စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, May 2, 2018

သေမင်း၏ရယ်​​မောခြင်း

“ သေမင်း၏ ရယ်မောခြင်း ”
🍂🍂🍃🍂🍂🍃🍂🍂🍃

သူနိုင် ငါနိုင်
အပြိုင်တိုက်ခွင်း၊ အောင်မြေနင်းစဉ်
သေမင်း ဘေးကရယ်သတည်း။   ။

သူပိုင် ငါပိုင်
အနိုင်ခုံသွင်း၊ လုယက်ငြင်းစဉ်
သေမင်း ဘေးကရယ်သတည်း။   ။

သူ့ဟာ ငါ့ဟာ
တဏှာမကင်း၊ တပ်မက်ငြင်းစဉ်
သေမင်း ဘေးကရယ်သတည်း။   ။

သူချော ငါလှ၊ တသသနှင့်
ရူပရုပ်ဆင်း၊ ပြုပြင်ခြင်းကို
သေမင်း ဘေးကရယ်သတည်း။   ။

လွှမ်းခြုံအာဏာ
ပြည်ရွာသေဉ်နှင်း၊ တန်ခိုးပြင်းစဉ်
သေမင်း ဘေးကရယ်သတည်း။   ။

ရွှေ ငွေ မြ ဖာလ်
ပိုလျှံပြည့်တင်း၊ ဌေးကြွယ်ခြင်းကို
သေမင်း ဘေးကရယ်သတည်း။   ။

ဆယ်စီးဆင်ပြောင်၊ အားအန်ဆောင်၍
မာန်စောင်ကြီးလှ၊ ကိုဗလအား
ဘေးက သေမင်းရယ်သတည်း။   ။

ခြွေရံပေါငြား၊ ငါတကားဟု
ထောင်လွှားတက်ကြွ၊ ကိုယသအား
ဘေးက သေမင်းရယ်သတည်း။   ။

လက်နက်ပိုင်ရှင်၊ ငါသခင်ဟု
ငါပြင်မရှိ၊
ကြီးဘိ မာန၊ ကိုဗာလအား
ဘေးက သေမင်းရယ်သတည်း။   ။

ရှင်သေမင်းကား၊       အလျင်းမလပ်
မခတ်မျက်တောင်၊     ကြောင်ကြောင်တည့်တည့်
ကြည့်ကာ ကြည့်ကာ၊ နေချေပါ၏
မရဏာမင်းမြတ်၊       အရယ်ရပ်ဖို့
စိတ်ဓာတ်တက်ကြွ၊    မာန်မထဘဲ
လောဘ ဒေါသ၊         မောဟသုံးဟိတ်
ကိုယ်မှာဆိတ်အောင်
ကွပ်နှိပ် ဆုံးမ ရာသတည်း။   ။
     
                                          နိုင်ငံတော် သြဝါဒါစရိယ
                                           မြန်မာစာ သြဝါဒါစရ်ယ
                        ထီးချိုင့်မြို့ တည်တောဆရာတော်ဘုရားကြီး
                                    🙏🙏🙏

1 comment:

  1. ကောင်းလွန်းလို့ Credit ပေးကာ ရှယ်ပြီး ပြန်လည်တင်ပြပါရစေ။

    ReplyDelete