စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, May 27, 2018

မလ္လိကာလို ကျွန်​ဘဝမ​ရောက်​​စေနဲ့

"ပုဏ္ဏိကာလို ကျွန်ဘဝမရောက်စေနဲ့"
************************
@@@@@@@@@@@@@@

       ဗုဒ္ဓဘုရားလက်ထက်တော်တွင် သာဝတ္တိပြည်
အနာထပိဏ်သူဋ္ဌေးအိမ်တွင် ပုဏ္ဏိကာအမည်ရှိ ကျွန်မငယ်တစ်ဦးရှိ၏။ သူသည် ရေခပ်ကျွန်တစ်ဦး၏ သမီးဖြစ်၏။ တစ်ရာမြောက် ကျွန်မငယ်ဖြစ်၍ ပါဠိလို ပုဏ္ဏိကာဟု ခေါ်ဆိုခြင်းဖြစ်၏။ မြန်မာလို ရာပြည့်ကျွန် ဟုခေါ်၏။

      ပုဏ္ဏိကာလေးသည် ခိုက်ခိုက်တုန်အောင် အေးလှသည့် အခါမျိုးမှာပင် ရေထဲဆင်းကာ ရေခပ်ရရှာ၏။
နောက် ကြာသော် သူဋ္ဌေးသည် သူ့အား ကျွန်အဖြစ်မှ
လွတ်ငြိမ်းခွင့်ပေးလိုက်၏။ထို့နောက် ရဟန်းမ ပြုသွား၏။ ဝိပဿနာတရားအားထုတ်ရာ မကြာမီ ရဟန္တာဖြစ်သွားလေသည်။

     ပုဏ္ဏိကာထေရ်ရီသည် ပရနိဗ္ဗာန်မပြုမီ မြတ်စွာဘုရားအား သူ့ဘဝ အတိတ်ဇာတ်ကြောင်းလျှောက်ထားသွား၏။

        သူသည် ဝိပဿီ သိခီ ဝေဿဘူ ကကုသန်
ကောဏဂုံနှင့်ကဿပဘုရား ခြောက်ဆူ၏ သာသနာတွင်ရဟန်းမ ပြုခဲ့၏။ တရားအလုပ် ကျိုးစားအားထုတ်၏။
ပညာရှိပြီး အိနြေ္ဒစောင့်စည်းသူလည်းဖြစ်ခဲ့၏။တရားအဟောအပြော ကောင်းသူလဲဖြစ်၏။

     သို့သော် အဆိုပါ ပညာကိုအကြောင်းပြု၍ မာန်မာနအလွန်ခက်ထန်ခဲ့၏။ သီလရှိသူ အခြားရဟန်းမ များအားမထီမဲ့မြင် မရိုမသေပြု၏။ထိုသို့ ပြုခဲ့၍ ယခုပုဏ္ဏိကာဘဝ
တွင် ကျွန်မ လာဖြစ်ရခြင်းဖြစ်ပါသည်ဟု ထုတ်ဖော်ဝန်ခံလျှောက်ကြားသွားလေသည်။

    သို့ပါ၍ မိမိထက်ကြီးမြတ်သူအား မရိုမသေ မလေးမစား ပြုမူပြောဆိုပါက ပုဏ္ဏိကာ ကဲ့သို့အမျိုးယုတ် အမျိုးညံ့သာ ဖြစ်မည်ဖြစ်ပါသောကြောင့် သတိထားနိုင်စေရန်
လေ့လာရေးသားလိုက်ရပေသည်။
Credit ...original uploaded

No comments:

Post a Comment