စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, May 27, 2020

ဓာတ်တူခြင်းသာတွေ့လိမ့်မယ်

<><><><><><><><><><>

လောကကြီးမှာ 
သဘောတူရာချင်းသာ 
ပေါင်းဖက် တွေ့ဆုံတတ်ကြပါတယ် …

ကိုယ့်မှာ ❝ မာနကင်း ❞ နေရင်
❝ ဂါဝရရှိသူ ❞ နဲ့သာ ဆုံတွေ့ရတတ်ပါတယ် …

အရက်သမားက 
အရက်သမားချင်း ပေါင်းတယ်
ဖဲသမားကလည်း ဖဲသမားချင်းပေါင်းတယ် …

တရားသမားကလည်း
တရားသမားချင်းသာ ပေါင်းလိမ့်မယ် …

ပေါင်းတယ် ဆိုတာ
အရှိသဘောတွေကို လာပေါင်းကြတာ …

ကိုယ့်မှာ မာနရှိနေရင်
မာနသမားက လာပေါင်းမယ် …

တဏှာ ရှိနေရင်
တဏှာသမားက လာပေါင်းမယ် …

သံလိုက်က သံကိုပဲဆွဲတယ် …

မီးဆိုတာ အမှိုက်ရှိရာပဲ လာတတ်တယ်
မီးက ရေနောက်မလိုက်ဘူး …

သဘောချင်းတူရာနဲ့ အလိုလိုက်ရာကို
စိတ်က လိုက်ပါနေတယ် …

စိတ်ကို မကောင်းတဲ့ဘက် မသွားစေချင်ရင် 
ကိုယ့်မှာရှိတဲ့ မကောင်းတဲ့ဓာတ်တွေ 
အရင် ဖျက်ပစ်ရမယ် …

ကိုယ့်ဆီမှာ 
မကောင်းတာတွေ ရှိနေရင် 
သူများတွေဆီက မကောင်းတာတွေလာမယ် …

ကိုယ့်ဆီက မကောင်းတာတွေကလည်း 
သူများရဲ့မကောင်းတွေနဲ့ပဲ သွားပေါင်းလိမ့်မယ် …

#မဟာဗောဓိမြိုင်_ဆရာတော်_ဘုရားကြီး

Credit , Original Uploader

No comments:

Post a Comment