တုန့်ပြန်ချင်တဲ့စိတ်ကို ဘယ်လိုထိန်းမလဲ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
★ လက်စားမချေချင်အောင် လူတစ်ယောက်ကိုယ့်ကိုမကောင်းလုပ်တယ် သူ့ကိုပြန်လက်စားချေချင်တယ် လက်စားမချေချင်အောင် ဘယ်လိုလုပ်ရမှာတုန်း?
★ တူတဲ့ဟာလေး သွားကြည့် ဒီလူကလည်းပဲ insecure ဖြစ်လို့ စိတ်ထဲမှာ မလုံမလဲဖြစ်လို့ င့ါကို ဒီလိုလာပြီးတော့ပြောတယ် စိတ်ထဲမှာ သူ့ဟာသူ ဒုက္ခဖြစ်နေတာ။ ဗလောင်းဗလဲဖြစ်နေတယ် ဒုက္ခဖြစ်နေတယ်။ သူက အဲဒီလိုဖြစ်ပြီးတော့ ငါ့ကိုလာပြောလို့ ငါကလည်း စိတ်ထဲမှာ ဒုက္ခဖြစ်သွားတယ်။ ဒုက္ခဖြစ်သွားတာချင်း တူသွားတယ်။
★ အဲဒီလိုမြင်ရင် သူက in pain ပဲ နာကျင်နေတယ် ကိုယ်ကလည်း in pain နာကျင်တယ်။ နာကျင်တာကို နာကျင်မှန်းသိရင် ကရုဏာဖြစ်ဖို့ အနေအထားရှိပါတယ်။ compassion ဖြစ်နိုင်တယ်။ လူတစ်ယောက်က ကိုယ့်ကိုလာဆဲတယ်ဆိုရင် အော် ဒီလူ စိတ်ထဲမှာ ဒုက္ခရောက်နေလို့ he is suffering from insecure feeling မလုံခြုံတဲ့စိတ် ဒုက္ခပေးတာခံနေရတယ်။ မလုံခြုံတဲ့စိတ်နဲ့ သူဒီလိုလာပြောတယ်။ အဲလိုနဲ့ သူ့ကို နားလည်သွားတာ။
★ သူ့ကိုနားလည်သွားတာနဲ့ သူကိုပြန်ပြီးတော့ ဒေါသမဖြစ်ရုံတင်မကဘူး သူ့ကိုပါသနားတယ်။ ဒီသနားကရုဏာမှု ဒီမေတ္တာတရား ဘယ်ကနေလာတုန်း မှန်ကန်တဲ့သဘောထားအမြင်ကနေလာတာ၊ အနတ္တအမြင်ကနေလာတာ၊ အနတ္တသဘော အမြင်ကနေလာတာ။
★ လူတစ်ယောက် ကိုယ့်ကိုလာပြီးတော့ အတင်းဆဲဆိုနေတာ ကိုယ်ကဘာမှမဖြစ်ဘူးဆိုရင် ကိုယ်က resilience ရှိတယ်ပေါ့။ ဒါ positive ဖြစ်တာလား negative ဖြစ်တာလား? Negative ဖြစ်သေးလား လူအများစုကတော့ ကိုယ့်တွေးတာကိုက negative ဖြစ်တယ်လေ။
★ အဲလိုအပြောခံရတယ်ဆိုရင် ကံဆိုးတယ် ကိုယ့်နှုတ်ခမ်းမွှေးပေါ် သူများလမ်းလျှောက်တယ် ဒါမျိုးတွေ လျှောက်ပြီးတော့ တွေးတာလေ အမြင်မမှန်တာပေါ့။ အဲဒီလို သွားပြီးတော့ ယူဆတဲ့အခါကြတော့ လောကကြီးထဲမှာ ဒီလို imperfection ရှိတဲ့ စိတ်ထားမပြည့်စုံတဲ့သူတွေရှိတယ် ဒေါသရှိတဲ့လူတွေရှိတယ် အဲဒါကို ကိုယ်က လက်မခံဘူး။
★ ကိုယ်က လက်ခံမထားဘူး မျှော်လင့်မထားဘူး။ မျှော်လင့်မထားတဲ့အခါကြတော့ သူတို့ကလာပြီးတော့ ပြောလိုက်တယ်ဆိုရင် စိတ်ထဲမှာ ချက်ချင်း suprise အရမ်းဖြစ်သွားပြီးတော့ ကိုယ် react လုပ်တယ်။
★ ဒါကြောင့် လက်စားမချေချင်အောင်ဆိုရင် လက်စားချေချင်တဲ့အချိန်မှာ ကိုယ်ရဲ့စိတ်က positive ဖြစ်နေလား negative ဖြစ်နေလား happy ဖြစ်နေလား unhappy ဖြစ်နေလား အဲဒါလေးကြည့်။ unhappy ဖြစ်တယ်ဆိုရင် ကိုယ့်ကိုယ့်ကိုပြန်ပြီးတော့ ကရုဏာဖြစ်ပါတဲ့ မေတ္တာထားပါ။
★ မိဘကကိုယ့်အပေါ်မှာ အများကြီးကောင်းတယ် ဒါပေမဲ့ တခါတခါ ကိုယ်က.. စကားနားမထောင် မိဘစိတ်ဆင်းရဲအောင်လုပ်တယ်ဆိုရင် ဒါလည်းပဲ ဒီအတိုင်းပဲ ပြန်တွေးရမယ်။ ကိုယ်ရဲ့ imperfection အဲဒါကို ဒုက္ခအနေနဲ့မြင်၊ မြင်ပြီးတော့ ငယ်တာကနေ ကြီးလာတဲ့လူတွေ ဒီအတိုင်းပဲ တစ်ကြိမ်မဟုတ်ရင် တစ်ကြိမ်မှားတယ်။
★ တချို့ဘုရားလောင်းဖြင်မယ့်ပုဂ္ဂိုလ်တွေ တချို့ရဟန္တာဖြစ်မယ့်ပုဂ္ဂိုလ်တွေတောင်မှ ရှေးတုန်းက မိဘကို သတ်ဖူးတာတွေရှိတယ် အဲလောက်ထိဖြစ်တယ်။ ကိုယ်က အဲလောက်ထိမဖြစ်ဘူး ဒါကြောင့်ကိုယ့်ရဲ့ဒုက္ခကို ကိုယ် ပြန်ပြီးတော့လက်ခံလိုက်။ ဒီဒုက္ခကို ကိုယ်ရဲ့အပြစ်ကို လက်မခံလို့ ဟိုရှောင် ဒီရှောင် ရှောင်နေတယ်ဆိုရင် စိတ်ဖိတ်စီးမှုက ပိုပိုလာဖို့ပဲရှိတယ်။
★ ဒါကြောင့် မြတ်စွာဘုရားက ဓမ္မစကြာထဲမှာ ဟောထားတာ ဓမ္မစကြာရဲ့အနှစ်ချုပ်က ဒုက္ခကိုရင်ဆိုင်ပါ။ ထွက်မပြေးနဲ့။ ရင်ဆိုင်တဲ့နေရာမှာ တည်ငြိမ်တဲ့စိတ်နဲ့ရင်ဆိုင်ပါ အဲလိုပြောတယ်။ အဲတော့ အဲလိုစိတ်ထားမိတယ်ဆိုရင် မိဘကိုလည်း ကိုယ်ကသနားသွားတယ် ကိုယ့်ကိုယ်လည်း သနားတယ်။ မလိမ်မာတဲ့ကိုယ့်ကိုယ်ကို သနားတယ်။ အပြစ်တင်မယ့်အစား သနားတယ်။
★ အပြစ်တင်တာက ဒေါသ၊ သနားတာက ကရုဏာ၊ ကရုဏာနဲ့ ဒေါသနဲ့ တခြားစီပဲ။ ဒေါသက negative ဖြစ်တယ် ကရုဏာက positive ဖြစ်တယ်။ compassion က positive ဖြစ်တာ။
★ ဒေါသက negative ဖြစ်တယ်ဆိုတာ စိတ်ဆိုးနေတဲ့ လူတစ်ယောက် စိတ်ဆိုးနေတဲ့ဟာ သူ့လက်ကိုဒီအတိုင်း တန်းထားခိုင်း သူ့လက်ကို ဖိချ သူကအကြာကြီးတောင့်မထားနိုင်ဘူး။
★ စိတ်မဆိုးတဲ့အချိန်မှာ သူ့ကိုစိတ်ဓာတ်ကျစရာအကြောင်းတွေပြော negative အကြောင်းတွေပြောပေါ့ သူ့လက်ကို ဒီအတိုင်းတန်းခိုင်း အပေါ်ကဖိချ ချက်ချင်းကျသွားတယ် အားမရှိဘူး။
★ Positive ဖြစ်တဲ့ information တွေ သူ့ကို feed လုပ် သူ့ကိုပြော အားရှိတဲ့ဟာတွေပြော သူ့လက်ကို ဒီအတိုင်းတန်းခိုင်း ဘယ်လောက်ပဲဖိချဖိချ လက်ကမကျဘူး။
★ တစ်နည်းအားဖြင့် emotion က positive ဖြစ်တယ်ဆိုရင် ဦးဏှောက်က positive ဖြစ်တယ် ဦးဏှောက် positive ဖြစ်တယ်ဆိုရင် အဲဒီ ဦးဏှောက်က nervous system တွေကို positive ဖြစ်တဲ့ energy တွေပေးတယ်။
★ Emotion က negative ဖြစ်တယ်ဆိုရင် အဲဒီ emotion က ဦးဏှောက်ကို negative ဖြစ်အောင်လုပ်တယ်။ negative ဖြစ်တဲ့ emotion က ဦးဏှောက်ကို negative ဖြစ်အောင်လုပ်တယ်။ positive ဖြစ်တဲ့ emotion က ဦးဏှောက်ကို positive ဖြစ်အောင်လုပ်တယ်။ emotion ကနေစတာ အရေးကြီးတယ်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
🙏🙏🙏
(၇.၇.၂၀၁၇) ဆေးဝါးတက္ကသိုလ်တွင် ဟောကြားတော်မူခဲ့သော “အနတ္တအမြင်နှင့် အကောင်းမြင်အတွေး - Anatta Attitude and Positive Thinking - Q&A” တရားတော်မှ ကောက်နှုတ်ဖော်ပြပါသည်။
Text transcribed credit to #ThazinHteik
No comments:
Post a Comment