားပူဇော်လိုက်ရပါသည်။
Share.🌷🌷🌷Zin zin htet.🌷🌷🌷
No comments:
Post a Comment