မဲ့သေ ပြုံးသေ
🌻🌻🌻🌻🌻
* ကာမဂုဏ်ငါးထွေ ခင်များလေ
မဲ့သေ သေရမည်။
မဲ့သေသေက အပါယ်ကျ ဒုက္ခဆင်းရဲမည်။
* ကိုယ့်ကိုယ်ကိုယ်လေ ခင်များလေ
မဲ့သေ သေရမည်။
မဲ့သေ သေရ အပါယ်ကျ ဒုက္ခဆင်းရဲမည်။
* အကုသိုလ်တွေ ပြုများလေ မဲ့သေ သေရမည်။
မဲ့သေသေက အပါယ်ကျ ဒုက္ခဆင်းရဲမည်။
* သူတော်ကောင်းတွေ မယုံလေ မဲ့သေ သေရမည်။
မဲ့သေသေက အပါယ်ကျ ဒုက္ခဆင်းရဲမည်။
* ကာမဂုဏ်ငါးထွေ မခင်လေ ပြုံးသေ သေရမည်။
ပြုံးသေသေက လူနတ်ဘဝ ရောက်ရနိဗ္ဗာန်ဆီ။
* ကိုယ့်ကိုယ်ကိုယ်လေမခင်လေ ပြုံးသေ သေရမည်။
ပြုံးသေသေက လူနတ်ဘဝ ရောက်ရနိဗ္ဗာန်ဆီ။
* ကုသိုလ်တရားတွေ ပြုများလေ
ပြုံးသေ သေရမည်။
ပြုံးသေသေက လူနတ်ဘဝ ရောက်ရနိဗ္ဗာန်ဆီ။
* သူတော်တရားတွေ ယုံကြည်လေ
ပြုံးသေ သေရမည်။
ပြုံးသေသေက လူနတ်ဘဝ ရောက်ရနိဗ္ဗာန်ဆီ။ ။
အဘယသုတ် အင်္ဂုတ္တရနိကာယ်
ဓမ္မဒူတအရှင်ပညိဿရ ( လမ်းညွှန်တရားဆောင်ပုဒ်များ )
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာpageတင်ဆက်
သည်။
No comments:
Post a Comment