စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, May 31, 2020

ကဆုန်လပြည့် နေ့ မြတ်ဘုရားရဲ့ မွေးနေ့တော်

🙏🙏🙏ကိုယ့်ဘုရားရှင်ရဲ့ မွေးနေ့တော်ဟာ
သာမန်ညောင်ပင်ရေသွန်းလောင်းရုံသာ
ဖြစ်နေတယ် ၊......တဲ့  🙏🙏🙏

********************

     ကဆုန်လပြည့်နေ့ဟာ ဂေါတမဘုရားရှင် ဗျာဒိတ် တော်ခံယူတဲ့နေ့ ၊ နောက်ဆုံးပဋိသန္ဓေ အဖြစ် ဖွားတော်မူတဲ့နေ့ သဗ္ဗညုတ ရွှေဉာဏ်တော်ရ ဘုရားအဖြစ်ပွင့် တဲ့နေ့ ၊
ဝဋ်ဒုက္ခသိမ်း ပရိနိဗ္ဗာန်ဝင်စံတော်မူတဲ့နေ့၊
 တွေဖြစ်လို့ အမတန်ထူးခြား မြင့်မြတ်တဲ့နေ့ဖြစ်ပါ တယ်၊ ဗျာဒိတ်တော်ခံ  ဖွား  ပွင့်  စံ  လို့ လည်း အတိုကောက်မှတ်သား ထားနိုင်တယ်၊

       ဗုဒ္ဓဘုရားရှင်ရဲ့ ဘဝနဲ့ ဆက်စပ်နေတာ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်တွေအတွက် အမတန် ထူးခြားတယ် လို့ဆိုလို တာပါပဲ၊ ဗုဒ္ဓဝင်မှာလည်း သုမေဓါ ရှင်ရသေ့ကို ဒီပင်္ကရာ ဘုရားရှင် ဗျာဒိတ်ပေးတဲ့ အခါ နတ်ဗြဟ္မာတွေက ပါ ဝ်ိုင်းဝန်း အကဲခတ်တယ်တဲ့၊ အဲ့ဒီအချိန် ကောင်းကင်မှာ နက္ခတ်တွေဟာ ထူးခြားစွာ ပြည့်စုံ ထွန်းလင်းတောက်ပ နေပြီး လပြည့်ဝန်းကြီး ဟာလည်း ဝိသာခါနက္ခတ်(အန္ဒိယက သူတို့အသံနဲ့ ဝီဆတ်ကာ)နဲ့ယှဉ်နေပါတယ်တဲ့၊ ကမ္ဘာမှာ ဒီကဆုန်လပြည့်နေ့ ကို ဝီဆတ် လို့ခေါ်ပြီး ၂၀၀၀ ပြည့်နှစ် က ကမ္ဘာ့ ကုလ သမဂ္ဂ UN က ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်၊

      ဗုဒ္ဓ သာသနာဟာထူးခြား တယ် ဗုဒ္ဓဟာ ကမ္ဘာကြီးငြိမ်း ချမ်း စေဖို့ လူသားတွေ စိတ်ငြိမ်း ချမ်း စေဖို့့ဟောပြောနိုင်သူ ဖြစ် တဲ့အတွက် သူ့မွေးနေ့ကို ဝီဆတ်ဒေး ဆိုပြီး ဂေဇက်တက် ဟောလီးဒေး အဖြစ် သတ်မှတ်ပြီး၊ နိုင်ငံတွေမှာ ဝီဆတ် ပွဲတော် တွေ UN ကကြီးမှူးကျင်းပပေးနေ ပါတယ်၊သီရိလင်္ကာ က ဝီဆတ်ပွဲ ဆို အကြီးအကျယ်ပဲပေါ့။၂လလောက်ကတည်းကကြိုတင် ပြီး ဝီဆတ်ကဒ် ကလေးတွေ ကမ္ဘာအနှံ့ပို့ပေးနိုင်စေဘို့ ရောင်းချကြတယ်၊

    မြန်မာမှာတော့ သင်္ကြန်ကသာ ပိုကြီးကျယ် နေတာ၊ကိုယ့်ဘုရား ရှင်ရဲ့မွေးနေ့တော်ဟာ သာမန် ညောင်ပင်ရေသွန်းလောင်းရုံ သာ ဖြစ်နေတယ်၊ ဗောဓိပင်ကိုသာ ရေလောင်းနေကြပြီး ဗုဒ္ဓရဲ့ မွေးနေ့တော်မှန်းသတိမထားကြဘူး၊ အလျင်းသင့်လို့ပြောဦးမယ် January (၁)ရက် ခရစ်နှစ်သစ်ကူးသာ Happy New Year အော် နေကြပြီး April (၁၇)ကိုတော့ မြန်မာနှစ်သစ်ကူး ဘယ်သူမှ နယူး မယီးယား ကြပါဘူး၊ ကနေဒါက ဒကာတစ်ယောက်နဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ ဖုန်းပြောရင်း ဘုန်းကြီး က HappyNewYearလို့ပြောလိုက်တော့ သူက ဘာမှန်း သတိတောင် မထားမိပါဘူးတဲ့၊ မေ့နေတာပါ၊

       ဗုဒ္ဓဘာသာဝင် ဆိုရင် ဒီကဆုန်လပြည့် ဗုဒ္ဓနေ့ကိုလည်း မိမိတို့ ကျေးဇူးရှင် အဖ ဘုရားသခင်ရဲ့ မွေးနေ့ဖြစ်တာမို့ ကောင်းစွာသိကြ မမေ့ကြဖ်ုိ့ လိုပါတယ်၊ကိုးကွယ်ရုံမဟုတ်ဘဲ ဗုဒ္ဓရဲ့ကျေးဇူးဟာ အမတန် ကြီး မားတာ သိသင့်တယ်။ကုသိုလ် အကုသိုလ်တွေ ဘဝခရီး လျှောက်လှမ်းရမဲ့ နည်းစနစ်တွေ သူ သင်ကြားပေးထားတာတွေကို ယနေ့ ဘုန်းကြီးတို့ တတွေ ပြန် လည် ဟောပြ နေနိုင်ကြတာပါ၊ ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်း စေဖို့ ကျေးဇူးကြီးမားလှတဲ့ သူဖြစ်တဲ့ အတွက်ဒီနေ့ကိုလည်း ညောင်ရေသွန်းရုံမျှ မဟုတ်ဘဲ အထူးတလည် လေးလေး နက်နက် ဗုဒ္ဓကိုပူဇော်တဲ့နေ့ ဖြစ် စေသင့်တယ်၊

       ပူဇော်တဲ့နေရာမှာလည်း အာမိသဒါနတွေနဲ့ ပူဇော်ခြင်းထက် မြတ်စွာဘုရား အကြိုက် အလိုကျဖြစ်တဲ့ သီလအကျင့်မြတ်( ၈ပါး ၉ပါး) တွေဆောက်တည်၊ သမထ ဘာဝနာ ဝိပဿနာဘာဝနာ တွေပွားများပြီး ဒီအကျင့်မြတ်တွေနဲ့ ပိုပြီးပူဇော်သင့်တယ်၊ဒီလို တရားပွဲတွေ ကျင်းပ နာကြားကြတာဟာ လည်း ဘာဝနာ ထဲပါပါတယ် ၊ဒါဟာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေ ကဆုန်လပြည့် ဗုဒ္ဓနေ့ရဲ့ အလုပ် သင့်ဆုံး လုပ်ငန်းတွေပဲ ဖြစ်ပါ တယ်၊

       ဒီလို ပူဇော်ခြင်းဟာ  (သမ္မာပဋိပတ္တိ အနုတ္တရာ ပူဇာ)လို့ခေါ်တဲ့ အမတန်မှန်ကန် မြင့်မြတ်တဲ့ သီလ သမာဓိ ပညာ တို့နဲ့ပူဇော်ခြင်းပါဘဲလို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ ဗုဒ္ဓမြတ် စွာရဲ့မွေးနေ့မှာ ကုသိုလ်များ ပွားများ ကျင့်သုံးနိုင်ကြ ပါစေ ကုန်ရာသတည်း ။     ။

း( ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ပြင်ဦးလွင်မြို့နယ်၌ ပါ/ချုပ် အရှင်မြတ်ကြီး ဟောကြားတော်မူသော ဗျာဒိတ်တော်ကြားဘုရား ၂၄ဆူ တရားတော်မှ နားကြားမှတ်သားမိသမျှ fb မှ သူတော်ကောင်းတို့အတွက်)  Seryar December
#credit#

No comments:

Post a Comment