✴ဝိပဿ နာသမားတွေအတွက် အထူး။
☸☸☸☸☸☸☸☸☸☸☸
⏩တရားကို ပေါ့ပေါ့ဆဆ လုပ်တဲ့သူဟာ ပျားအုံကိုတုတ်နဲ့ ထိုးနေသလို ကိလေသာကို ဆွနေတာနဲ့ အတူတူပါဘဲ ။
( သဘောပါရဲ့လား ? )
☸မြစိမ်းတောင်ဆရာတော်ဘုရားကြီး။
🔚မဂ်မဂ်ဖိုလ်လိုချင်လျှင်
✓✓✓✓✓✓✓✓✓✓✓✓
ဤဘဝတွင် မဂ်,ဖိုလ်ကို လိုချင်တောင့်တနေသော သူမြတ်တို့သည် နောက်နောင်ဘဝနှင့်စပ်၍ ဘာတစ်ခုကိုမျှ တောင့်တလိုချင်ခြင်း စသော နိကန္တိတဏှာတို့ကို ဖြတ်ကြမှသာလျှင်
ဤဘဝတွင် မဂ်ဖိုလ်ကို ရနိုင်၏။
နောက်ဘဝအတွက် တဏှာစွဲကပ်မူသည်
၎င်းတဏှာက မဂ်ဖိုလ်ကိုတားမြစ်နိုင်သည်ကိုလည်း အထူးသတိရှိကြစေ။
☸မိုးညှင်းဆရာတော်ဘုရားကြီး။
⏩ဘုန်းကြီးတို့ , ဦးပဉ္ဇင်းတို့ရဲ့ တရားအရသာဆိုတာ အလွန်တရာ မွန်မြတ်လှပါတယ်။
ပစ္စုပ္ပန်သံသရာ ချမ်းသာ နှစ်မျိုးလုံးထက် သာလွန်တယ်။ ကိုယ်တော်တို့ တပည့်တော်တို့မှာ ဒိဋ္ဌိမကွာသေးခင် အမြီးကလေးတွေ. .အမောက်ကလေးတွေ. ချိုကလေးတွေနဲ့ စသောအပါယ်ဘဝတို့မှ မလွတ်ကြရသေးဘူး။
ထိုအပယ်ဘဝတို့ကိုသာ ရှေ့ရှုနေကြရတယ်။
💡သို့အတွက် ငါ . .ငါ့ကိုယ့်ပာု ထင်နေသော ဒိဋ္ဌိကွာအောင် မနေမနား သံတုံးကြီးကို အပ်ဖြစ်အောင်သွေးကာ ယောကျာ်းတံခွန်ကဲ့သို့ ကြိုးစားအားထုတ် ကြရမည်။
(အေဒီ ၁၈၆၈-၁၉၃၃)
☸ညောင်လွန်ဆရာတော်ဘုရားကြီး။
🔚ဘုန်းကြီးတို့ ဝိပသာနာတရား စတင်ပြီးရူစက ဝေဒနာတွေ အကြီးအကျယ်ပေါ်ပါတယ်။ တစ်ချို့ဝေဒနာတွေပာ
ပြင်းထန်လွန်းလို့ ဘုန်းကြီး မျက်ရည်တောက်တောက် ကျပါတယ်။
အသံထွက်တဲ့အထိ အော်ပာစ်ညည်းညူ ရတာလည်း ရှိပါသည်။
ဒါပေမယ့် ဘုန်းကြီး လယ်သမား ဘဝက ကင်းကိုက်လို့ အော်ငိုရတယ့် ဝေဒနာ . . .
လည်ပင်ကိုနွားဝှေ့လို့ (၂၁) ရက်လုံးလုံး အစာစားမရ၊ အိပ်လည်း မရ ကြိတ်မှိတ်ခံစားရတယ့် ဝေဒနာတွေနဲ့ စာရင်တရားအားထုတ်လို့ ခံစားရတဲ့ဝေဒနာပာာ အသေးအမွှားပဲလို့ နှလုံးသွင်းပြီး သည်းခံရူမှတ်ခဲ့ပါတယ်။
💡ပြီးတော့ ဆင်းရဲတဲ့ဝေဒနာပေါ်လာတာဟာ ဘုရားပောာခဲ့တဲ့ ဒုက္ခသစ္စာတရားကို တစ်နည်းဖော်ပြပေးရာ ရောက်လို့ စိတ်မဆိုးတဲ့အပြင် ဝမ်းတောင်သာမိပါတယ်။
☸တော်ကူးဆရာတော်ဘုရားကြီး။
🔚ကျားလိုက်လို့ ပြေးနေရတဲ့သူပာာ ဘေးကခွေးပောာင်သံကြားလို့ လှည့်မယ်ဆိုရင် ကျားရဲ့ဝါးမျိုခြင်းကို ခံရမယ်။
အိုခြင်း • • •
နာခြင်း • • •
သေခြင်း • • • အပါယ်လေးပါးကျရောက်ခြင်းစတဲ့
ဘေးတွေနဲ့ ပြည့်နှက်နေတဲ့ သံသရာကြီးကို ကြောက်လို့
လွတ်မြောက်ချင်လို့ ကမ္မဌာန်းရှုမှတ် နေတဲ့ယောဂီပာာ ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေ, ကိလေသာတွေကို သည်းခံပြီး မရှုမှတ်နိုင်ရင် သံသရာဘေးက မလွတ်မြောက်နိုင်ပါဘူး။
💡ဆင်းရဲကြီးက လွတ်မြောက်ချင်ရင် ဆင်းရဲလေးတွေ
ကြိုးစားပြီး သည်းခံရပါမယ်။
☸သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီး။
⏩ဣရိယာပုတ်ကြောင့်ဖြစ်တဲ့ ဒုက္ခဝေဒနာကို လေးလေးနဲ့မှန်မှန် စိတ်ကလေးကိုအသာလျော့ပြီး သည်းခံပြီးရှုမှတ်ပါ။
ဘယ်လိုမှ မတတ်နိုင်တဲ့အခါ ပြင်ချင်တဲ့စိတ်ကလေးကို စမှတ်ပြီး အမှတ်ကလေးနဲ့ပြင်ပါ။
ဒါပေမဲ့ခဏခဏမပြင်နဲ့ . . .
အကျင့်ပါသွားလိမ့်မယ်။
နှစ်ကြိမ်ထက် ကျော်လာရင်တော့
ထပြီး စင်္ကြန်လျှောက် ရှုမှတ်ပါ။
💡ဝေဒနာဆိုတာဟာ နိဗ္ဗာန်တံခါးကို
ဖွင့်တဲ့ သော့ပါပဲ။
☸ချမ်းမြေ့ဆရာတော်ဘုရားကြီး။
🔚ရုပ်နဲ့နာမ်ကို မတွေ့ချင်ပေါင်ဆိုပြီး ရှောင်လို့ တိမ်းလို့များ ရပါမလား ???
ထွက်လေ ဝင်လေနှစ်ရပ်ပာာ မွေးကတည်းက ရှိနေတာ . .။
ဘုရားဆုံးမတဲ့အတိုင်း
ရုပ်ပေါ်နာမ်ပေါ် ထားရတာ ပင်ပန်းသလား ???
ပိုက်ဆံကော ကုန်သလား . . ?
ဌားရ, ချေးရ သေးသလား . . ?
အချိန်ကော ကုန်သလား . . ?
တစ်ပါးသူကော သိသလား . . ?
ထားတာကဝီရိယ ထားတဲ့အတိုင်းနေတာက ဝိရိယိဒ္ဓိပါဒ်။
အခုထား,အခုနေ, အခုပစ္စုပ္ပန်ချမ်းသာ။
ဒီချမ်းသာ ဆိုက်လာတာကို ဝီရိယရှင်က သိတယ် . . .။
💡သူများမေးစရာမလိုဘူး။ တစ်နေ့ထက်တစ်နေ့
မတိုးတက်ပဲ နေပါမလား ???
ဘယ်လူ,ဘယ်နတ်,ဘယ်ဗြပ္မာကမှ
တားဆီး ပိတ်ပင်လို့မရဘူး။
☸ဝေဘူဆရာတော်ဘုရားကြီး။
🔚လောကမှာ အသုံးအဆောင်တွေ၊ အဆောက်အအုံတွေ မဆန်းကြယ်ကြဘူးလား . .???
ဒါထက် တိရစ္ဆာန်တွေက ပိုပြီးဆန်းကြယ်တယ်။ သဏ္ဍန်အမျိုးးမျိုး. . အရောင်အဆင်းအမျိုးမျိုး စွမ်းရည်အမျိုးမျိုး။
အဲဒီ ဆန်းကြယ်တာတွေအားလုံး စိတ်ကဖန်ဆင်းတာပဲ။
စိတ်ကြောင့်ဖြစ်ရတာ . . .။
ဒါကြောင့် စိတ်က လောကမှာ အဆန်းကြယ်ဆုံးပဲ။
တစ်လောကလုံးမှာ စိတ်ခြယ်လှယ်နေတာ ခံနေကြရတယ်။ သူပဲအုပ်စိုးနေတာမို့ သူ့အလိုကျအကုန်လိုက်နေကြရတာ။
ဒါကြောင့် ဒီစိတ်တစ်လုံးကိုနိုင်ရင် ကိုယ်ဖြစ်ချင်တာ အကုန်ဖြစ်တယ်။
ဒီလောက်တောင် တန်ခိုးကြီးတယ်။
💡ပိုင်ပါစေနော်။
☸လယ်တီဆရာတော်ဘုရားကြီး။
⏩မြတ်စွာဘုရားက - ငါမရှိ သူမရှိ၊ ယောက်ျားမိန်းမ မရှိ၊ ပုဂ္ဂိုလ်, သတ္တဝါ မရှိ ဆို၏။
အားလုံးက ငါ, သူ ယောက်ျား, မိန်းမ သတ်မှတ်လျှက် ပေါင်းဖော်နေကြကုန်၏။
ဘုရားက အရာအားလုံး မမြဲ,ဆင်းရဲဆို၏။အားလုံးက အစွဲအမြဲ ထားကြကုန်၏။
အနှစ်ပြည့် အချစ်ပြည့် ထိသမျှကောင်း၊ မိဘမျှလည်းအပိုင်ပာူ ၍ လက်ခံထားကြကုန်၏။ဘုရားတပည့်နှင့် ဘုရားမျှ မတည့်လျှင်...,
💡ဘုရားသား ဘုရားသမီး အမည်ခံဖို့ပင် မကောင်း။
☸မပာာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
🔚အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုးက လွတ်ချင်ရင် ဝေဒနာကို အမြဲ ဖြစ်ပျက်ရှု။ အကျိုးဖြစ်တဲ့ တဏှာကို သတ်မနေနှင့်, အကြောင်း ဝေဒနာကိုသာသတ်။ ဝေဒနာကိုအမြဲ ဖြစ်ပျက်ရှု။ နေ့တိုင်းရှု၊ အမြဲရှု။
☸မိုးကုတ်ဆရာတော်ဘုရားကြီး။
⏩လောကီအာရုံကာမဂုဏ်ဆိုတာက • • •
"မရခင် အထင်ကြီးရပြီးတော့ နှလုံးနာ • • •
မုန်းစရာတွေက အဖြစ်သဲ၊ အော်ငိုကာနှလုံးကွဲ • • •
နောက်ဆုံးမှာတော့ ရှင်ခွဲ၊သေခွဲ" • • •
ဆိုတာလို ဟာတွေပါ၊ အထင်မကြီးကြပါနဲ့။
💡တစ်ခုမှထင်သလို ဖြစ်မလာနိုင်တဲ့ အရာတွေပါ။
☸အရှင်ဇနကာဘိဝံသဆရာတော်ဘုရားကြီး။
🔚- သေခါနီးလေ အရေးကြီးလေ ပဲ။
- အရေးကြီးဆုံး အလုပ်က
ခန္ဓာကို လုပ်ကျွေးဖို့ မဟုတ်။
💡ခန္ဓာကို အသုံးချပြီး ဝိပဿ နာကို ရှုဖို့ပါပဲ။
☸သဲအင်းဂူဆရာတော်ဘုရားကြီး။
⏩💡ပါရမီကိုတော့ တွက်မနေနဲ့ တဲ့။
မင်း .. နဂိုက ပါရမီ မရှိသေးရင်လည်း အခု
အားထုတ်တာ ပါရမီဖြစ်လိမ့်မယ်။
နဂိုက ပါရမီပါလာရင်လည်း အခု ပေါက်လိမ့်မယ်။
ပါရမီ ရှိ,မရှိ မသိလို့ တရားအားမထုတ်ဘူးဆိုရင်
မင်း ဘယ်တော့မှ တရားရမှာ မဟုတ်ဘူး။ ။ ။☸မဟာစည်ဆရာတော်ဘုရားကြီး။
No comments:
Post a Comment