🔺❝ လောဘမသတ်နိုင်ပေမယ့် စည်းမပျက်စေနဲ့ ❞
✰ ဘယ်သူ့သန္တာန်မဆို •••
ရဟန္တာမဖြစ်သေးသရွေ့ လောဘတော့ရှိနေမှာပဲ။
အဲဒီလောဘလည်း မကုန်သေးသရွေ့တော့ •••
အဲဒီလောဘရှိတဲ့သူတွေ လောဘကို •••
စည်းလေးကမ်းလေးနဲ့ သတ်ပေးလိုက်ပါ။
✰ လိုချင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက
စည်းနဲ့ကမ်းနဲ့ လိုချင်တယ်ဆိုရင် သိပ်ကောင်းမယ်
စည်းမဲ့ကမ်းမဲ့ လိုချင်ရင် အဲဒါ တိုင်းပြည်ပျက်မယ်။
✰ စည်းလေးကမ်းလေးနဲ့ လိုချင်တယ်ဆိုရင်
အဲဒါ တိုင်းပြည်နဲ့ လူမျိုး ကောင်းစားဖို့ဖြစ်ပါတယ်။
စည်းမဲ့ကမ်းမဲ့ လိုချင်ပြီဆိုရင်တော့ ဒုဗ္ဘီက္ခန္တရကပ်
သတ္တန္တရကပ် ဆီကိုသူတို့အား မကြာခင်ပို့လိမ့်မယ်။
✰ စည်းမဲ့ ကမ်းမဲ့ •••
လောဘကိုရှောင်ရင် ကပ်သုံးပါးမှ လွတ်တယ်။
ပြီးတော့ စည်းမဲ့ကမ်းမဲ့ဒေါသကို လွတ်အောင်ရှောင်
စည်းမဲ့ကမ်းမဲ့ဖြစ်နေတဲ့ မောဟကို လွတ်အောင်ရှောင်
အဲဒီလို့ရှောင်နိုင်ရင် ကပ်သုံးပါးမှလွတ်တယ်။
✰ အဲဒီ ကပ်သုံးပါးမှလွတ်ဖို့ ဆိုပြီးတော့
ဘုရားတည် အင်းချလို့ ဓာတ်ရိုက်ဓာတ်ဆင်
လုပ်လို့ရှိရင် ဘယ်တော့မှမရဘူး။
✰ #ကိုယ့်သန္တာန်ကလောဘကို
#စည်းကမ်းနဲ့မထိန်းနိုင်ရင် အဲဒီ ပုဂ္ဂိုလ်လည်ပင်းမှာ
လက်ဖွဲ့တွေ ၁၀၈-ခုမကဘူး ၁၀၀၈-ခုလောက်
ဆွဲထားစေကာမှု ဒီလူမလွတ်ဘူး။
🔺 #လောဘကို •••
#စည်းကမ်းသတ်ပေးဖို့အဲဒါအရေးကြီးတယ်။
【သီတဂူဆရာတော် အရှင်ဉာဏိဿရ】
❝ အပ္ပမာဒေန သမ္မာဒေထ ❞
☘ရွှင်လန်း☘ချမ်းမြေ့☘ပါစေ☘
No comments:
Post a Comment