စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, June 5, 2020

ဆီလိုအပေါက်ရှာပြီး မပြောမိစေနဲ့

ဆီလိုအပေါက်ရှာပြီးမပြောမိစေနဲ့...
🌺🌿🌺🌿🌺🌿🌺🌿🌺🌿🌺🌿

ဝစီဘေဒ ထိတိုင်းရှ
စကားတစ်ခွန်း ဘုရားနှစ်ဆူတိုင် ကြာခဲ့ပြီ။

ကဿပဘုရားရှင်လက်ထက်က
လယ်သမားမိတ်ဆွေ နှစ်ဦးရှိခဲ့တယ်။
တစ်ဦးက ဘုရားတရားကို နာကြားရပြီး
တရားရ သွားတော့ သူ့မိတ်ဆွေ
လယ်သမားကို တရားနာလိုက်ဖို့ ခေါ်သတဲ့။

တကယ်ဆို မလိုက်နိုင်ရင်လည်း
မလိုက်နိုင်တဲ့အကြောင်း 
ပြောလိုက်ရင် ပြီးပါရဲ့ကယ်နဲ့
အခုလို ပြန်ပြောလိုက်တာကတော့-

"တရားလိုက်နာရင် အလုပ်ပျက်တယ်။
 မင်း-ဘုရားတရားကို လိုက်နာတော့
 မင်း-ဘုရားက ငါ့လယ်တွေကို 
လာထွန်ပေးမှာမို့လို့လား" တဲ့။

နေရင်းထိုင်ရင်း
ဘုရားရှင်ကို စော်ကားမိသော 
ဝစီကံပြစ်ကြောင့် သေလွန်သည်နှင့်
တစ်ပြိုင်နက် တောအုပ်ကြီးတစ်ခုတွင်
ချွေးဒီးဒီးကျအောင် မရပ်မနား 
လယ်ထွန်နေရသော လယ်သမား
ပြိတ္တာကြီး ဖြစ်ရလေသည်။

ကဿပဘုရားလက်ထက်ကတည်းက
ထွန်နေရသော လယ်သမားပြိတ္တာကြီးသည်
ဂေါတမမြတ်စွာဘုရားရှင် ပွင့်တော်မူသည့်
အချိန်ထိ တစ်ရက်မှ မနားရပေ။

တစ်ခါတော့
သီဟိုကျွန်းမှ ရဟန်းတော်များသည်
အိန္ဒိယတွင် ဘုရားဖူးသွားရင်း  
မျက်စိလည်လမ်းမှား၍ စောစောက
လယ်သမားပြိတ္တာကြီးကို
တွေ့ရသောအခါ လူသာမန်ထင်ပြီး
သွားရမည့်လမ်းမှန်ကို မေးလေသည်။

အဲဒီအခါမှာ
လယ်သမားပြိတ္တာကြီး 
ပြန်ပြောလိုက်တာက-

"အရှင်ဘုရားတို့ လမ်းမှားတာက 
ရက်ပိုင်းပဲ ရှိပါသေးတယ်ဘုရား။ 
တပည့်တော်မှာသာ သူတော်ကောင်း
ဘုရားရှင်အပေါ် စော်ကား မော်ကား
ပြောမိလို့ လမ်းမှားလာတာ အခုဆို  
 ဘုရားနှစ်ဆူ ပွင့်တဲ့အထိ 
ကြာခဲ့ပါပြီဘုရား" တဲ့။

ဒီလိုကံမျိုးတွေက
ဘယ်လိုပုဂ္ဂိုလ်မျိုးတွေ 
အများဆုံးထိုက်သလဲဆိုရင် 
သူတစ်ပါးရဲ့အပြစ်ကို ဆီလို
အပေါက်ရှာပြီး အပြစ်ပြောတတ်တဲ့
သူတွေ ခံရတာများ၏။

ဓမ္မပဒမှာ မြတ်စွာဘုရားရှင်က-

    " ပရဝဇ္ဈာနုပဿိဿ
      နိစ္စံဥစ္ဈာန သညိနော
      အာသဝါတႆဝၯႏၲိ
      အာရာ သော အာသဝက္ခယာ"

သူတစ်ပါးအပြစ်ကို 
အဖန်ဖန် ရှုလေ့ရှိသည်ဖြစ်၍
အမြဲတမ်း ကဲ့ရဲ့ရှုတ်ချလိုသော
အမှတ်သညာ ရှိနေသူအား 
အပါယ်လားကြောင်း အာသဝေါ
တရားတို့သည် တိုးပွားကုန်၏။

ထိုသို့ သူတစ်ပါးအပြစ်ကို 
ရှုလေ့ရှိသောသူသည်
အာသဝေါတရားကုန်ရာ 
အရဟတ္တမဂ်မှ လွန်စွာ
ဝေး၏လို့ ဟောတော်မူသည်။

အမှတ်တမဲ့ ပြောလိုက်မိသော 
ဝစီကံပြစ်သည် ပြောစဉ်က 
ခဏတာအခိုက်လေး ဖြစ်သော်လည်း
မိမိမှ ပြန်လည်ပေးဆပ်လိုက်ရသည့် 
ခန္ဓာနှင့် ခံရသော အချိန်ကာလမှာကား
 ကြီးမားလှ၏။

မိမိပြစ်မှားမိသော သူသည်
အကျင့်သီလနှင့် ပြည့်စုံလျှင် 
ပြည့်စုံသလောက် အပြစ်ရသည်ကို 
သတိမူနိုင်ကြပါစေသတည်း။

ကျန်းမာ ချမ်းသာ 
ကောင်းကျိုးလိုရာဆန္ဒ ပြည့်ကြပါစေ။

Credit to ... ဦးဓမ္မသာရ(ဆေးသဲ့တောင်)

No comments:

Post a Comment