စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, May 29, 2020

လေးလေးစားစား လုပ်ပါ..သာဓုခေါ်ပါ

"လေးလေးစားစားလုပ်ပါ သာဓုခေါ်ပါ"
💐🌺🙏🙏🙏🙏🙏🌺💐

ရှင်မဟာမောဂ္ဂလန်ကိုယ်တော်ကြီး
 နတ်ပြည်ကို
ဆွမ်းခံကြွတော့ ဗိမ္မာန်အကြီးကြီးနဲ့ကိုယ်ရောင်ကိုယ်ဝါတောက်ပစွာနဲ့သုနက္ခတ္တနတ်သားကို
တွေ့တော့ ဘာကောင်းမှ ု့ကြောင့်များ ခုလို
ခမ်းနားတဲ့ဘဝကို ရတာလဲလို့မေးတော့
တပည့်တော်ဖြေရမှာတောင် မယုံကြည်နိ ုင်စရာ
ကောင်းလှပါတယ်ဘုရားတဲ့

တပည့်တော်ဟာ အနှစ်နှစ်သောင်းတမ်းမှာ
လူဖြစ်စဉ်တုံးက စေတီရင်ပြင်တော်မှာ သူများတကာတွေကပန်းလာလှ ူတာ အဲဒီပန်းတွေကို တပည့်တော်က
လှပအောင်ပြင်ပြီး ပြန်လည်ပူဇော်ပေးတာပါဘုရားတဲ့
အဲဒီကောင်းမှ ု့ကြောင့် ဘုရားနှစ်ဆူကာလမှာ
နတ်ပြည်နတ်လောကမှာပဲကျင်လည်ပြီး
ခုချိန်ထိ ဤကုသိုလ်အရှိန်ကိုခံစားနေရတာပါဘုရား
ဆိုပြီးလျှောက်တော့ ရှင်မဟာမောဂ္ဂလန်
ကိုယ်တော်ကြီးက တရားဟောလိုက်တော့
သောတာပန်ဖြစ်သွားတယ်

သောတာပန်ဖြစ်သွားတော့မှ အဲဒီနတ်သားကအရှင်ဘုရား ကောင်းမှ ု့ကုသိုလ်သေးသေးလေးဆိုပြီး မလေးမစားမလုပ်ကြပဲ လေးလေးစားစားလုပ်ရင် ကြီးကျယ်တဲ့အကျိုးရနိ ုင်တဲ့အကြောင်းကို
လူတွေကိုပြန်ဟောပေးပါဘုရားဆိုပြီးလျောက်တယ်

အဲဒိအကြောင်းကို ရှင်မဟာမောဂ္ဂလန်ကိုယ်တော်ကြီးကဘုရားရှင်ကိုလျှောက်တော့မှ ဘုရားရှင်က
ကုသိုလ်သေးသေးလေးဟာ ကြီးကျယ်တဲ့
အကျိုးကိုရှိနိ ုင်တယ်ဆိုတဲ့အကြောင်း အကုသိုလ်သေးသေးလေးကလည်းကြီးကျယ်တဲ့အကျိုးပေးနိ ုင်တယ်ဆိုတဲ့အကြောင်းဟောတော်မူတယ်

သူများလှူတဲ့ပန်းကိုပြင်ထိုးပေးတာတောင်
နတ်ပြည်ရောက်ပြီးအဲဒီနတ်ပြည်ကမှတဆင့်သောတာပန်ဖြစ်တယ်ဆိုတော့

မိတ်ဆွေတို့တတွေလည်း ဘုရားပန်းလှ ူတာ
သောက်တော်ရေကပ်တာမှအစ ထက်သန်လှတဲ့
ယုံကြည်မှ ု့သဒ္ဒါတရားလေးနဲ့သာ ပြုလုပ်ကြ
စမ်းပါ တနေ့နေ့တော့ ကြီးကျယ်ခမ်းနားတဲ့
အကျိုးတရားတွေရှိလာပါလိမ့်မယ်

တကယ်တော့သူများအလှူမှာ အမျှပေးလို့ သာဓုခေါ်ယုံနဲ့တင် နတ်သားဖြစ်သွားသူတွေအများကြီး
ရှိပါတယ်ဒါ့ကြောင့်အမျှဝေသံကြား
တိုင်း သာဓုခေါ်ကြစမ်းပါ။

ဗုဒ္ဓဘာသာတန်ဘိုးကြီးတယ်ဆိုတာ
အဲဒီလိုမျိုးအခွင့်အရေးတွေကြောင့်ပါ

ဘယ်ဘာသာမှာမှ
အဲဒီလိုအခွင့်အရေးမျိုး
မရနိုင်ပါဘူး

အမျှဝေတိုင်း
သာဓုခေါ်နိုင်ကြပါစေ။

ဓမ္မရံသီစာမျက်နှာ
ရဝေထွန်း
(အရှင်တိလောကသာရ)

Credit...

No comments:

Post a Comment