💝ရှင်သိဝလိ(၁၀)ဂါထာ💝
〰〰〰〰〰〰〰
၁ ။⤵
သီ၀လိ စ မဟာနာမံ ၊
သဗ်ဗလာဘံ ဘဝိဿတိ ။
ထေရဿ အာနုဘာဝေန ၊
သဗ္ဗေ ဟောန္တု ပိယံ မမ ။
၂ ။⤵
သီ၀လိ စ မဟာဝီရော ၊
ယေ ယေ ပဿန္တု မံ ပိယံ ၊
တေ တေ ပဿန္တု ပရမံ ၊
ဇနပဒါ ပူဇယန္တု ။
၃ ။ ⤵
သီ၀လိ စ နာမ ထေရေန ၊
မမ သီသေ ဌပေတွာန ၊
ဇမ္ဗုဒီပ မဏ္ဍလေန ၊
ဇယော မန္တာ သုခါ၀ဟာ ။
၄ ။ ⤵
သီ၀လိ စ မဟာနာမံ ၊
ဣန်ဒာဒဝေါ သဗွဟ်မကာ ၊
မနုဿ ပုရိသော ဣတ္ထိ ၊
မဟာလာဘံ ဘဝိဿတိ ။
၅ ။ ⤵
သီ၀လိ စ မဟာလာဘံ ၊
နာနာ ဒတေိ ၀ရံ ၀ရံ ၊
ဣဒမ်ဗိ ပူဇိတံ ဒတေိ ၊
မဟာသုခံ ဘဝိဿတိ ။
၆ ။ ⤵
၀ဏ်ဏံ ဒန်တံ သုခံ ကိတ်တိ ၊
အနာ မယံ ဘေ၀ ဘေ၀ ၊
တ၀ရုက္ခေ ဒေ၀ ဓိတာ ၊
သဗ္ဗကောဓါ ဝိနဿန္တု ။
၇ ။ ⤵
သီ၀လိ စ မဟာလာဘံ ၊
သဗ်ဗလာဘံ ဘဝိဿတိ ၊
ထေရဿ အာနုဘာဝေန ၊
သဒါ ဟောတု ပိယံ မမ ။
၈ ။ ⤵
သီ၀လိ စ မဟာထေရော ၊
ယေ ယေ ပဿန္တု မံ ပိယံ ၊
တေ တေ ပဿန္တု မံ ပိယံ ၊
ဇနပဒါ ပူဇယန္တု ။
၉ ။ ⤵
သီ၀လိ စ မဟာထေရော ၊
မမ သီသေ ဌပေတွာန ၊
မန္တိတေဇ ဇယော မန္တံ ၊
အဟံ ၀န္ဒာမိ သဗ္ဗဒါ ။
၁၀ ။ ⤵
သီ၀လိ စ မဟာထေရော ၊
ဒေ၀မနုဿ ပူဇိတော ၊
သောရဟော ပစ္စယာ ဒီနံ ၊
မဟာလာဘံ ကရောတု မေ ။ ။
ရှင်သီဝလိ၁၀ဂါထာ(မြန်မာပြန်)
〰〰〰〰〰〰〰
၁။ ။🔜သီဝလိစ မဟာနာမံ၊ သဗ်ဗလာဘံဘဝိဿတိ။
ထေရဿ အာနုဘာဝေန၊ သဗ္ဗဟောန္တု ပိယံမမ။
🔜 ရှင်သီဝလိ ဟု အမည်ကျော်လတ် မထေရ်မြတ်သည် မြတ်စွာဘုရား ဧတဒဂ်ထားသည့် ကြီးမားထင်ပေါ်အမည် ရှိတော်မူ၏။
ဗြဟ္မာနတ်လူ သုံးဘုံသူတို့ ကြည်ဖြူဆက်ကပ် အလုံးစုံသော လာဘ်ဟူသမျှသည်
ဧကန်စင်စစ်ဖြစ်ပေလိမ့်သတည်း။
ရှင်သီဝလိဟု အမည်ကျော်လတ်
မထေရ်မြတ်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ခပ်သိမ်းသောသူတို့သည် အကျွန်ုပ်အား မေတ္တာသက်ဝင် ချစ်ခင်ကြီးသည်
ဖြစ်ကြပါစေကုန်သတည်း။ ။ ။
၂။ ။🔜 သီဝလိစ မဟာဝိရော၊ ယေယေပဿန္တုမံ ပိယံ။
တတေပေ ဿန်တု ပရမံ၊ ဇနပဒံ ပူဇယန်တု။
🔜 ရှင်သီဝလိ ဟု အမည်ကျော်လတ် မထေရ်မြတ်သည်၊ ကိလေသာရန် ပယ်လှန်ခုတ်သတ် ကြီးမြတ်သော လုံ့လရှိတော်မူလေ၏။။
ရှင်သီဝလိဟု အမည်cကျာ်လတ် မထေရ်မြတ်၏ အာနုဘာဝေန တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့် လူနတ်ဗြဟ္မာ သတ္တဝါတို့သည် လောကတစ်ခွင်တွင် အမြင်အကြားအားဖြင့် အထင်အရှားရှိကြကုန်၏။
ထို လူနတ်ဗြဟ္မာ သတ္တဝါတို့သည် အကျွန်ုပ်ကို မေတ္တာသက်ဝင် ချစ်ခင်အပ်သူဟူ၍ ကြည့်ရှု့ကြပါစေကုန်သတည်း။
တရားဆည်းကပ်မြတ်သောသူဟူ၍ ကြည့်ရှု့ကြပါစေကုန်သတည်း။ ဇနပုဒ်တိုင်းသား လူအများတို့သည် ပူဇော်ချီးမြောက် လွန်ဝမ်းမြောက်၍ ထောက်ပံ့ကြပါစေကုန်သတည်း။ ။ ။
၃။ 🔜 သီဝလိနာမ ထေရန၊ မမသီသကေ ဌပေတွာန။
ဇမ္ဗူဒီပ မဏ္ဍလေန၊ ဇယောမန္တံ သုခါဝဟာ။ ။ ။
🔜 ရှင်သီဝလိဟု အမည်ကျော်လတ် မထေရ်မြတ်သည် အကျွန်ုပ်၏ ဦးခေါင်းရတနာ မြတ်အင်္ဂါ၌ ကိန်းဝပ်စံပယ် တင့်တယ်စွာ တည်နေတော်မူ၍ ဇမ္ဗူဒိတ်ကျွန်းတစ်ခွင်၌ အောင်ကြောင်း မင်္ဂလာအဖြာဖြာသည်လည်းကောင်း ချမ်းသာတိုးပွား အကျိုးများအောင် ဆောင်ရွက်နိုင်သည် ဖြစ်ပါစေသတည်း။ ။ ။
၄။ ။ 🔜 သီဝလိစ မဟာနာမံ၊ ဣန်ဒာဒဝေါ သဗွဟ်မကာ ။
မနုဿ ပုရိသော ဣတ္ထိ၊ မဟာလာဘံ ဘဝိဿတိ။ ။ ။
🔜 ရှင်သီဝလိဟု အမည်ကျော်လတ် မထေရ်မြတ်သည် လာဘ်လာဘအရာ၌ ဧတဒဂ် ဘွဲ့ထူးဖြင့် ချီးကျူးမြှောက်စား၍ ကြီးမားသော
အမည်လည်းရှိတော်မူပါ၏။
မထေရ်မြတ်၏ တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့် ဗြဟ္မာတို့သည်လည်းကောင်း နတ်တို့သည်လည်းကောင်း လူယောက်ျား လူမိန်းမတို့သည်လည်းကောင်း မြင့်မြတ်ကြီးမား လာဘ်ပေါများသည် ဧကန်စင်စစ် ဖြစ်ပေလိမ့်သတည်း။ ။ ။
၅။ ။ 🔜 သီဝလိစ မဟာလာဘံ၊ နာနာဒတေိ ဝရံဝရံ။
ဣဒမ်ပိ ပူဇိတံ ဒတေိ၊ မဟာသုခံ ဘဝိဿတိ။ ။ ။
🔜 ရှင်သီဝလိဟု နာမည်ကျော်လတ် မထေရ်မြတ်သည် မြင့်မြတ်ကြီးမား လာဘ်ပေါများတော်မူ၏။ ထူးချွန်မွန်မြတ်သော ဆုအပေါင်းကို
ပေးသနားတော်မူနိုင်၏။ ပူဇော်အပ်သည်ကိုလည်း ပေးသနားတော်မူနိုင်၏။ မထေရ်မြတ်၏ တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့် အကျွန်ုပ်အား ကြီးကျယ်လွန်စွာ မြတ်ချမ်းသာသည်၊ ဧကန်စင်စစ်ဖြစ်ပေလိမ့်သတည်း။ ။ ။
၆။ ။🔜 ဝဏ်ဏ ဒန်တံ နရာ ကိတ်တိ၊ အနာမယံဘဝေ ဘဝေ။
ဘဝရုက္ခေ ဒေဝဓိတာ ၊ သဗ္ဗေကောဓာ ဝိနာသန္တု။
🔜 ရှင်သီဝလိဟု နာမည်ကျော်လတ် မထေရ်မြတ်၏ တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့် ဘဝဆက်တိုင်း ရူပကာအဆင်း လှပခြင်းသည်လည်းကောင်း ယဉ်ကျေးသိမ်မွေ့ခြင်းသည်လည်းကောင်း
လူတွင်အထူး ကျေးဇူး ကျော်စောခြင်းသည် လည်းကောင်း ရောဂါဘယကင်းခြင်းသည် လည်းကောင်း၊ ဧကန်စင်စစ်ဖြစ်ပါစေသတည်း။
မဂ်ဖိုလ် နိဗ္ဗာန် ဓမ္မကွန်တည်း ဟူသော
သူရဿတီ သုန္ဒရီနှင့် သိရိမေခလာနတ်ကညာ တို့သည် ခပ်သိမ်းဥဿုံ အလုံးစုံကုန်သောသူတို့၏ စိတ်ယုတ်စိတ်ဆိုး အမျက်ဒေါသမျိုးကို ကင်းစင်လွတ်မြောက်အောင် ဖျောက်ဖျက်ကြပါစေကုန်သတည်း။
၇။ ။🔜သီဝလိစ မဟာလာဘံ၊ သဗ်ဗလာဘံ ဘဝိဿတိ။
ထေရဿ အာနုဘာဝေန၊ သဒါဟောန္တု ပိယံမမ။
ရှင်သီဝလိ ဟု နာမည်ကျော်လတ် မထေရ်မြတ်သည် မြင့်မြတ်ကြီးမား လာဘ်ပေါများတော်မူ၏။
ဗြဟ္မာ နတ် လူ သုံးဘုံ သူတို့ ကြည်ဖြူဆက်ကပ် လာဘ်ဟူသမျှသည် ဧကန်စင်စစ်ဖြစ်ပေလိမ့်သတည်း။ မထေရ်မြတ်၏ တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့်
ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော သူတို့သည် အခါခပ်သိမ်း မေတ္တာသက်ဝင် လွန်ချစ်ခင်သည် ဧကန်စင်စစ်ဖြစ်စေကုန်သတည်း။
၈။ ။ 🔜 သီဝလိစ မဟာထေရော၊ ယေယေပဿန္တုမံ ပိယံ။
တေတေ ပဿန္တု၊မံပိယံ၊ ဇနပဒါ ပူဇယန္တု။ ။ ။
🔜 ရှင်သီဝလိ ဟုအမည်ကျော်လတ် မထေရ်မြတ်၏ တန်ခိုးရှိန်စော် အာနုဘော်တော်ကြောင့်
နတ်လူ ဗြဟ္မာ သတ္တဝါတို့သည် လောကတစ်ခွင်တွင် အမြှော်အမြင်အားဖြင့် အထင်အရှား ရှိကြကုန်၏။
ထို နတ် လူ ဗြဟ္မာ သတ္တဝါတို့သည် အကျွန်ုပ်ကို မေတ္တာသက်ဝင် ချစ်ခင်အပ်သူဟူ၍ ကြည့်ရှု့ကြပါစေကုန်သတည်း။ ဇနပုဒ်တိုင်းသား လူအများတို့သည် ပူဇော်ချီးမြောက် လွန်ဝမ်းမြောက်၍ ထောက်ပံ့ကြပါစေကုန်သတည်း။
၉။ ။ 🔜သီဝလိစ မဟာထေရော၊ မမ သီသေဌပေတွာန။
မန်တိတဿဇယော မန်တံ၊ အဟံဝန်ဒာမိသဗ်ဗဒါ။
🔜ရှင်သိဝလိ ဟု အမည်ကျော်လတ်မထေရ်မြတ်သည် အကျွန်ုပ်၏ ဦးခေါင်းရတနာ မြတ်အင်္ဂါ၌ က်ိန်းဝပ်စံပယ် တင့်တယ်စွာ နေတော်မူ၍ ရှင်သီဝလိ ဂါထာတော်မြတ် မန္တာန်တော်ကို ရွတ်ဖတ်သရစျ္ဇာယ်သော အကျွန်ုပ်အား အောင်ကြောင်း မင်္ဂလာ အဖြာဖြာသည် ဧကန်စင်စစ်ဖြစ်ပါစေသတည်း။ အခါခပ်သိမ်း သဒ္ဓာဖွံ့ဖြိုး လက်အုပ်မိုးလျှက် ရှိခိုးပါ၏ အရှင်ဘုရား။ ။ ။
၁၀။ ။ 🔜သီဝလိစ မဟာထေရော၊ ဒေဝမနုဿပူဇိတော။
သောရဟော ပစ္စယာဓိနံ၊ မဟာလာဘံကရောတုမေ။
🔜 ရှင်သီဝလိ ဟု အမည်ကျော်လတ် မထေရ်မြတ်သည် သဒ္ဓာရွှင်လန်း လှူဒါန်းဆက်ကပ် အရပ်ရပ်သော ပစ္စည်းစသည်တို့ကို ခံယူသုံးဆောင်ခြင်းငှာ ထိုက်တော်မူ၏။ မထေရ်မြတ်ကြီးသည် အကျွန်ုပ်အား
စည်းစိမ်ဥစ္စာ ရတနာရွှေငွေ အထွေထွေမွန်မြတ်သည့် လာဘ်လာဘ ရခြင်းကို မုချမသွေ ဖြစ်ပါစေသတည်း။ ။ ။
🌺🌺🌺🌺
🔜n " အရှင်သီဝလိ
ရဟန္တာအရှင် မထေရ်မြတ်ကြီး " ဘုရား သုပ္ပဋိပ္ပန္နော အစချီသော ကိုးပါးသေသံဃာ့ဂုဏ်တော်မြတ်အပေါင်းတိုနှင့်ပြည့်စုံတော်မူပြီးလျှင် လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ အလွန်ချစ်ခင်ကြည်ညိုခြင်းအား ခံယူရရှိတော်မူလျက် "လာဘ်လာဘ ပေါများရာတွင် အမြတ်ဆုံးသောဧတဒဂ်ဘွဲ့ထူး" ကိုခံယူရှိတော်မူသော
🔜 အရှင်မြတ်ကြီးအား ရိုသေမြတ်နိုး လက်အုပ်မိုးလျက် ရှိခိုးကန်တော့ပါ၏
အရှင်သူမြတ်ကြီးဘုရား။
သာယာချမ်းမြေ့ကြပါစေ
သစ္စာနီ
No comments:
Post a Comment