💦 ဆေးဖက်ဝင်တဲ့  မျက်ရည်ပင်
°•°••°••°••°••°••°••°••°••°••°
💦 အို °••°••°
ချစ်သောနှမ ဘဒ္ဒကဉ္ဇနာ
သံသရာ အထပ်ထပ်
ဖြည့်အပ်တဲ့  ပါရမီ
အတိတ်ကမ္ဘာဆီက အပ်ကြောင်း
ဂဏန်းပေါင်းက များစွာ
ဘယ်လိုသာ ထပ်ကာတွေး
ဟိုးအဝေးက လေးအသင်္ချေ
ကမ္ဘာ ကတစ်သိန်း
သစ္စာတွေ ကိန်းအောင်ပေါ့ ။
💦 ဘဝပေါင်းက အလီလီ
ပါရမီတွေ ဖြည့်ဆည်း
မပြည့် နိင် သေးသူမို့ 
သံသရာဒီ ခရီးမှာ
အပူမီးတွေ ဖြတ်ခါခွဲ
လက်တွဲခဲ့ဖူးတဲ့ သင့်ကျေးဇူးကို.
ဥပေက္ခာတရားနဲ့ 
ပြစ်ပယ်သွားတာ
မဟုတ်ပါဘူး ယသော်ဓရာ ။
💦 ဆုံခဲ့တဲ့ အတိတ်
နမိတ်တွေက အလီလီ
နိမ့်ချီ တစ်ခါ သာညီတလှည့်
အကာတွေပျက် အနှစ်မပါ
သံသရာပေါင်း များစွာ တွေမှာ
အေးတူမကွာ ပူအတူမျှ
ထပ်တူကျ လို့  နောက်တော်ပါး
တစ်ဖဝါး မခွါ အတူရှိ
ငါသိပါတယ် ယသော်ဓရာ ။
💦 ယသော်ဓရာ °••°••°
အဝိဇ္ဇာဘောင်ခတ်
တဏှာဇာတ်တွေနဲ့ 
မသာ မပြတ်တဲ့  ကိလေသာ
နှောင်ဖွဲ့ ကာ သူ့ အတင်း
အတ္တဆို တဲ့ နွံအကျဉ်းထောင်မှာ
နေ့ စံ ညစံ ပြန်ပြန်ခံရင်း
သံသရာ ပြောင်းပြန်မှောက်
ဒုက္ခ အောက်မှာ
ဒုက္ခပျောက် ဖို့  အရေး
ငါတို့  တွေးခဲ့  ပြီးပြီဘဲ ။
💦 သုည နဲ့ သုည နဲ့ 
မတူကြတဲ့  ဘုံဘဝမှာ
ဘယ်သူသာ ဘယ်သူမြတ်
ရလဒ်ကလည်း ဖိုးသုံးည
ဆုံကြရတဲ့  တိတ်ကံအကြောင်း
ပေါင်းလိုက ပေါင်း
ဟောင်း လို က ဟောင်းပါစေ
မပြောင်းတဲ့  ခန္ဓာတွေ
သေဖို့ သာရှိ ဓာတ်ခွဲကြည့်ရင်
အိုနာသေကွဲ အဖြေမလွဲ လို့ 
တွဲခဲ့  ဘဝ နွဲသမျှ ခွဲ
ကွဲကွာ နိဂုံး လုံးလုံးကြီးသာ
စိတ်ကုန်ခဲ့တာ ပါ ။
💦 သံသရာ တစ်ဖက်ကမ်း
ခန္ဓာရဲ့ အလွမ်း ဇာတ်
နိဂုံးတစ်ပတ် အဆုံးသတ်ဖို့ 
သောကပြတ် ရာ
အိုနာသေ စခန်းလွန်တဲ့
အမတ လမ်းစဉ်ကို ဖွေရှာ
ဥရုဝေဠာကို
ဒီညဘဲ တောထွက်
နှုတ်မဆက်သာ လွမ်းစရာည မို့ 
ရုတ်တရက်ခွာ
ဝမ်းနည်းရမယ် ဆိုတာ
မသိလို့တော့ မဟုတ်ပါဘူး
ယသော်ဓရာ ရယ် ။
💦 အိပ်မောရယ် ကျ
မင်း နိုးထရင်ဖြင့်
စိတ်သောက အစဉ်ညှိုးလျပြီး
ယူကြုံးမရ အပူလုံးကြွရင်ပ
အတိုးချလို့  ငိုချင်းရှည်
ပါးပြင်မှာတော့ မျက်ရည်ကြွေ
တွေ ဝေ လေ စီးကာဆင်း
ရင်း တွင်းမှာတော့ နွေကမ္ဘာ
ဖြေစရာ ဆေးမရှိပေမဲ့
ဝေဒနာ ပေး မိရင်လည်း
ခွင့်လွတ်ပေးပါ ယသော်ဓရာ ။
💦 အခုတော့ °••°••°
မခေါ်သာ တော်ရာ ထားသူလို့ 
ရင်သည်းခြာ ရာဟု သားရယ်နှင့်
နန်းမဏ္ဍိုက် မှာ ငိုရှိုက်
မိုက်လိုက်တဲ့ 
မောင်ဘုရားရယ်လို့ 
မျက်တော် မဝင် ခွဲ
တောင်ပန်းဆဲပါ ယသော်ဓရာ။
💦 ရင်ထဲက တနာနာ
အကြင်နာ စဉ်ကာ ပွားစေပေါ့
အချိန်ကြာ နာရီစားလေသမျှ
ဘုရားဖြစ် တဲ့ တစ်နေ့ 
သားချစ် နဲ့ အတူတူ
အအေးကိုယူ အပူတွေချ
အလင်းရောင်တွေပြ ဖို့ 
ထားရစ်ခဲ့တာပါ
ယသော်ဓရာ.°••°••°
💦 ငိုကြွေးလိုက်ပါ ယသော်ဓရာ
သင်ငိုသမျှ မျက်ရည်စ
တစ်ချိန်ကျရင်ဖြင့်
လောကအတွက် အသက်ရှင်
ဆေးဖက်ဝင် တဲ့ 
မျက်ရည်ပင်အဖြစ်
ထာဝရ °••°••°••°
တင်ကျန်ရစ် မှာပါ ။
💦💧💦
ရွှင်လန်းချမ်းမြေ့ကြပါစေ
Moe Zat
( မကွေး )
2-5-2018
5း၀၀pm
No comments:
Post a Comment