☆“ဘုရားရှိခိုးရသောအကျိုး”☆
👏👏👏👏👏👏👏👏
☆ ဘုရားရှိခိုးတယ်ဆိုတာ …ကမ္မဋ္ဌာန်းတရား(၄၀)အနက်
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းခြင်းဖြစ်တယ်ကွယ့် ။
ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းဆိုတာ …
ဘုရားရှင်ရဲ့ဂုဏ်တော်ကို စိတ်ဖြင့် အဖန်တလဲလဲ ဆင်ခြင်ခြင်းကို ဆိုလိုတာပဲ၊၊
သို့သော်…
ဗုဒ္ဓဂုဏ်တော်ဆိုတာ အလွန်နက်ရှိုင်းတယ်။
ဂုဏ်တော်ကို မကျက်မှတ် မရွတ်ဆိုဘဲ စိတ်ဖြင့် ဆင်ခြင်ဖို့ မလွယ်ကူဘူး၊၊
ဒါကြောင့် …
ဘုရားရှင် ဂုဏ်တော်တွေကို ဦးစွာ ရအောင် ကျက်မှတ်ရတယ်၊၊
ကျက်မှတ်ပြီးတော့ နှုတ်က ရွတ်ဆိုရတယ်။
နှုတ်က ရွတ်ဆိုရင်း စာမှာပါဝင်တဲ့ ဂုဏ်တော် ဆင်ခြင်တာကို ဘုရားရှိခိုးတယ်
လို့ခေါ်တယ်၊၊
ဂုဏ်တော်ဆင်ခြင်ရတဲ့ အကျိုးတွေကို ပြထားတယ်။
(ဝိသုဒ္ဓိမဂ်အဋ္ဌကထာ(ပ)၂၀၆)
၁။ ဘုရားရှင်၌ ရိုသေခြင်း၊ တုပ်ဝပ် ကျိုးနွံခြင်းရှိတယ်။
၂။ (က) ရတနာသုံးပါး၌ ယုံကြည်မှု၊ ကံ-ကံ၏ အကျိုး၌ယုံကြည်မှု၊ သဒ္ဓါတရား
တိုးပွားလာတယ်။
(ခ) အမှတ်သတိ ကောင်းလာတယ်။
မမေ့မလျော့ဘူး ။
မရူးသွပ်နိုင်ဘူး ။
စိတ်ရောဂါ မဖြစ်နိုင်ဘူး။
(ဂ) ဉာဏ်ပညာ ထက်မြက်လာတယ်။ ဉာဏ်ပညာထက်မြက်လာလို့
စာကျက်လျှင် ရလွယ်တယ် ။
စာကြည့်လျှင် မှတ်မိလွယ်တယ်။
(ဃ) ကောင်းမှုတရားတိုးပွားလာတယ်၊ ခန္ဓာကိုယ်တွင်းမှာ ကုသိုလ်တရားတွေ
ပွားများလာတယ်။
၃။ (က) နှစ်သက်ခြင်းပီတိတရား ဖြစ်ပွားလာတယ်။
(ခ) နှစ်သက်ရုံမျှမက ဝမ်းသာခြင်း ပါမောဇ္ဇတရားလည်း တိုးပွားလာတယ်။
၄။ (က) ဘေးကြီးဘေးငယ် ရန်ကြီးရန်ငယ်တို့ကို နှိမ်နင်းနိုင်တယ်၊၊
မဟာရာဇဝင်မှာလာတဲ့ မိဖုရားစောလုံဟာ ဘုရားဂုဏ်တော် ထုံထားတော့ မီးမလောင်ဘူး၊၊
ကောသလမင်းရဲ့ မိဖုရားကို မီးပုံတွင်းပစ်ချတော့ တောက်လောင်နေတဲ့ မီးဟာ ငြိမ်းရတယ်။
ဒါကြောင့် ဘုရားရှင်ရဲ့ ဂုဏ်တော်ဟာ ဘေးရန်
အန္တရာယ်ကို နှိမ်နင်းနိုင်တယ်။
(ခ) အကယ်၍ ဘေးရန်အန္တရာယ်နှင့် မလွှဲမရှောင်သာကြုံဦးတော့
ကြုံလာတဲ့ဘေးရန်အန္တရာယ်ကို
သည်းခံနိုင်စွမ်းရှိတယ်။
၅။ မိမိကိုယ်ကို ဘုရားဂုဏ်တော်နှင့်ထုံထားတော့ ဘုရားရှင်နှင့်အတူ နေရသလို
အမှတ်ရတယ်။
၆။ မိမိခန္ဓာကိုယ်ဟာ စေတီအိမ်လိုဖြစ်ပြီး လူနတ်ဗြဟ္မာတို့ရဲ့ ပူဇော်ခြင်းကို
ခံယူထိုက်တယ်။
၇။ ဘုရားဂုဏ်တော်ကို အာရုံပြုရင်း ဘုရားရှင်ရဲ့ဂုဏ်တော်များ ဤမျှကြီးကျယ်
ခမ်းနားလှပါကလား !!!
ဟုဆင်ခြင်ပြီးဤသို့သောဂုဏ်ပိုင်ရှင်ဘုရားဖြစ်ရန် စိတ်ညွှတ်နိုင်တယ်။
၈။ လွန်ကျူးအပ်တဲ့ ဒုစရိုက်မှုနှင့် မရှောင်သာမကွင်းသာ တွေ့ကြုံသည့်တိုင်
အောင် မိမိမျက်မှောက်မှာ ဘုရားရှင်ကို မြင်ရသလိုဖြစ်ပြီး အရှက်အကြောက်
ပေါ်လာကာ ဒုစရိုက်က ရှောင်လွှဲနိုင်တယ်။
၉။ အထက်မဂ်ဖိုလ်နိဗ္ဗာန်ကို မထိုးထွင်း မသိမြင်နိုင်စေကာမူ
သေသည်ရဲ့အခြားမဲ့မှာ ဒုဂ္ဂတိဘဝကို မလားနိုင်ဘူး။
သုဂတိဘဝကိုသာလားရောက်ဖို့ရှိတယ်။
☆ ဘုရားရှိခိုးရတဲ့ အကျိုးဟာ ယခုဘဝမှာပင် ခံစားနိုင်တဲ့ အကျိုးစိတ် ၁၃-ပါးရှိ
တယ်။
သည် ၁၃-ပါးကို တူရာပေါင်းလိုက်လျှင် ပစ္စုပ္ပန် ဘုရားရှိခိုးရကျိုး ရှစ်ပါးရှိတယ်။
နောင်ဘဝ သုဂတိလားရတဲ့ အကျိုးတစ်ပါး ထည့်လိုက်လျှင်
ဘုရားရှိခိုးရတဲ့အကျိုးဟာ ကိုးပါးရှိတယ်ကွယ့် ။
¤ ထီးချိုင့်တည်တောဆရာတော် ဘုရားကြီး ¤
#credit ..
No comments:
Post a Comment