📌 မိတ် ဆွေ စစ် 📌
မိတ်ဆွေကောင်းသုံးမျိုးထဲမှ
"သမာနသုခဒုက္ခ" တူညီသော သုခ.ဒုက္ခ ချမ်းသာ ဆင်းရဲ၊ ချမ်းသာလည်းအတူတူ၊ ဆင်းရဲလည်းအတူတူ၊ တူညီတဲ့စိတ်ထားရှိတဲ့မိတ်ဆွေမျိုး၊ အေးအတူ ပူအမျှ၊မခွဲမခွာ တစ်ဦးအပေါ်တစ်ဦး အကျိုးပြုပြီးနေကြတဲ့ မိတ်ဆွေမျိုးကို
" သမာနသုခဒုက္ခ " လို့ခေါ်တယ်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်အပေါ်မှာ
အရှင်အာနန္ဒာဟာ အင်မတန်မှ သံယောဇဉ်ကြီးတယ်၊
အားလုံးကြားဖူးကြပါလိမ့်မယ်၊ ဒေဝဒတ်ရဲ့အစီအမံ
အရ အဇာတ်တသတ်မင်းကြီးက နာဠာဂီရိ ဆင်ဆိုး
ကြီးကို အရက်တွေတိုက်ပြီးတော့ ဘုရားဆွမ်းခံဝင်လာတဲ့လမ်းကြား မောင်းလွှတ်လိုက်တာ၊ ဘုရားနဲ့
သံဃာတွေလည်းကြွလာတယ်။ ဆင်ကြီးကလည်း
နှာမောင်းကြီးမြှောက် အော်ဟစ်ပြီးပြေးလာတယ်၊
သူ့ရှေ့မှာတွေ့တဲ့ပုဂ္ဂိုလ်ကတော့ မသက်သာဘူး၊ အဲဒီ
အချိန်မှာ အရှင်အာနန္ဒာ မထေရ်မြတ်ဟာ ဘုရားနောက်ကနေ ပါလာတာ။ ဘုရားကို ကာကွယ်ဖို့ရှေ့ကိုပြေးတက်လိုက်တယ်၊ သူအသက်စွန့်တာပဲ။ အဲဒီအချိန်မှာဆို ဘယ်လောက်အရေးကြီးတဲ့အချိန်လဲနော်၊ အရှင်အာနန္ဒာက သူ့အသက်ကိုစွန်ပြီး ဘုရားရှေ့က ဝင်ရပ်တယ်။
အဲဒီအချိန်မှာ မြတ်စွာဘုရားက"မလုပ်နဲ့အာနန္ဒာ"
ပြောလည်းမရဘူး၊ ဘုရားရှေ့ကနေ အတင်းရပ်တယ်၊ နောက်မှ မြတ်စွာဘုရားက တန်ခိုးတော်နဲ့ ဖယ်လိုက်ရ
တယ်။ အရှင်အာနန္ဒာကို ဖယ်ခိုင်းလို့မရဘူးနော်၊ ဘာ
တုန်းဆိုရင် ဒါ ဒုက္ခကြုံလာလို့ရှိရင် အသက်စွန့်တာ၊ဘုရားကိုတော့ မထိစေရဘူး၊ ငါကာကွယ်မယ် ဆိုပြီးတော့ အသက်စွန့်တာ၊ အဲဒီလို ပုဂ္ဂိုလ်မျိုးက "သမာနသုခဒုက္ခ" မိတ်ဆွေစစ်လို့ ခေါ်ပါတယ်တဲ့။
🙏ဆရာတော်ဘုရားကြီး
ဒေါက်တာနန္ဒမာလာဘိဝံသ၊
🌷နယ်လှည့်ဟောကြားမြတ်တရား မှ
🌷မျှဝေပူဇော်...ဦးမောင်မောင်ကြည်(ခေ ပ ဒူ တ)
No comments:
Post a Comment