စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, March 19, 2018

အေးချမ်း​သော​နေတတ်​ခြင်း

🌰အေးချမ်းသော နေတတ်ခြင်း🌰
(တိပိဋကဓရ ယောဆရာတော်ကြီး)

အချို့သောသူများက တရားဓမ္မ
အလုပ်ဟူသည် ဘာသာရေး
ကိစ္စဖြစ်ပြီး အသက်အရွယ်ကြီးရင့်
သူများ, ဘုန်းကြီးများ,သာသနာ့
နွယ်ဝင်များ၏ အလုပ်ဟုထင်မှားနေကြသည်။

အချို့ကလည်း ဘဝကူးကောင်းအောင်
ကြိုတင်ပြင်ဆင်ရသော အလုပ်ဟုသာ
ထင်မှတ်နေကြသည်။

ဘဝမှာ …သေတတ်ဖို့ ထက်
နေတတ်ဖို့ ကပိုအရေးကြီးသည်။
အနေတတ်လျှင် အသေတတ်ပါသည်။

ယခုဘဝတွင်တွေ့ ကြုံရင်ဆိုင်နေရသည့်
အခက်အခဲ အကျပ်အတည်း,
အတက်အကျ , အနိမ့်အမြင့်,
သုခ ဒုက္ခတို့ ၏ကြားတွင်
မိမိစိတ်ကို တည်ငြိမ်အေးချမ်းစွာ
ထားပြီး နေတတ်ရန်လို၏။

ထိုကဲ့သို့ နေတတ်ရန် တရားမရှိလို့ မဖြစ်နိုင်။

လူတိုင်းလူတိုင်း …တရားအလုပ်ကို
အရွယ်မရွေး အချိန်မရွေး နေရာမရွေး
လုပ်နိုင်ပါလျှင် အေးချမ်းသော
နေတတ်ခြင်းကို လုပ်နိုင်ပါသည်။

တိပိဋကဓရ ယောဆရာတော်ကြီး

No comments:

Post a Comment