အဆိုတော် ဦးခင်မောင်တိုးသီဆိုတဲ့
“ဆယ်လ်မွန်ငါးတို့အပြန်” ဆိုတဲ့သီချင်းရဲ့
အဓိပ္ပါယ်ကိုအခုမှပဲ သေချာနားလည်တော့တယ်။
“ဆယ်လ်မွန်ငါးတို့အပြန် "
-----------------------------
ဆယ်လ်မွန်ငါးတွေဟာ ရေချိုမှာမွေးဖွားပြီး
ရေငံ(ပင်လယ်)မှာကြီးပြင်းတဲ့ငါးမျိုးဖြစ်တယ်…
မိခင်ဆယ်လ်မွန်ငါးဥမှ (၃)လကြာမှာ ငါးသား
လောင်းတွေအဖြစ်ထွက်လာပါတယ်..
ရေချိုမှာ ပျမ်းမျှ(၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ
ပင်လယ်ပြင်ကြီးဆီထွက်လာပါတယ်..
ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီး
မိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကိုပြန်ကြပါတယ်..
တချို့ဆယ်လ်မွန်တွေကတော့ ကြင်ဖေါ်မတွေ့နိုင်ပဲ
ပင်လယ်သမုဒ္ဓရာထဲ (၅)နှစ်အထိကြာတတ်ပါ
တယ်.. ဒီကြားထဲမှာတော့ လူသားတွေရဲ့ဖမ်းဆီး
ခြင်းခံရတာမျိုးရှိပြီး မွေးရပ်ပြန်မျိုးဆက်မပွားနိုင်တာ လည်းများတယ်.. သုတေသီတို့တွေ့ရှိချက်အရ
(၁၀)%သာ မွေးရပ်ပြန်မျိုးပွားနိုင်ကြောင်းတွေ့ရှိရပါ
တယ်။
ဆယ်လ်မွန်ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း
(၂၀၀၀)လောက်ရှိကြတယ်တဲ့.. ချစ်ဖေါ်နဲ့လက်တွဲ
မျိုးဆက်သစ်မွေးဖွားဖို့ အပြန်ခရီးစတင်ပြီဆိုတာနဲ့
ဆယ်လ်မွန်စုံတွဲဟာ လုံးဝအစာမစားတော့ပါ…..
အဲလိုနဲ့ မိမိတို့မွေးဖွားရာအရပ်ရောက်ရင်
ဆယ်လ်မွန်ငါးတို့ ချစ်ရည်လူးပြီး အမဖြစ်သူဟာ
ဥချရန် ၎င်းရဲ့အမြီးနဲ့ ကျောက်စရစ်သားကိုတူးဆွပြီး
တွင်းချိုင့်ဖြစ်အောင်လုပ်တယ်..ဆယ်လ်မွန်ငါးတွေ
ဥချမွေးဖွားရာအရပ်စာ ကျောက်စရစ်မြေခံရေကြည်
ရာအရပ်ဖြစ်တယ်..။
တခါဥရင် အကောင်ရေ(၂၀၀၀)မှ(၁၀၀၀၀)အထိ
ရှိတတ်တယ်တဲ့…။ဆယ်လ်မွန်ငါးအမဥတွေချနေ
ချိန်မှာ ငါးအထီးဟာ ဘေးနားမှာ ငါးမအန္တရယ်
မဖြစ်အောင် ကာကွယ်ဖို့ စောင့်ရှောက်နေရပါ
တယ်။ငါးအမဥတွေအကုန်ချပြီးမှာ အထီးဖြစ်သူက
ဖိုမျိုးစေ့ Spam တွေဥပ်ါချလိုက်တယ်..
အထီးဖြစ်သူဥပေါ်မှထွက်ပြီးမှာ အမဖြစ်သူက
မျိုးဆက်သစ်ဖြစ်မယ့် ဥတွေရေစီးနဲ့ပါမသွားအောင်
အပေါ်ကဝပ်ပေးပြီးဘယ်မှမသွားတော့ပါ။ ဒီလိုနဲ့
(၃)ရက်မှ (၇)ရက်အတွင်း အမဖြစ်သူဟာ၎င်းရဲ့
ဥအသိုက်ပေါ်မှာပဲ သေဆုံးသွားပါတယ်..
အထီးဖြစ်သူကတော့ အနီးအနားပတ်ဝန်းကျင်မှာပဲ
သေဆုံးသွားပါတယ်..။
အဲလိုနဲ့ ဆယ်လ်မွန်ငါးသားပေါက်လေးတွေဟာ
(၃)လမှာ ဥမှထွက်လာပါတယ်။ အဲဒီအခါမှာ
ဆယ်လ်မွန်ငါးမိခင်ဟာ သေဆုံးပြီးရုပ်ကြွင်းမှ
အသားမျှင်လေးတွေအဖြစ် အနီးနားမှာပြန့်ကြဲနေ
ပါပြီ။ ဥမှထွက်ထွက်ခြင်း ငါးပေါက်လေးများဟာ
ရေမကူးနိုင်သေးပါ တွားသွားပြီး အစာအဖြစ်
မိခင်ရုပ်ကြွင်းအသားမျှင်လေးများကို စားကြရပါ
တယ်။
အဲဒီမှာ ဆယ်လ်မွန်ငါးတို့ဟာ ဘာဖြစ်လို့ မျိုးဆက်
သစ်မွေးဖွားတော့မယ်ဆိုတာနဲ့ အစာမစားတော့
တာဟာ မိမိအသက်အသေခံဖို့ တခြားအစာ(ရေ
ညှိရေမှော်ကအစ) ဘာမှမရှိတဲ့ကျောက်စရစ်ရေ
အောက်မြေသားမှာ မိမိအသွေးသားကို
မိမိမျိုးဆက်စားသောက်ပြီး အသက်ဆက်ဖို့အတွက်
ဖြစ်ပါတယ်။ ဆယ်လ်မွန်ငါးအထီးကတော့ အနီးနား
မှာသေဆုံးပြီး ကြီးပြင်းလာတဲ့မိမိမျိုးဆက်အပြင်
တခြားသော ဆယ်လ်မွန်ငါးတွေအတွက် အစာ
အဖြစ်ပေးဆပ်ပါတယ်။
ဆယ်လ်မွန်ငါးတွေရဲ့ အလွန်ထူးခြားသော
မျိုးဆက်သစ်အတွက်ပေးဆပ်မှုက အလွန်ချီးကျူး
အံ့သြဖွယ်ရာပါ။
ထို့ကြောင့် ဂျပန်လူမျိုးတွေတို့မှာ ဆယ်လ်မွန်ငါး
ရဲ့သဘာဝကိုစံထားပြီး မိမိတို့မျိုးဆက်သစ်အတွက်
ပေးဆပ်ဖို့ ပညာပေးကြပါတယ်။
ရေချိုမြစ်ချောင်းတွေထဲမှာ ဥ ဥပြီး အကောင်ပေါက်
တော့ ရေငန်ပင်လယ်ထဲကို ဆင်းသွားကြတယ်…
ရေငန်ပင်လယ်ထဲမှာ မျိုးစိတ်အဆင့်အတန်းအလိုက်
တစ်နှစ် ကနေ ငါးနှစ်လောက် အထိနေပြီးလို့ သူ
တို့ရဲ့ မျိုးပွားအင်္ဂါတွေ ကောင်းစွာဖွံ့ဖြိုးလာတဲ့အခါမှာ
ရေငန် ပင်လယ်ထဲကနေ သူတို့ ပေါက်ဖွားခဲ့တဲ့
မူလနေရာ ရေချိုမြစ်ချောင်းတွေရဲ့ အစနေရာကို
ပြန်သွားကြတယ်တဲ့…
ဒီအကြောင်းတွေကတော့ ကြားဖူးပြီးသားဖြစ်မှာပါ။
ဆယ်လ်မွန်ငါးတို့ အပြန်ဆိုတဲ့ နိုင်ငံကျော်သီချင်း
တောင် ရှိနေသေးတာဘဲ…
တကယ်ဆိုဆယ်လ်မွန်ငါး တွေရဲ့ ဇာတိစွဲက
ဘယ်လောက် ချစ်စရာကောင်းသလဲ…
ဘယ်နေရာဘဲ ရောက်နေနေ သူတို့ရဲ့ ဇာတိကို
မေ့မသွားဘူးလေ…ရောက်အောင်ပြန်ကြတယ်…
ပင်လယ်ကနေ မူလဇာတိ မြစ်ချောင်းတွေဆီကို
ပြန်တယ်ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ…
မြစ်ချောင်းတွေဟာ အမြင့်မှာ…ပင်လယ်က
ဟိုးအနိမ့်ဆုံးမှာ…
အနိမ့်ဆုံးနေရာကနေ အမြင့်ဆုံနေရာဆီကို
ဆန်တက်ကူးခတ်ပြီး ပြန်ကြရတာလေ…
သူတို့တွေရဲ့ လမ်းကြောင်းကိုသိထားတဲ့ ရွာသူရွာ
သားတွေက အပြန်လမ်းကို စောင့်ပြီး ဖမ်းကြသေး
တယ်…ပိုက်တွေထဲ တိုးဝင်ပြီး ပါသွားလိုက်တာ
အများအပြား…
ပိုဆိုးတာတစ်ခုက မြစ်ချောင်းတွေဆီကနေ
ပင်လယ်ဆီကို လာတုန်းက အဆင်းလမ်းကို
လာခဲ့ကြတယ်…
ရေစီးနဲ့ မျှောလိုက်ပြီးလာခဲ့ကြတယ်…
အခု ပင်လယ်ကနေ မြစ်ချောင်းတွေဆီကို
ပြန်မယ်ဆိုတော့ ရေဆန်ကို ကူးခတ်ကြရပြီ…
ရေဆန်မို့လို့ ပင်ပန်းနေပါတယ်ဆိုမှ လမ်းခရီးက
ပုံစံတွေ ပြောင်းနေတတ်သေးတယ်…
ဆည်တွေဖို့လိုက်တာမျိုး…မြောင်းတွေပိတ်ပစ်လိုက်
တာမျိုးတွေပေါ့…အဲ့လိုနေရာတွေကိုရောက်တဲ့အခါ
မှာ ငါးလေးတွေဟာ လမ်းပျောက်သလိုဖြစ်ပြီး
သေလိုက်ကြတာမှ အတုံးအရုံး…
ဒါကို ကြိုသိနေတဲ့ ရွာသူရွာသားတွေက
ပျော်ရွှင်စွာ သွားကောက်ကြတယ်တဲ့…
ကြည့်သာ ကြည့်နေရတယ် ကိုယ့်မှာ ၀မ်းနည်း
ပူဆွေးမှုတွေနဲ့…
အိမ်ပြန်ရတာ အဲ့သလောက်ဘဲ ခက်ခဲသလား…
အိမ်အပြန်လမ်းဟာ အဲ့သလောက်ဘဲ
ကြမ်းတမ်းသလား…
အိမ်ပြန်ရောက်ချင်တဲ့စိတ်ဟာ ကျိန်စာတစ်ခုလို
အသက်ကိုပါ နှုတ်ယူပစ်တတ်တာမျိုးလား…
အိမ်နဲ့ ဝေးနေသူတွေရဲ့ အိမ်ပြန်ချင်တဲ့စိတ်ဟာ
တပါးသူရဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ခံယူကြဖို့လား
အိမ်ပြန်ချင်စိတ် သိပ်နှိပ်စက်တဲ့အခါ
သေရမှာကိုတောင် မကြောက်တော့တဲ့
ဆယ်လ်မွန်ငါး လေးတွေရဲ့ သတ္တိကိုတော့
အလေးပြုမိပါရဲ့…။
ဆယ်လ်မွန်ငါးတို့ရဲ့ သဘာဝကိုအတုယူပြီး
မိမိတို့မျိုးဆက်အတွက်ပေးဆပ်တဲ့
အကျင့်လေးများရှိဖို့ အကြံပေးပါရစေ..။
Credit: Ko Pyi Soe
No comments:
Post a Comment