" မြတ်စွာဘုရား ကြွတော်မူလျှင်
ခြေရာ ထင်ပါသလား "
¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•¥•
" ဂစ္ဆတော ပန သမ္မာသမ္ဗုဒ္ဓဿ အက္ကန္တပဒံ န ပညာယတိ " ဟူသောအဋ္ဌကထာစကားအရ မြတ်စွာဘုရားကြွတော်မူလျှင် ခြေရာမထင်ပါ ။
အဘယ့်ကြောင့်နည်းဟူမူ -
----------- ၁ -----------
ဝါဂွမ်းဆိုင်ကို မြေ၌ပစ်ချလိုက်လျှင်
အရာ မထင်သကဲ့သို့ -
မြတ်စွာဘုးရားရှင်၏ အသားအရေသည် ဝါဂွမ်းဆိုင်ကဲ့သို့
အလွန်နုညံ့သိမ်မွေ့သောကြောင့် လည်းကောင်း -
----------- ၂ -----------
အလွန်ခွန်အားကြီးပြီး လေအဟုန်ကဲ့သို့ လျင်မြန်သော သိန္ဓောမြင်းသည် ကြာရွက်ပေါ် နင်းလျှင် နင်းကာမျှသာဖြစ်၍ ခြေရာ မထင်သကဲ့သို့ -
မြတ်စွာဘုရားရှင်သည် အလွန် ခွန်အားကြီးသောကြောင့် လည်းကောင်း -
----------- ၃ -----------
အကယ်၍ ခြေရာထင်လျှင် လူအများသည် မြတ်စွာဘုရားခြေရာအပေါ် မနင်းဝံ့ဘဲ ရှောင်ကွင်းသွားလာကြမည်ဖြစ်ရာ " လူအများ လွတ်လွတ်လပ်လပ် သွားလာနိုင်ကြပါစေ " ဟူသော ရည်ရွယ်ချက်ဖြင့်
လူအများကို ချီးမြောက်လိုသောကြောင့်လည်းကောင်း -
မြတ်စွာဘုရား ကြွတော်မူလျှင်
ခြေရာ မထင်ခြင်းဖြစ်သည် ။
ဆိုလိုသည်မှာ -
မြတ်စွာဘုရား ကြွတော်မူစဉ်
ခြေရာထင်ပြီး ရှေ့တစ်လှမ်းလှမ်းလျှင် နောက်ခြေရာ ကွယ်ပျောက်၏ ။
ခြေရာတော်ကို တစ်စုံတစ်ယောက်
သောသူအား မြင်စေလိုလျှင် " ဤသူသည် ငါ၏ခြေရာတော်ကို မြင်စေသတည်း " ဟု အဓိဋ္ဌာန်တော်မူ၏ ။
ဤသို့အဓိဋ္ဌာန်မှသာ ခြေရာတော်ကို မြင်တွေ့ရနိုင်၏ ။
ဂစ်ဆတော ပန သမ်မာသမ်ဗုဒ်ဓဿ အက်ကန်တပဒံ န ပညာယတိ ။
ကသ်မာ? သုခုမတ်တာ ၊ မဟာဗလဝတာ
မဟာဇနာနုဂ္ဂဟေနစ ။
(ဒုကနိပါတ-အ႒ကထာ ၊ ၂၉၈-၂၉၉)
တောနေ ရဟန်း
No comments:
Post a Comment