စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, June 14, 2020

တန်ဘိုးရှိတဲ့လူ

'' တန်ဘိုး ရှိတဲ့ လူ ''
🙏🙏🙏🙏🙏
  *  `သူတော်ကောင်း ဆိုတဲ့ စကားလုံးကို 
      ပါဠိဘာသာမှာ `သပ္ပု ရိသ လို့ ခေါ်တယ် ။   
  " သန္တော ပုရိသော သပ္ပု ရိသော " ဆိုတဲ့ အတိုင်း 
  " ငြိမ်သက် အေးချမ်းသော သူ " လို့   အဓိပ်ပါယျရတယျ ။

  မြန်မာလို `သူတော်ကောင်း ဆိုတာ 
  တော်လည်း တော်၊  ကောင်းလည်း ကောင်းတယ် လို့ ဆိုလိုတယ် ။
  `တော်တယ် ဆိုတာ အရည်အချင်း ရှိတာ ။
  `ကောင်းတယ် ဆိုတာ စိတ်ထားကောင်းတာ ။ 

  ကိုယ်ကျင့်တရား နဲ့ 
  အသိဉာဏ် ဆိုတဲ့ အရည်အချင်းလည်း ရှိတယ် -  
  စိတ်နေစိတ်ထားလည်း ကောင်းတယ် - ဆိုရင် 
  ဒီလို ပုဂ္ဂိုလ်မျိူ းကို `သူတော်ကောင်း တဲ့ ။

  *  တစ်နည်းအားဖြင့် ပြောရရင် 
      `တော်တယ် ဆိုတာ 
  `ပညာအရည်အချင်းကို ပြောတာ ။
  `ကောင်းတယ်ဆိုတာ 
  `အကျင့်စာရိတ္တပိုင်းဆိုင်ရာ ကောင်းတာကို
  ပြောတာ ။ 
  
  လူတွေက  လူတစ်ယောက်ကို 
  `လူတော်လို့ ပြောတာ 
  သူ့ရဲ့  `ပညာအရည်အချင်းကို 
  ရည်ညွှန်းပြီး ပြောတာ ။ 
  `လူကောင်းလို့ ပြောတာကျတော့
  `အကျင့်စာရိတ္တပိုင်း ကို ရည်ညွှန်းတာ ။ 
  `ပညာလည်း တော်တယ် ။
  `ကိုယ်ကျင့်တရားလည်း ကောင်းတယ် ပေါ့ ။

  *  သို့သော် 
      လူတွေထဲမှာ 
  " ပညာ တော်တယ် -
     ကိုယ်ကျင့်တရား မကောင်းဘူး "
  " ကိုယ်ကျင့်တရား ကောင်းတယ် 
     ပညာ မတော်ဘူး " ဆိုသူတွေလည်း 
  ရှိနိုင်တယ် ။
  " ကိုယ်ကျင့်တရား ကောင်းတယ်
     ပညာ မတော်ဘူး "
   "ပညာ တော်တယ် 
    ကိုယ်ကျင့်တရား မကောင်းဘူး "  ဆိုရင် 
  တစ်ခြမ်း ပဲ့ နေတယ် ။ မပြည့်စုံဘူး ။

  အရည်အချင်း ၂- ရပ် ။
  
  *  အဲဒီတော့ 
      ဒီ ၂- ခု ဟာ 
  လူ တစ်ဦးတစ်ယောက် အတွက် 
  အခြေခံအားဖြင့် ရှိရမယ့် 
  အရည်အချင်း ဖြစ်တယ် ။
 
  ဒီ ၂- ခု အောက် လျော့လို့ မဖြစ်ဘူး ။ 

  သို့သော် 
  မဖြစ်မနေ တစ်ခုကိုသာ ရွေးချယ်ရမယ် ဆိုရင် 
  `ကိုယ်ကျင့်တရား ကို ရွေးရမှာ ဖြစ်တယ် ။
  `ကိုယ်ကျင့်တရား ကောင်းဖို့က 
  ပိုပြီး အဓိက ကျတယ် ။
  " သီလမေ၀ သုတာ သေယျော " တဲ့ ။
  `ကိုယ်ကျင့်သီလ က 
  `အကြားအမြင် ပညာ ထက်
  ပိုပြီး ချီးမွမ်းထိုက်တယ် လို့ ဆိုတယ် ။

  *  သို့သော် ကိုယ်ကျင့် ကောင်းသော်လည်း    
      အသိပညာ နည်းပါးသူဟာ 
  အများအကျိူ း အတွက် လုပ်နိုင်စွမ်း သိပ် မရှိဘူး ။ 

  ပညာအရည်အချင်း က တော်ပါရဲ့
  ကိုယ်ကျင့်တရား က မကောင်းဘူး ဆိုရင်တော့
  ဒီ ပုဂ္ဂိုလ်မျိူ းက 
  အန္တရာယ် များတဲ့ ပုဂ္ဂိုလ် ဖြစ်လာတတ်တယ် ။
  
  အဲဒါကြောင့်
  သီလ နဲ့ ပညာ လို့ ဆိုတဲ့
  ဒီ အရည်အသွေး ၂- မျိူ းစလုံး ရှိရမယ် ။
  ဒီ အရည်အသွေး ၂- မျိူ းစလုံး ရှိတယ် ဆိုရင် 
  `အလွန် တန်ဘိုးရှိတဲ့ လူ ဖြစ်တာပေါ့ ။ ။ ။
   🙏🙏🙏🙏🙏🙏🙏🙏🙏

(ပါမောက္ခချုပ်ဆရာတော် အရှင်နန္ဒမာလာဘိဝံသ)

ပြန်လည်မျှဝေပေးပါသည်။
🙏🙏🙏

No comments:

Post a Comment