စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, March 19, 2018

ကုသိုလ်​​လေးမျိုး စုံ မစုံ စစ်​ကြည့်

ကုသိုလ် ၄ မျိုးစုံ မစုံ စစ်ဆေးကြည့်
🍂🍂🌿🍂🍂🌿🍂🍂🌿🍂🍂🌿

ညအိပ်ရာဝင်ပြီဆိုရင် အရင်ဆုံး ဒါန သီလ သမာဓိ ၀ိပဿနာ ၊ ကုသိုလ် ၄ မျိုး စုံ မစုံ ကိုယ့်ဟာကိုယ် ပြန်စစ်ဆေးကြည့်။ ကုသိုလ် ၄ မျိုးစုံသွားပြီဆိုရင် အိပ်ချင်လည်း အိပ်တော့။ အဲ့လိုဆိုရင် တစ်နေ့ တာအတွက် နေ့ တွက်ကိုက်သွားပြီ။

ကုသိုလ် ၄ မျိုး မစုံသေးဘူး ၊ လိုနေသေးတယ်ဆိုရင် မအိပ်နဲ့ ဦး။ ချက်ချင်း ဘုရားစင် ရှေ့ကိုသွား။ ဘုရားကို သောက်တော်ရေကပ် ၊ ဆီမီးကပ်။ ရေကတော့ အချိန်မရွေးကပ်လို့ ဖြစ်တယ်။ အဲ့လိုဆိုရင် ဒါနဖြစ်သွားမယ်။ သရဏဂုံ သီလဆောက်တည် - သီလ။ ထွက်လေ ၀င်လေရှုမှတ် ၊ ဘုရားဂုဏ်တော်ပွားများ - သမာဓိ ၊ ခန္ဓာအရှိကို ဥာဏ်နဲ့ သေသေချာချာကြည့်ရှုသုံးသပ် - ၀ိပဿနာ။ အိပ်ရာဝင်ခါနီးလေးမှာ ကုသိုလ် ၄ မျိုး တစ်ခါတည်းစုံသွားတယ်နော်။

ညအိပ်ယာဝင်တာဟာ အသေလေး သေတော့တာတဲ့။ အိပ်ရာကထလာတာက ဘ၀သစ်ကလေးပြန်စတာတဲ့။ အသေလေး သေခါနီး ကုသိုလ် ၄ မျိုးမစုံရင် ချက်ချင်းပြန်ဖြည့်လို့ ရတယ်။ အသေကြီး သေခါနီးရောက်ရင်တော့ ကုသိုလ် ၄ မျိုး မစုံလို့ ပြန်ဖြည့်လို့ မရတော့ဘူး။

တိပိဋက ယောဆရာတော်

အားလုံးအတွက် ကုသိုလ်နဲ့ စသော ကောင်းသောနေ့ လေး တစ်နေ့ ဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

Credit to original uploader.

No comments:

Post a Comment