နှုတ်လွန်အောင် မပြောကြနဲ့
~•~•~•~•~•~•~•~•~•~•~•
😬 ရန်လိုတဲ့ ပုဂ္ဂိုလ်တွေဟာ ဘယ်သူကမှ “ငါမိုက်တယ်”လို့ မထင်ဘူးတဲ့။ ပဋိပက္ခဖြစ်ပြီဆိုရင် “ငါမိုက်လို့ ဖြစ်ရတယ်”လို့ ဘယ်သူမှ မစဉ်းစားဘူးတဲ့။ ငါတော်တယ်လို့ပဲ ထင်ကြတယ်။
🤵ငါတော်တယ်၊ ငါတတ်တယ်လို့ လူတွေက ကိုယ့်ကိုယ်အထင်ကြီးလာတဲ့အခါ ကိုယ့်ဘဝအခြေအနေကို မေ့သွားပြီး ငါသာလျှင် ပညာရှိလို့ အထင်ရောက်တတ်ကြတယ်။ ပညာရှိယောင် ထင်လာကြတယ်။ အဲဒီလိုနဲ့ ဘဝကို မေ့သွားကြတဲ့ပုဂ္ဂိုလ်တွေ အလွန်များတယ်တဲ့။
👰 ငါတော်တယ်၊ ငါတတ်တယ်လို့ ထင်လာရင် ကျန်တဲ့ပုဂ္ဂိုလ်ကို အထင်သေးတဲ့ အမြင်နဲ့ ကြည့်ကြတယ်။
တစ်ဦးနဲ့တစ်ဦး ထိခိုက်မယ့်စကားလုံးတွေကို အနိုင်ယူဖို့၊ အနိုင်ပြောဖို့လောက်ပဲ အာရုံစိုက်ကြတယ်။ ကြိုးစားလာကြတယ်။
😀 ပါးစပ်ကို ဟချင်သလောက် ဟနေကြတာ။ ချဲ့ချင်သလောက်ချဲ့ပြီးတော့ ပြောလေ့ဆိုလေ့ရှိကြတယ်။ နှုတ်ကျွှံကြတယ်။ နှုတ်လွန်ကြတယ်။ ဖြေရှင်းလို့မရအောင် စကားတွေ ကျွံလွန်ကြတယ်။ ဘယ်လို့ပြဿနာတွေ ဖြစ်ပေါ်လာမလဲဆိုတဲ့ အကျိုးဆက်ကို မသိကြဘူး။ ပြောချင်တာတွေ ဇွတ်ပြောတယ်။
👥လူနှစ်ယောက်ရန်ဖြစ်ပြီဆိုရင်လည်း ပြောချင်တာတွေ ဇွတ်ပြောတာပဲ။ ပြောတယ်ဆိုတဲ့နောက်မှာ မှားတယ်ဆိုတာ လိုက်လာတယ်။ မှားတယ်လို့ သိတာ အတော်ကြာမှ သိတာ။
👨 အိမ်မှာ မိသားစုထဲမှာ တစ်ယောက်နဲ့တစ်ယောက် အငြင်းပွားရန်ဖြစ်ပြီဆိုရင် အသံတွေဟာ ကျယ်သထက်ကျယ်လာတယ်။ အလျှော့မပေးဘူး။ နှစ်ယောက်လုံးက မှန်တယ်လို့ မြင်ကြတယ်။ “ငါမှားတယ်”လို့ဘယ်သူမှ မထင်ဘူး။ ငါလုပ်တာ မှန်တယ်။ သူမှားတယ်ပဲ တွက်တယ်။ 👩
👱 လူ့အဖွဲ့အစည်းတစ်ခု၊ သံဃာ့အဖွဲ့အစည်းတစ်ခု မတည့်လို့ စိတ်ဝမ်းကွဲကြရင် ဖြစ်လာမယ့်ပြဿနာတွေ တခြားပြဿနာတွေ ပိုကြီးလာမယ်ဆိုတာ နားမလည်ကြဘူး။ ထည့်သွင်းမစဉ်းစားကြဘူး။
👭အဲ့ဒီလိုဆိုရင် ပြဿနာက ဘယ်တော့မှ မပြေဘူးတဲ့။ ဒီတင်ရပ်မှာ မဟုတ်ဘူးတဲ့။ ပြဿနာတွေ နောက်ဆက်တွဲ အများကြီးလာလိမ့်မယ်တဲ့။ မြတ်စွာဘုရားကတော့ ဒီလိုဟောတာ။ ဒါ ကိုယ့်ရဲ့ ဘဝမှာ သတိထားဖို့၊ အချင်းများတာတွေ ရှောင်ဖို့ဆိုတာ ဟောတာ။ နှုတ်လွန်အောင် မပြောသင့်ဘူးဆိုတာ သတိထားကြနော်။👫
= = = = = =
No comments:
Post a Comment