စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, May 1, 2020

ရဟန်းမိဘအပါယ်မကျဆိုသည်မှာ

"ရဟန်းမိဘ အပါယ်မကျ "ဆိုသည်မှာ…
===========================
မိဘဟူသည် ကစ္စည်းသဒ္ဓါကျမ်းမှာတော့
သားသမီးကို ချစ်မြတ်နိုးတတ်သောကြောင့်
အမေ။
သားသမီးကို စောင့်ရှောက်တတ်သောကြောင့်
အဖေဟု ဖွင့်ဆိုထားပါတယ်။

ထို့ကြောင့့်
သားသမီးကို ချစ်မြတ်နိုး
စောင့်ရှောက်တတ်သောကြောင့်
မိဘဟု ခေါ်သည်။့
မိဘဆိုတာ…
တစ်နေ့တာလုံးမှာ ၉၀% လောက်က
သားသမီးတွေဆီကို
စိတ်ရောက်နေတတ်တယ်။

ရဟန်းမိဘတွေဆိုတာလည်း မိမိသားရဟန်းဆီ
အမြဲစိတ်ရောက်နေတတ်ပါတယ်။

ဒီအချိန်ကတော့…
ငါ့သားရဟန်း ဘုရားဝတ်ပြုချိန်။

ဒီအချိန်ကတော့…
ငါ့သားရဟန်း ဆွမ်းခံကြွချိန်။

ဒီအချိန်ကတော့…
ငါ့သားရဟန်း စာကျက်ချိန်။

ဒီအချိန်ကတော့…
ဝေယျောဝစ္စလုပ်ချိန် စသည်ဖြင့် 
သားရဟန်းဆီ စိတ်ရောက်ရင်း…

သားရဟန်းပြုနေတဲ့
ကုသိုလ်တွေကို
အမြဲပီတိပွားနေတတ်ပါတယ်။
ကုသိုလ်ပီတိနဲ့ လွှမ်းခြုံထားတဲ့ စိတ်ဟာ
မကောင်းကျိုး မပေးန့ိုင်ပါဘူး။

ူနေ့တိုင်း သားရဟန်းဆီ စိတ်ရောက်ရင်
သားရဟန်းပြုနေတဲ့ ကုသိုလ်အပေါ်
အမြဲပီတိပွားနေတဲ့ ရဟန်းမိဘတွေဟာ
အပါယ်မကျနိုင်ပါဘူး။
ဒါပေမဲ့
သားရဟန်းတော့ ရှိပါရဲ့။
သားရဟန်းဆီ စိတ်ကမရောက်
ကုသိုလ်မပွား ပီတိမဖြစ်
လုပ်မိလုပ်ရာ လုပ်နေမယ်ဆိုရင်တော့
အပါယ်ကျမှာပါ။

ဒါကြောင့်…
ရဟန်းမိဘတိုင်း အပါယ်မကျတာ
မဟုတ်ပါဘူး။
သားရဟန်းဆီ စိတ်ရောက်ပြီး
အမြဲပီတိပွားနေမှ အပါယ်မကျနိုင်တာပါ။

သားရဟန်းဆီ စိတ်မရောက်ပဲ
အကုသိုလ်နဲ့ပဲ ပျော်မွေ့ရင်တော့
အပါယ်ကျမှာပါ။

နောက် ဟြေစရာလေးတစ်ခုက မိမိမှာ
သားရဟန်းမရှိတဲ့ ဒကာ ဒကာမတွေလဲ
မျက်နှာငယ်စရာ မလိုပါဘူး။

မိမိကိုးကွယ်တဲ့ ဆရာတော်
မိမိသားတစ်ယောက်လို ချစ်မြတ်နိုးတဲ့
ရဟန်းတစ်ပါးဆီ စိတ်ရောက်နေပြီး
အမြဲကုသိုလ် ပွားနေမယ်ဆို
သူတို့လဲရဟန်းမိဘတွေလို အပါယ်မကျနိုင်ပါဘူး။

လိုရင်းကတော့ကုသိုလ်တရား၌
အမြဲစိတ်ရောက်နေပြီး ပီတိပွားနေမယ်ဆိုရင်
အပါယ်မကျနိုင်ပါဘူး။

ပြောချင်တာကတော့
ရဟန်းမိဘ ဖြစ်ဖြစ်…
မိဘမဟုတ်သူ ဖြစ်ဖြစ်…
ကုသိုလ်တရား၌ အမြဲစိတ်ရောက်ပြီး
ပီတိဖြစ်နေမယ်ဆို
အပါယ်မကျနိုင်ပါကြောင်း အသိပေးအပ်ပါ
သည်။့
                           မေတ္တာ စေတနာဖြင့်
#credit..

No comments:

Post a Comment