စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, June 2, 2020

ကြီးမားသည့် ကုသိုလ်အဆင့်ဆင့်

.ကြီးမားသည့် ကုသိုလ်အဆင့်ဆင့် 
  🙏🙏🙏🙏🙏🙏🙏🙏🙏
                   
မြတ်စွာဘုရား  အနာထပိဏ်သူဌေးကြီး
ကို အကြောင်းပြုပြီးတော့
ဟောကြားတဲ့ တရားထဲမှာ ကုသိုလ်တရားတွေဟာ အကျိုးပေး
ကွာခြားတာကို တွေ့ရတယ်

ကုဋေပေါင်းများစွာ ပိုင်ဆိုင်တဲ့  သူရဲ့ ဥစ္စာပစ္စည်းတွေကို
မြတ်စွာဘုရားရှင် နဲ့ သံဃာတော်တွေရဲ့ ဘုံပိုင်ပစ္စည်းလို 
သတ်မှတ်ထားတဲ့  အနာထပိဏ်သူဌေးကြီးဟာ ကံတရားရဲ့ 
အလှည့်အပြောင်းကြောင့် တဒင်္ဂ ဆင်းရဲသွားပြီး 

သံဃာတော်တွေကို ပုန်ရည်ဟင်းနဲ့ ဇကွဲထမင်းသာ လှူဒါန်းရလို့ 
စိတ်မကောင်းဖြစ်ရတယ်ပေါ့

တစ်နေ့ အနာထပိဏ်သူဌေးကြီး  မြတ်စွာဘုရား သီးတင်းသုံး
ရာ ကျောင်းတော်ကိုရောက်တော့  မြတ်စွာဘုရားက ဒကာကြီး
ဒါနကောင်းမှုတွေ ပြုဖြစ်ရဲ့လားလို့ မေးတော့

အနာထပိဏ်သူဌေးကြီးက  ပုန်းရည်ဟင်းနဲ့ ဇကွဲထမင်းကိုသာ
လှူဒါန်းရတဲ့ အတွက်ကြောင့် တပည့်တော်ရဲ့ အလှူဟာ အင်မတန်
မှ ယုတ်ရင်းတယ် နိမ့်ကျပါတယ် ဘုရားလို့ ပြန်လျှောက်တာပေါ့

အဲ့သလို လျှောက်တော့  မြတ်စွာဘုရားရှင်က  ဒကာကြီး
ဒကာကြီးရဲ့ အလှူကို ယုတ်ရင်းတယ် နိမ့်ကျတယ်လို့ ပြောလို့ မရ
ဘူးတဲ့  ဘာကြောင့်လည်း ဆိုတော့ အလှူခံပုဂ္ဂိုလ်တွေဟာ
အလွန်မြင့်မြတ် စင်ကြယ်တဲ့ အတွက်ကြောင့်ပဲတဲ့

အဲ့သလို ပြောပြီးတော့ မြတ်စွာဘုရားက  ဝေလာမ သုတ္တန်
ဇာတ်တော်လေးကို အနည်းအကျဉ်းဟောတယ်  မြတ်စွာဘုရား
အလောင်းတော်  ဝေလာမပုဏ္ဏား ဖြစ်စဉ်အခါက အလွန်တရာ
ကြီးကြီးကျယ်ကျယ် လှူဒါန်းခဲ့ပေမယ်လို့ အလှူခံ ပုဂ္ဂိုလ်တွေဟာ
အဆင့်အတန်း မရှိတဲ့အတွက်ကြောင့်  ဒကာကြီးရဲ့ ပုန်းရည်ဟင်း
နဲ့ ဇကွဲထမင်းလောက် အကျိုးမကြီးဘူးလို့ ဟောထားတယ်

ဒီနေရာမှာ ဒါနကောင်းမှုတွေဟာ အလှူခံပုဂ္ဂိုလ်ရဲ့ အရည်အသွေး 
ကွာခြားရင် ကွာခြားသလို  ဒါနကောင်းမှုရဲ့ အကျိုးပေးဟာလည်း 
အဆင့်ဆင့် ကွာခြားပြီး  အကျိုးကြီးတာကို တွေ့ရတယ် 
ဘယ်လိုကွာခြားသလည်း ဆိုရင်   

သာမာန်ပုဂ္ဂိုလ် လူအယောက် တစ်ရာကို လှူဒါန်းရတာထပ်
သောတာပန် ၁ယောက်ကို လှူဒါန်းရတာက ပိုပြီးတော့ အကျိုး
အာနိသင် ကြီးမားတယ်

သောတာပန် အယောက်တစ်ရာကို လှူဒါန်းကျွေးမွေးရတာထပ်
သကဒါဂါမ် တစ်ယောက်ကို ကျွေးမွေးလှူဒါန်းရတာ ပိုမြတ်တယ်

သကဒါဂါမ် အယောက်တစ်ရာကို လှူဒါန်းကျွေးမွေးရတာထပ်
အနာဂါမ် တစ်ယောက်ကို လှူဒါန်းရတာ မြတ်တယ်

အနာဂါမ် တစ်ရာကို လှူဒါန်းရတာထပ်  ရဟန္တာတစ်ပါးကို
လှူဒါန်းရတာ ပိုမြတ်တယ်

ရဟန္တာ အပါးတစ်ရာကို ဆွမ်းကပ်ရတာထပ်  ပစ်စကေဗုဒ်ဓါ 
အရှင်မြတ် တစ်ပါးကို ဆွမ်းကပ်ရတာ ပိုမြတ်တယ်

ပစ်စကေဗုဒ်ဓါ  အပါးတစ်ရာကို ဆွမ်းကပ်လှူဒါန်း ရတာထပ် 
သမ္မာသမ္ဗောဓိ  ဘုရားတစ်ဆူကို ဆွမ်းကပ်လှူဒါန်းရတာ 
ပိုမြတ်တယ်

ဘုရားတစ်ဆူကို ဆွမ်းကပ်ရတာထပ်  သံဃာနှင့် တကွ
မြတ်စွာဘုရားကို လှူဒါန်းရတာ ပိုမြတ်တယ်

နောက်ဆုံး  အလွန်အထွတ်ထိပ်ကျတဲ့ ကုသိုလ်ကတော့ 
ဘုရားအမှုးရှိတဲ့ သံဃာတော်တွေကို ကျောင်းဆောက်ပြီးတော့ 
လှူဒါန်းရတာ အလွန် အကျိုးကြီးတယ်လို့  မြတ်စွာဘုရားက
ဒါနကိုလည်း သူ့အဆင့်နဲ့သူ သတ်မှတ်ပြီးတော့ ပြတယ်ပေါ့ 

ဒါနရဲ့အဆင့်တွေကို သတ်မှတ်ပြီးတဲ့ နောက်မှာ  အဲ့ဒိ ဒါန
ကောင်းမှုတွေ  ဘုရားအမှုးရှိတဲ့ သံဃာတော်တွေကို လှူဒါန်းရလို့
ရတဲ့ အကျိုးပေးတွေ ဘယ်လောက်ကြီးကျယ်ခမ်းနားပါတယ် ပြော
ပြော 

သရဏဂုံသုံးပါးကို မမှီဘူးလို့ ပြောတယ်  ဘုရား တရား သံဃာ
တော်တို့ရဲ့ ဂုဏ်ကျေးဇူးတွေကို မှန်မှန်ကန်ကန် သိမြင်နားလည်
ပြီးတော့ စောင့်တည်လိုက်ရတဲ့ သရဏဂုံကျေးဇူးဟာ ပိုပြီးတော့
ကြီးမားတယ်

အဲဒိ သရဏဂုံထပ် ဒီကြည်ညိုမှု ရှေးရှုထားတဲ့ ငါးပါးသီလကို
စောင့်ထိန်းရတာ ပိုမြတ်တယ်

အဲ့ဒိ သရဏဂုံအမှုးရှိတဲ့ ငါးပါးသီလထပ် တခဏမျှ ပွားများလိုက်
ရတဲ့ မေတ္တာတရားက ပိုပြီးတော့ ကြီးတယ်

အဲ့ဒိ မေတ္တာတရားထပ်  မမြဲတာကို အမှတ်ရတဲ့ သဘောက
ပိုပြီးတော့ အကျိုးကြီးတယ်လို့ ဆိုပြန်တယ် လောကမှာ ဘာဖြစ်လို့
မှ မြဲတယ်ဆိုတာ မရှိဘူး ကောင်းတာပဲ ဖြစ်ဖြစ် ဆိုးတာပဲ ဖြစ်ဖြစ်
ဖြစ်ပေါ်လာမျှ တရာအားလုံးတို့သည် ချုပ်ပျောက်သွားခြင်းဖြင့်သာ 
အဆုံးသတ်ကြကုန်၏   

ဒါကြောင့်  ဓမ္မမိတ်ဆွေတို့လည်း မမြဲခြင်းတရားတွေကို အမှတ်
ရနေသင့်တယ် အမှတ်ရနေရမယ်ပေါ့  ပြောခဲ့ပြီးသား ကုသိုလ်
တရားတွေကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် အကုန်လုပ်နိုင်အောင်
ကြိုးစားရင်း ဘဝတွေ အဓိပ်ပါယျရျှိနိုငျကွပါစေ   

သစ္စာရွှေစည်  အရှင်ဥတ္တမ mp3 တရားတော်မှ ပြန်လည်၍
ဓမ္မဒါန ပြုခြင်း ဖြစ်ပါသည်   

ဓမ္မအလင်းရောင်
 ဆောင်သောသူ
Credit ယူပါသည်

No comments:

Post a Comment