စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, May 31, 2020

ကိလသောတိုကျပှဲ..

၇-ထပ်တိုက်ပေါ်က ကိလေသာတိုက်ပွဲ
~~~~~~~~~~~~~~~~~~

"အရှင်ဘုရားလည်း ငယ်သေးတယ်..
တပည့်တော်လည်း ငယ်သေးတယ်...
တပည့်တော်မနဲ့ လက်ထပ်ပါ စည်းစိမ်ခံစားပါ..
အသက်ကြီးလို့ တောင်ဝှေးအားကိုးရတဲ့ အရွယ်ကြမှ အတူတူ ရဟန်းပြုကြတာပေါ့"..

ဒီစကားက အခြားတော့ မဟုတ်...
ပြည့်တန်ဆာမလေးက မိန်းမတို့၏ မာယာနဲ့         
ရဟန်းတော်လေးကို ဖျားယောင်းနေတာပါ...

ရာဇဂြိုဟ်မြို့က ကုဋေ(၄၀)ချမ်းသာတဲ့ သူဋ္ဌေသားလေးဟာ ဘုရားရှင်ဟောတော်မူတဲ့ တရားကိုနာယူပြီး မိဘတွေ အတန်တန်တားတဲ့ကြားက အစာအငက်ခံဆန္ဒပြပြီး  ရဟန်းပြုခဲ့ပါတယ်...
အိမ်ကိုလည်း မပြန်တော့...

နက္ခတ်ပွဲသဘင် နေ့တစ်နေ့မှာ
သူ့သူငယ်ချင်းတွေ ပျော်နေတာကို
မိဘတွေက မြင်တော့ ၊ 
သူတို့သားလေးကို သတိရပြီး ငိုကြတာပေါ့။

ဒါကို ပြည့်တန်ဆာမလေးက မြင်တော့
အကျိုးအကြောင်းမေးပြီး
"အကယ်၍ သင်တို့သား လူထွက်အောင်လုပ်နိုင်ရင် 
ဘာပေးမလဲ"လို့ မေးပါတယ်။
"လူထွက်အောင်လုပ်နိုင်ရင် သားနဲ့ပေးစားပြီး
အိမ်ရှင်မ ရာထူးပေးမယ်"ဆိုတော့...။

ရိက္ခာ အပြည့်အစုံတောင်းပြီး
ရာဇဂြိုဟ်မြို့ထဲက ၇-ထပ်တိုက်ကြီးကို ငှားလိုက်တယ်..ထိုရဟန်းလေး ဆွမ်းခံကြွတဲ့အချိန် စောင့်ပြီး သူကြိုက်တတ်တဲ့ ဟင်းတွေချက်ပြီး ဆွမ်းပင့်ကပ်ပါတယ်။

နှစ်ရက် သုံးရက်လောက်ကြာတော့
ပြည့်တန်ဆာမလေးက 
ကလေးတွေကို မုန့်ပေးပြီး
ကိုယ်တော်လေး ဆွမ်းဘုန်းပေးချိန်မှာ
ဆော့ခိုင်း ဆူခိုင်းထားတယ်...

"အရှင်ဘုရား ကလေးတွေက ဆူတယ်ဘုရား ပြောစကားလည်း နားမထောင်ဘူး
အောက်ထပ်မှာ ဆွမ်းကပ်ရတာ အဆင်မပြေလို့ အပေါ်ထပ်ပဲ ကြွပါ" ဆိုတော့ ရဟန်းတော်လေးလည်း မငြင်းသာပဲ ကြွရတာပေါ့။

ဒီလိုနဲ့ ပင့်လာလိုက်တာ နောက်ဆုံးတော့
မိန်းမတို့ ပရိယာယ်ကို မသိတဲ့ ရဟန်းတော်လေး
ရသတဏှာရဲ့အစွမ်းကြောင့် 
အပေါ်ဆုံးအထပ်ထိ ရောက်သွားရှာတယ်...

ရဟန်းပျို နဲ့ မာတုဂါမ
နှစ်ယောက်တည်းရှိတဲ့အချိန်ကြမှ 
မိန်းမတို့ရဲ့ မာယာကို ထုတ်သုံးပြီး
အမျိုးမျိုး ဖျားယောင်းကာ လူထွက်ဖို့ ပြောတာပေါ့။

ရဟန်းတော်လေး သတိတရားဝင်လာပြီး 
အလွန်ပဲ ထိတ်လန့်တုန်လှုပ်သွားတယ်..
ရသတဏှာရဲ့ဆိုးကျိုးကို လက်တွေ့ မြင်လိုက်ရတယ်...။

"အဟော ဝတ မေ ဘာရိယံ အနုပဓာရေတွာ ကတကမ္မံ"
"ေဩာ် ... ငါဟာ မဆင်ခြင် မသုံးသပ်ဘဲ မေ့မေ့လျော့လျော့နဲ့ ဝန်လေးသောမှုကို ပြုမိခဲ့ပြီ"လို့ ထိန်လန့်တုန်လှုပ်ခြင်း ကြီးစွာ ဖြစ်ပါတယ်..

ဒါကို သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေတဲ့ ဘုရားရှင်ကသိတော့ ပြုံးတော်မူပါတယ်..

အရှင်အာနန္ဒာက 
"ဘာကြောင့် ပြုံးတော်မူရပါသလဲ ဘုရား"လို့ မေးလျှောက်တော့...
"ချစ်သား အာနန္ဒာ ရာဇဂြိုဟ်မြို့က ၇-ထပ်တိုက်ပေါ်မှာ
ငါးရဲ့သားတော်လေးနဲ့ ပြည့်တန်ဆာမလေးတို့
(ကိလေသာ)စစ်ပွဲ အကျိတ်အနယ် ဆင်နွှဲနေကြတယ်"ကွဲ့လို့ မိန်တော်မူပါတယ်..။

ဒီတော့ အရှင်အာနန္ဒာက....
"မြတ်စွာဘုရား ရဟန်းလေးနဲ့ ထိုအမျိုးသ္မီး
ကိလေသာတိုက်ပွဲ ဆင်နွှဲနေကြတာ
ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမလဲဘုရား"

"ငါ၏သားတော် ရဟန်းတော်လေးသည်သာ
အနိုင်ရလိမ့်မည် ချစ်သားအာနန္ဒာ" ဟု မိန့်တော်မူကာ     

ရဟန်းတော်လေးရဲ့ အောင်ပွဲ ထင်ရှားအောင်
ဇေတဝန်ကျောင်းတော်ကနေ 
ရောင်ခြည်တော်လွှတ်ပြီး တရားဟောတော်မူပါတယ်...

"ဘိက္ခု ဥဘောပိ ကာမေ နိရပေက္ခော ပဇဟ"
"ချစ်သားရဟန်း ဝတ္ထုကာမ, ကိလေသာကာမတို့ကို
မငဲ့ကွက်ဘဲ ရဲရဲစွန့်လိုက်ပါ"လို့ မိန်တော်မူပြီး..

အောက်ပါဂါထာကို ဟောပါတယ်....

"ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် ကာမတို့ကိုပယ်၍ အိမ်ရာမထောင်ဘဲ ရဟန်းပြု၏။
ကုန်ပြီးသော ဘဝရှိသော ထိုပုဂ္ဂိုလ်ကို ဗြဟ္မဏဟု ငါဘုရားဟော၏။"

ဒေသနာ အဆုံးမှာ ရဟန်းတော်လေး ရဟန္တာဖြစ်တော်မူပြီး တန်ခိုးတော်နဲ့..
ခေါင်မိုးကနေ ဖောက်ထွက်ကာ မြတ်စွာဘုရားထံကို ကြွသွားပါတော့တယ်။

၇-ထပ်တိုက်ပေါ်က ကိလေသာစစ်ပွဲ
ဘုရားသားတော် အရှင်မြတ်က အောင်ပွဲဆင်ခဲ့လေပြီတကား....။

မူရင်းရေးသားသူကို credit ပေးပါသည်
ပြန်လည်ကူးယူမျှဝေပါသည်
👉👉👉🙏🙏🙏🙏🙏🙏🙏🙏🙏🙏👈👈👈

No comments:

Post a Comment