“ သေမင်း၏ ရယ်မောခြင်း ”
🍂🍂🍃🍂🍂🍃🍂🍂🍃
သူနိုင် ငါနိုင်
အပြိုင်တိုက်ခွင်း၊ အောင်မြေနင်းစဉ်
သေမင်း ဘေးကရယ်သတည်း။ ။
သူပိုင် ငါပိုင်
အနိုင်ခုံသွင်း၊ လုယက်ငြင်းစဉ်
သေမင်း ဘေးကရယ်သတည်း။ ။
သူ့ဟာ ငါ့ဟာ
တဏှာမကင်း၊ တပ်မက်ငြင်းစဉ်
သေမင်း ဘေးကရယ်သတည်း။ ။
သူချော ငါလှ၊ တသသနှင့်
ရူပရုပ်ဆင်း၊ ပြုပြင်ခြင်းကို
သေမင်း ဘေးကရယ်သတည်း။ ။
လွှမ်းခြုံအာဏာ
ပြည်ရွာသေဉ်နှင်း၊ တန်ခိုးပြင်းစဉ်
သေမင်း ဘေးကရယ်သတည်း။ ။
ရွှေ ငွေ မြ ဖာလ်
ပိုလျှံပြည့်တင်း၊ ဌေးကြွယ်ခြင်းကို
သေမင်း ဘေးကရယ်သတည်း။ ။
ဆယ်စီးဆင်ပြောင်၊ အားအန်ဆောင်၍
မာန်စောင်ကြီးလှ၊ ကိုဗလအား
ဘေးက သေမင်းရယ်သတည်း။ ။
ခြွေရံပေါငြား၊ ငါတကားဟု
ထောင်လွှားတက်ကြွ၊ ကိုယသအား
ဘေးက သေမင်းရယ်သတည်း။ ။
လက်နက်ပိုင်ရှင်၊ ငါသခင်ဟု
ငါပြင်မရှိ၊
ကြီးဘိ မာန၊ ကိုဗာလအား
ဘေးက သေမင်းရယ်သတည်း။ ။
ရှင်သေမင်းကား၊ အလျင်းမလပ်
မခတ်မျက်တောင်၊ ကြောင်ကြောင်တည့်တည့်
ကြည့်ကာ ကြည့်ကာ၊ နေချေပါ၏
မရဏာမင်းမြတ်၊ အရယ်ရပ်ဖို့
စိတ်ဓာတ်တက်ကြွ၊ မာန်မထဘဲ
လောဘ ဒေါသ၊ မောဟသုံးဟိတ်
ကိုယ်မှာဆိတ်အောင်
ကွပ်နှိပ် ဆုံးမ ရာသတည်း။ ။
နိုင်ငံတော် သြဝါဒါစရိယ
မြန်မာစာ သြဝါဒါစရ်ယ
ထီးချိုင့်မြို့ တည်တောဆရာတော်ဘုရားကြီး
🙏🙏🙏
ကောင်းလွန်းလို့ Credit ပေးကာ ရှယ်ပြီး ပြန်လည်တင်ပြပါရစေ။
ReplyDelete