စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, May 7, 2018

အ​တွေးများ

"အတွေးများ"

လောကကြီးမှာ
ကိုယ်က သူတစ်ပါးကို
မုန်းရတာ မကောင်းသလို

သူတစ်ပါးက ကိုယ့်ကို
မုန်းနေတာလည်း မကောင်းပါဘူး

တစ်စုံတစ်ယောက်ကို
မုန်းမိပြီဆိုကတည်းက သူ့အကြောင်း
မကြာခဏ တွေးနေမိတော့မှာပါ

အဲဒီတွေးတဲ့ အတွေးစိတ်ဟာလည်း
ကုသိုလ်စိတ် လုံးဝမဟုတ်နိုင်ပါဘူး

အကုသိုလ်စိတ်ပဲ ဖြစ်နေမှာပါ

ကိုယ်က သူ့အကြောင်းတွေးပြီး
အကုသိုလ်ဖြစ်ရင်း အချိန်ကုန်နေတာဟာ
အလိုလိုနေရင်း ကိုယ့်ဘက်ကရှုံးနေတာပါ

မုန်းတဲ့အတွေးကိုတွေးတဲ့ အမုန်းစိတ်ဟာ
တွေးပါများရင် အကျင့်ပါသွားတတ်ပါတယ်

                              
အရှင်ရာဇိန္ဒ(ရဝေနွယ်-အင်းမ)

🌼Nge Nge Myat Aung🌼

No comments:

Post a Comment