စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, March 24, 2018

သိကြားမင်းကို ​မောင်းထုတ်​နိုင်​သူ

"သိကြားမင်းကို မောင်းထုတ်နိုင်သူ"
***********************
@@@@@@@@@@@@@@

       သိကြားမင်းကို မောင်းထုတ်နိုင်သူမှာ သုပ္ပဗုဒ္ဓနူနာသည်ပင်ဖြစ်၏။ သူသည် မြတ်စွာဘုရားတရားတော်ကို
နာကြားပြီး သောတာပန်တည်သွား၏။

      တရားပွဲပြီး၍ပြန်လာစဉ် သိကြားမင်းက နောက်မှလိုက်လာပြီး သုပ္ပဗုဒ္ဓအား ပြောခိုင်းသည်မှာ

" ဘုရားကို ဘုရားမဟုတ် ,တရားကို တရားမဟုတ် ,သံဃာကို သံဃာမဟုတ်" ဟုပြောရန် တိုက်တွန်း၏။

    ထိုသို့ပြောပါက"အနာရောဂါများ ​ပျောက်ကင်းအောင်ဥစ္စာဓနများ ချမ်းသာအောင်" မ,စ မည်ဟု စည်းရုံး၏။

     သုပ္ပဗုဒ္ဓသည် လက်မခံဘဲ သူ့အနားမှချက်ချင်းမောင်းထုတ်ခဲ့၏။

    သောတာပန်တည်ပြီးသော သိကြားမင်းသည် သုပ္ပဗုဒ္ဓကိုဖျက်ဆီးလို၍မဟုတ် ,တရားတကယ်ရမရ သိချင်၍သာ စုံစမ်းခြင်းဖြစ်ပေသည်။

    ဤအကြောင်းအားလေ့လာခြင်းဖြင့်

၁။ သောတာပန်သည် ရတနာသုံးပါးအပေါ်၌ ယုံမှား သံသယမရှိ။ အသက်ကိုစွန့် ကိုးကွယ်၏။

၂။ သောတာပန်သည် သိကြားမင်းကိုပင် မောင်းထုတ်နိုင်သောသတ္တိရှိ၏။

၃။ သောတာပန်၏ စိတ်ထားသည် ခိုင်မာ၏။ဘယ်တော့ မှ ဘာသာမပြောင်းတော့ပေ။

၎။ သုပ္ပဗုဒ္ဓသည် ပုထုဇဉ်သာဖြစ်ပါက သိကြားမင်း
    ဖျားယောင်းမှုနောက်တွင် ပါသွားမည်ဖြစ်၏။ပုထုဇဉ်
    သည် လောဘဓါတ်အပြည့်ရှိသောကြောင့်ဖြစ်၏။

      သို့ပါ၍ လူ့ဘဝရခိုက် သောတာပန် ဖြစ်ရန် ကြိုးစား
အားထုတ်ကြပါစို့လို့ တိုက်တွန်းရေးသားလိုက်ရပေသည်။

==========တရား ရတနာ=========

No comments:

Post a Comment