စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, May 23, 2020

တဏှာ တရား

"" တ  ဏှာ ~ တ  ရား""
    ****************
     ""တဏှာသမုဒယာ ဒုက္ခသမုဒယော""
တဏှာ ဟူသောအကြောင်းတရားကြောင့်
ဒုက္ခ ဟူသော အကျိုးတရားဖြစ်ပေါ်ခံစား
ရပါတယ်။ တွေ့ကြုံခံစားရတဲ့ အာရုံ"တစ်ခု
အပေါ်မှာ စွဲလန်းတပ်မက်ပြီး နောက်ထပ်
ခံစားလိုစိတ်ဖြစ်ပါတယ်။တွယ်တာတပ်
မက်တဲ့ သဘောတရားပါ။

    ""တႆတိ ပရိတႆတီတိတဏွာ""
နှစ်သက်စရာ အာရုံလေးတွေ့ပြီးရင် ထို
အာရုံပေါ်မှာ တတမ်းတတဖြစ်နေတာကို
"တဏှာ"လို့ခေါ်ပါတယ်။တဏှာတရားဟာ
မကောင်းတဲ့တရားပါလို့ ဗုဒ္ဓမြတ်စွာက
"သစ္စာ ၄ ပါးတရားဟောတဲ့အခါ  ယာယံ
တဏှာ ပေါနောဗ္ဘဝိကာ နန္ဒီရာဂသဟဂ
တာ တတြတတြာ ဘိနန္ဒီနီ""ဆိုပြီးဟော
ထားပါတယ်။

    ထပ်ခါတလဲလဲ"ပေါနောဗ္ဘဝိကာ" ဘဝ
တွေကို ဖြစ်ပေါ်စေတာဟာ ဒီ"တဏှာ"
တရားကြောင့်ပါပဲတဲ့။သတ္တဝါတွေရဲ့ဘယ်
ဘဝ ပဲ ဖြစ်ဖြစ် "တဏှာပါတဲ့ကံတွေ"ပြု
ခဲ့ကြလို့ တစ်ဘဝပြီး တစ်ဘဝ ရရှိခံစားကြ
ရတာဖြစ်ပါတယ်။
    
     ကံတရားသက်သက်က ဘဝတစ်ခုကို
မထုတ်လုပ်နိုင်ပါဘူး။တဏှာဦးဆောင်တဲ့
ကံတွေကသာ ကျနော်တို့တစ်တွေရဲ့ ဘဝ
မျိုးစုံကိုဖြစ်ပေါ်စေနိုင်တာပါလို့ "တဏှာ
က စိတ်တွေကိုဘယ်လိုခြယ်လည်ပြီး
အရောင်ပြောင်းပေးနေကြသလည်းဆိုတါ
ဆက်လက်တရားနာကြည့်ကြပါဦးစို့။

*ပါချုပ်ဆရာတော်ဘုရားကြီးအား
  ဦးခိုက်ပူဇော်လျှက်**

   ""စိတ်ရောင်စုံခြယ်  တဏှာပယ်ကြစို့""

No comments:

Post a Comment