{ကိုယ့်စိတ် ကောင်း/မကောင်းသာကြည့်}
ရက်ရာဇာတို့၊ ပြဿဒါးတို့ဆိုတာ ပုဏ္ဏားတွေရဲ့ဝါဒ။
သူတို့က သူတို့ ထင်သလို ရေးကြတာ။
အဲဒါကိုပဲ လူတွေကလိုက်ပြီး ယုံနေကြတာ။
အလုပ်ကောင်းတစ်ခုခုလုပ်တော့မယ်ဆိုရင် ကောင်းကင်ကိုလည်း မော့ကြည့် နေစရာမလို၊ ပြက္ခဒိန်ကိုလည်း လှန်ကြည့်နေစရာမလို ကိုယ့်စိတ်ကောင်း/မကောင်းကိုဘဲကြည့်။
ကိုယ့်စိတ်မှာ သတိကင်းလွတ်ပြီး လောဘ၊ ဒေါသ၊ မောဟ နက္ခတ်ဆိုးတွေနဲ့ယှဉ်နေရင် ဒါန၊ သီလ၊ ဘာဝနာ ဘယ်ကောင်းမှုကိုမှ လုပ်လို့မဖြစ်နိုင်တဲ့အတွက်ကြောင့် ပြဿဒါး အချိန်ပျက်၊ အချိန်ဆိုးလို့မှတ်။
ကိုယ့်စိတ်မှာ အတိနက္ခတ်နဲ့ယှဉ်နေပြီဆိုရင် အချိန်ကောင်းလို့မှတ်။
(ယော ဆရာတော်ဘုရားကြီး၏ သြဝါဒတော်များ)
share
No comments:
Post a Comment