စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, May 7, 2018

နှ​မြောစရာ

🔼 နှမြောစရာ 🔼

တရားအကျင့်မရှိသူဟာ
ဘုရားဆိုရင် ဆင်းတုတော်ကိုသာ မြင်လိမ့်မယ်။
တရားဆိုရင် စာအုပ်တွေသာ မြင်လိမ့်မယ်။
သံဃာဆိုရင် ဘုန်းကြီးဝတ်ကိုသာ မြင်လိမ့်မယ်။

ကိလေသာငြိမ်းကြောင်း ကျင့်ကြံမှ
ကိလေသာကင်းစင်တဲ့
ဘုရားဂုဏ်ကို ကြည်ညိုနိုင်တယ်။

ကိလေသာငြိမ်းကြောင်း ကျင့်ကြံမှ
ကိလေသာငြိမ်းစေတဲ့
တရားဂုဏ်ကို မြင်နိုင်တယ်။

ကိလေသာငြိမ်းကြောင်း ကျင့်ကြံမှ
ကိလေသာကင်းတဲ့
အရိယာသံဃာဂုဏ်ကို မြင်နိုင်တယ်။

ဘုရားသာသနာဆိုတာ~~~
သီလ သမာဓိ ပညာကျင့်စဉ်ပါ။

ကိုယ်တိုင်ကျင့်ရင် ကိုယ်တိုင်သိ
ကိုယ်တိုင်ခံစားရတဲ့ တရားတွေပါ။
ချမ်းသာလိုက်တာမှ အလွန်ပါ။

တို့ဗုဒ္ဓဘာသာဝင်တွေ မကျင့်ဘဲ
အကျိုးရမယ်ထင်နေကြတာ
နှမြောစရာကောင်းလိုက်တာ။

တို့ဗုဒ္ဓဘာသာဝင်တွေ
သီလတောင် လုံအောင်မစောင့်ကြည့်
သမာဓိ ပညာ အကျင့်တောင် မကျင့်ကြံဘဲ
သာသနာအရိပ်ခိုကာ ဝေဖန်ရေး လုပ်နေကြတာ
သနားစရာ ကောင်းလိုက်တာ။

ဘုရားသာသနာဆိုတာ သုံးမကုန်
ယူမကုန်တဲ့ ရွှေအိုးကြီးပါဗျာ။
သုံးတတ်သူသာ တန်ဖိုးသိတယ်။
ယူတတ်သူသာ ရကြတယ်။

မေတ္တာဖြင့်
ဦးတိက္ခဉာဏ
ဝိဇ္ဇောဒယသဲအင်းဓမ္မရိပ်သာ
(21.8.2015)
Credit ... မခင်​ခင်​စီ (ဝိ​ဝေက)

No comments:

Post a Comment