သေချာတဲ့ ဘက်မှာဘဲ နေပါ
=========🌿🌿========
မပြည့်စုံပေမယ့်
မငြီးပဲ နေတတ်တာဟာ
ရောင့်ရဲမှု ရှိလို့ပါပဲ ။
မချမ်းသာပေမယ့်
ပေးကမ်းတတ်တာဟာ
ယုံကြည်မှု သဒ္ဓါတရားရှိလို့ပါပဲ။
မသိကျွမ်းပေမယ့်
ကူညီတတ်တာဟာ
စိတ်ထားကောင်း ရှိလို့ပါပဲ ။
အပြစ်တွေ့ပေမယ့်
ခွင့်လွတ် နားလည်တတ်တာဟာ
သည်းခံမှု အားကောင်းလို့ပါပဲ။
အလိုမကျတာ မြင်ပေမယ့်
ဒေါသမထွက်တာဟာ ပညာရှိလို့ပါပဲ။
အဆင်မပြေပေမယ့် ကုသိုလ်
ဖြစ်အောင် နေတာဟာ သတိရှိလို့ပါပဲ။
ကိုယ်ပိုင်တဲ့ဘက်မှာ
ကိုယ်နေနိုင်အောင်ကြိုးစားပါ။
အလိုပြည့်လာမှုသဘောကို
ကိုယ်မပိုင်သေးသော်လည်း
ရောင့်ရဲခြင်းကို ကိုယ်ပိုင်တယ်။
အနိုင်ရမှုသဘောကို
ကိုယ်မပိုင်သေးသော်လည်း
အရှုံးပေးခြင်းကို ကိုယ်ပိုင်တယ်။
စိတ်ချမ်းသာမှုကို
ကိုယ်မပိုင်သေးသော်လည်း
နှလုံးသွင်းမှန်မှုကို ကိုယ်ပိုင်တယ်။
ရင့်ကျက်မှုကို
ကိုယ်မပိုင်သေးသော်လည်း
လေ့ကျင့်မှုကို ကိုယ်ပိုင်တယ်။
ကိုယ့်စိတ်က သေချာတဲ့ဘက်မှာပဲ
ရှိနေတာက စိတ်ချမ်းသာမှုကို
ပိုရစေနိုင်ပါတယ်။
No comments:
Post a Comment